You are currently browsing the category archive for the ‘သတင်းပဒေသာ’ category.

အောက်တိုဘာ ၁
ကိုတီး။ ထိုင်းဘာသာပြန်(ရခိုင့်တံခွန်ဂျာနယ်)
ယာယီပတ်စပို့ လုပ်ခ ၄၅၀၀ ဘတ်ထက်ပိုယူပါက ဖုန်းနံပါတ် ၁၅၀၆ သို့ တိုင်ကြားနိုင်ကြောင်း ထိုင်း အလုပ်သမား ၀န်းကြီး စလုန်ချိုင်း chlermchai က ၀န်ကြီးဌာန ဆွမ်းကျွေးပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား တွင် ပြောကြားလိုက်သည်။
ထိုင်းနိုင်ငံအတွင်း စာရွက်စာတမ်းမပြည့်စုံသော ရွေ့ပြောင်းအလုပ်သမား နှစ်သန်းကျော်တို့အား တရားဝင် ပြုလုပ်ပေးတော့မည် ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ၁၇နှစ်မြောက်ဆွမ်းကျွေးပွဲနေ့နှင့် ၀န်ထမ်း ကောင်းများ ဆုချီးမြှင့်သည့် အခမ်းအနားတွင် အလုပ်သမား ၀န်ကြီးအသစ်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။
တစ်နေ့ ကိုယာယီပတ်စပို့ ၂၀၀၊၃၀၀ခန့်သာ ပြီးစီးနေခြင်းကိုလည်း တစ်နေ့ အနည်းဆုံး၁၀၀၀ ပြီးစီးအောင် မြှင့်တင် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၀န်ကြီးက ပြောဆိုသည်။
အလုပ်သမားဝန်ကြီးဌာနမှ လုပ်ကိုင်ဆောင်ရွက်လိုက်သဖြင့် နိုင်ငံခြားသို့ ထွက်ခွာပြီး အလုပ်လုပ် ကိုင်ကြသည့် ထိုင်းလူမျိုးများအတွက် စရိတ်စက အထူးသက်သာ ချောင်ချိသွားပြီးဖြစ်သည်။ ယခင်က ဘတ်သိန်းချီပေးရသည့် နိုင်ငံခြားထွက် အလုပ်လုပ်ကိုင်သည့် ကိစ္စရပ်အတွက် ဘတ်ငွေနှစ်သောင်းမှ သုံးသောင်းအထိသာ ကုန်ကျပါတော့သည်။ တရားမ၀င် အလုပ်သမားများ ပို့ဆောင်ပေး နေသော ကုမ္ပဏီ ၅ခုတို့ အားလည်း အပြစ်ပေး အရေးယူနေဆဲဖြစ်သည်။
ထိုင်းနိုင်ငံသားများလည်း အခြားနိုင်ငံများသို့ ထွက်ခွာ အလုပ်လုပ်ကိုင်နေသကဲ့သို့ အခြားနိုင်ငံကလည်း ထိုင်းနိုင်ငံ အတွင်းသို့ လာရောက် အလုပ်လုပ်ကိုင်နေကြဆဲ ဖြစ်သဖြင့် ကိုယ်ချင်းစာကြောင်း ၀န်ကြီးက ပြောဆိုသည်။
ပြီးခဲ့ ၂၆ ရက်ထုတ် ဒေလီးနယူးသတင်းစာတွင်ရေးသားဖေါ်ပြထားသော သတင်း ဖြစ်ပါသည်။
Photobucket

ရန်ကုန် ၊ စက်တင်ဘာ ၂၇၊ ၂၀၁၀ ။
ရွေးကောက်ပွဲကော်မရှင်မှ ပါတီမှတ်ပုံမတင်သဖြင့် ပျက်ပြယ်ပြီဟု ကြေငြာထားသော်လည်း ရန်ကုန်မြို့ရှိ NLD ဒုတိယ ဥက္ကဌ ဦးတင်ဦး၏နေအိမ်တွင် ပါတီဝင် ၁၅၀ ခန့်က NLD ဖွဲ့စည်းခြင်း ၂၂ နှစ်မြောက် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ပါသည်။
ထိုအခမ်းအနားတွင် NLD ဒုတိယဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးနှင့် ဗဟိုကော်မတီဝင် ဦးဝင်းတင် တို့က ဒီမိုကရေစီရေး ကြိုးပန်းဆောင်ရွက်မှုများကို ဆက်လက်အားမြှင့်ဆောင်ရွက်သွားရန် တိုက်တွန်းခဲ့ ပါသည်။
NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ရွေးကောက်ပွဲကော်မရှင် အနေနှင့် NLD ပါတီကို ပျက်ပြယ်သွားစေရန် ပြုလုပ် နိုင်သော လုပ်ပိုင်ခွင့် မရှိကြောင်းပြောဆိုခဲ့သည်။
ထို့ကြောင့် ဦးဝင်းတင်နှင့် ပါတီခေါင်းဆောင်များသည် နိုင်ငံအနှံအပြားရှိ ပါတီရုံးများသို့ သွားရောက်ခဲ့ပြီး ပါတီဝင်များနှင့် NLD ကိုထောက်ခံသူများကို NLD ၏ဆိုင်းဘုတ်အောက်တွင် စုစည်းညီညွတ်စွာဖြင့် ဆောင်ရွက်ကြရန် ဆွေးနွေးပြောဆိုခဲ့ကြသည်ဟု လည်းဆိုပါသည်။
ဒေါ်အောင်ဆန်းစုကြည်လည်း ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်ကို ပယ်ဖျက်ပေးရန် ဗဟို တရားရုံးချုပ်သို့ လျှောက်ထားရန် ပြင်ဆင်နေသည်ဟု ဆိုပါသည်။

ထို့အတူ NLD ၏ ၂၂ နှစ်မြောက် အခမ်းအနားများကို ထိုင်းနိုင်ငံ မဲဆောက်နှင့် အခြားဒေသများတွင်လည်း ကျင်းပ ပြုလုပ်ခဲ့ကြသည်ဟု သိရပါသည်။

ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)

ဓာတ်ပုံ ASSOCIATED PRESS

ရွေးကောက်ပွဲ မျှတဖို့ အမေရိကန်-အာဆီယံ တောင်းဆို

တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ဖို့ အမေရိကန်နဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း တို့က မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်ကြပါတယ်။

သတင်းအပြည့်အစုံ | နားဆင်ရန်

ခွေးခြင်္သေ့မှတပါး အခြားမရှိ

ခွေးခြင်္သေ့မှတပါး အခြားမရှိ မှန်လုံ ကားကြီးတစီးသည် လွှတ်ရုံးတော် အမတ်မင်း လောင်းလျာများကို သယ်ဆောင်လျက် ကြပ်ပြေး နေပူတော်သို့ ချီတက်လျက် ရှိလေသည်။ ကိစ္စကား အခြားမဟုတ်။ နိုင်ငံရေးပါတီများမှ အမတ်လောင်းလျာများ

ဆက်ဖတ်ရန် …

ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခွင့်ပြုခြင်းသည် နိုင်ငံရေး လှည့်စားမှုဟု ပြောဆို

ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခွင့်ပြုခြင်းသည် နိုင်ငံရေး လှည့်စားမှုဟု ပြောဆို

ဒေါ်အောင်ဆန်း စုကြည်ကို လာမည့် ရွေးကောက်ပွဲ အတွက် မဲပေးခွင့် ပြုလိုက်ခြင်းသည် ပြည်သူလူထုကို နိုင်ငံရေးအရ လှည့်စား လိုက်ခြင်းသာ ဖြစ်သည်ဟု မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းက

သာယာဝတီ၌ ကြံ့ဖွံ့ပါတီက တစည ပါတီဝင်များကို အဓမ္မ ဘက်ပြောင်းခိုင်း

သာယာဝတီ၌ ကြံ့ဖွံ့ပါတီက တစည ပါတီဝင်များကို အဓမ္မ ဘက်ပြောင်းခိုင်း

ပဲခူးတိုင်း သာယာဝတီ မြို့နယ်ရှိ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး (တစည) ပါတီဝင်များကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) က ၎င်းတို့ ပါတီဘက်သို့ အဓမ္မ ပြောင်းခိုင်းသည့်

ရတပ ပါတီ၏ ရွေးကောက်ပွဲ ခရီးစဉ် နှောင့်ယှက်မူမျိုးစုံနှင့် ရင်ဆိုင်နေရ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်ကို စက်တင်္ဘာလ ၂၃ ရက်နေ့က စတင်နိုင်ခဲ့သော်လည်း နည်းလမ်းပေါင်းစုံနှင့် အာဏာပိုင်များကို နှောင့်ယှက်မူကို ခံနေကြရကြောင်း သတင်း ရရှိသည်။

နအဖစစ်ရဟတ်ယာဉ် ကေအိုင်အို ပစ်ခတ်သတိပေး

နအဖစစ်ရဟတ်ယာဉ် ကေအိုင်အို ပစ်ခတ်သတိပေး နအဖစစ်ရဟတ်ယာဉ် တစ်စီးသည် နယ်ခြားစောင့်တပ် လက်မခံသည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့ အနီးသို့ ယမန်နေ့ညနေ ၃ နာရီခန့်က အကြောင်းမဲ့ ပျံသန်းလာစဉ် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

‘ဝ’ ကို လက်နက် ခိုးရောင်းတဲ့ ထိုင်းလေးဦး ရဲဖမ်း

armထိုင်းတပ်ကြပ်ကြီး တဦး၊ စစ်ကန်ထရိုက် အရပ်သား နှစ်ဦးနှင့် အခြားအရပ်သား နှစ်ဦးကို

မြေအောက် လူငယ်များ မဟာမိတ်ဖွဲ့

ရွေးကောက်ပွဲကို ဝိုင်းသပိတ်မှောက်ရန် ၂ဝဝ၇ ဗကသ အဖွဲ့ချုပ် အပါအဝင် မြေအောက် …

နယ်ကျော်ရင် ပစ်မည့် မွန်ပြည်သစ်

မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ ဒေသတွင်း နအဖတပ်များ ဝင်လာလျှင် ပစ်ခတ်ရန် အမိန့်ပေး …

ရွေးကောက်ပွဲဝင်မရ ပါတီဆုံး

ပါတီထူထောင်ခွင့်နှင့် ရွေးကောက်ပွဲ ဝင်ခွင့်မရသည့် အဆုံး  ကချင်ပြည်နယ် တိုးတက်ရေး ပါတီ …

more

more

more

more


more

more

more

more

more


more

more

2010-09-25

နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရေး အိုဘားမား တောင်းဆို

2010-09-25
မြန်မာနိုင်ငံမှာ လာမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးကို ရွေးကောက်ပွဲ မတိုင်ခင် လွှတ်ပေးဖို့ အမေရိကန် သမ္မတ အိုဘားမားက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
2010-09-24

နိုင်ငံရေးပါတီများ၏ မဲဆွယ်မိန့်ခွန်း အပယ်ခံရ

စစ်အစိုးရပိုင် ရုပ်မြင်သံကြားနဲ့ ရေဒီယိုကတဆင့် နိုင်ငံရေးပါတီတွေ ဟောပြောမဲ့ မဲဆွယ် မိန့်ခွန်းတွေကို ရွေးကောက်ပွဲ ကော်မရှင်က စိစစ်နေရာမှာ ဦးသိန်းဌေး ဦးဆောင်တဲ့ UDP ပြည်ထောင်စု ဒီမိုကရေစီပါတီရော ၊ ဦးအေးလွင် ဦးဆောင်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်နဲ့ ဦးရဲထွန်း ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ ပါတီတွေရဲ့ မဲဆွယ်မိန့်ခွန်းတွေ အပယ်ချခံရတယ်လို့ သိရပါတယ်။

2010-09-24

မဲရုံစောင့် သင်တန်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မဲပေးနည်း သင်ပြ

မန္တလေးမြို့ပေါ်က ကျောင်းဆရာဆရာမတွေကို ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာမှာ ရွေးကောက်ပွဲ ပြုလုပ်တဲ့ အခါ မဲရုံတွေမှာ တာဝန်ပေးဖို့ ဆိုပြီး လတ်တလော သင်တန်းတွေ ပေးနေပါတယ်။

2010-09-24

မဲမပေးရေးကိစ္စ ရခိုင်ဒီမိုကရေစီအဖွဲ့ ရှင်းလင်း

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ခေါင်းဆောင် နှစ်ဦးဟာ စစ်အစိုးရကျင်းပမဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ဘယ်အကြောင်းကြောင့် မဲမပေးပဲ နေသင့်တယ်ဆိုတာ ရခိုင်ပြည်နယ်မှာ သွားရောက် ရှင်းလင်းပြောကြားပြီး ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိလာပါတယ်။

2010-09-24

NLD နယ်လှည့်ခရီးစဉ် နှစ်ခုပြီးဆုံး

စက်တင်ဘာ ၂၃ ရက် မနေ့က ရန်ကုန်ကို ပြန်ရောက်လာတဲ့ NLD ပါတီဗဟိုက သွားရောက်တဲ့ နယ်လှည့်ခရီးစဉ် နှစ်ခုလုံး အောင်မြင်ကြောင်း မိမိတို့ တွေ့ဆုံခဲ့ရတဲ့ NLD အောက်ခြေအဆင့်နဲ့ ပြည်သူတွေကလဲ အဖွဲ့ချုပ်က တင်ပြတဲ့ သဘောထားတွေကို လက်ခံကြောင်း အဖွဲ့ခေါင်းဆောင်နှစ်ဦးက RFA ကို ပြောပါတယ်။

2010-09-24

ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက မဲပေးခွင့်ပြုကြောင်း ပြောဆို

လာမဲ့ နိုဝင်ဘာလ ၇ ရက်မှာ ကျင်းပမဲ့ ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်၊ သူနဲ့အတူ ထိန်းသိမ်းခံထားရတဲ့ ဒေါ်ခင်ခင်ဝင်းတို့သားအမိနှစ်ဦး မဲပေးခွင့်ရမယ်လို့ အမည်မဖော်လိုတဲ့ စစ်အစိုးရ အရာရှိတဦး ပြောဆိုချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းဌာနက စက်တင်ဘာ ၂၄ ရက် ဒီကနေ့ ဖော်ပြထားပါတယ်။

2010-09-24

ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေး တောင်းဆို

ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ Amnesty International ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ၂၀၀၇ ခုနှစ်က ဖြစ်ခဲ့တဲ့ ရွှေဝါရောင်သံဃာ့ လှုပ်ရှားမှု ၃ နှစ်ပြည့်အဖြစ် တောင်းဆိုလိုက်ပါတယ်။

2010-09-24

အမေရိကန်-အာဆီယံအစည်းအဝေးမှာ မြန်မာကိုဖိအားပေးဖို့ တိုက်တွန်း

အမေရိကန်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေ ကျင်းပမဲ့ ထိပ်သီး အစည်းအဝေး အတွင်း တွေ့ဆုံတဲ့အခါ မြန်မာစစ်အစိုးရက ပြည်သူတွေအပေါ် ဖိနှိပ်နေမှုတွေ အဆုံးသတ်ပေးဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့နဲ့ ရွေးကောက်ပွဲ မတိုင်ခင် အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ စေ့စပ်ဆွေးနွေးဖို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီး (Human Rights Watch) က စက်တင်ဘာ ၂၃ ရက် မနေ့က တောင်းဆိုလိုက်ပါတယ်။

2010-09-24

အမေရိကန်သမတနှင့် အာဆီယံခေါင်းဆောင်များ မြန်မာ့အရေး ထည့်သွင်းဆွေးနွေးမည်

ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့အတွက် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေကြတဲ့ အာဆီယံ ခေါင်းဆောင်တွေဟာ အမေရိကန်သမတ အိုဘားမားနဲ့ စက်တင်ဘာ ၂၄ ဒီကနေ့ နယူးယောက်မြို့မှာ တွေ့ဆုံဆွေးနွေးကြဖို့ ရှိပါတယ်။ အဲဒီလို တွေ့ဆုံတဲ့အခါ အမေရိကန်နဲ့ အာဆီယံ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုကိစ္စ၊ အရှေ့အာရှ လုံခြုံရေးဆိုင်ရာ ကိစ္စတွေအပြင် မြန်မာနိုင်ငံအရေးကိစ္စတွေကိုပါ ဆွေးနွေးဖို့ ရှိတယ်လို့ မျှော်လင့်ရပါတယ်။

2010-09-24

နျူကလီယားလက်နက်အစီအစဉ် မရှိကြောင်း မြန်မာစစ်အစိုးရ ငြင်းဆို

မြန်မာစစ်အစိုးရဟာ နျူကလီယားလက်နက်တွေ ထုတ်လုပ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေဟာ အခြေအမြစ် မရှိတဲ့ လုပ်ကြံ စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ စစ်အစိုးရ ကိုယ်စားလှယ် ခေါင်းဆောင် ဦးတင်ဝင်းက ကုလသမဂ္ဂ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) ကို စက်တင်ဘာ ၂၃ ရက် မနေ့က ပြောလိုက်ပါတယ်။

စက်တင်ဘာ ၂၅
ကိုတီး၊ထိုင်းဘာသာပြန်(ရခိုင့်တံခွန်ဂျာနယ်)
မြ၀တီ/မဲဆောက်မှမြန်မာအလုပ်သမားများ တရားမ၀င် တင်ဆောင်လာသည့် ကားတစ်စီး လမ်းဘေးသို့ ထိုးကျတိမ်းမှောက်သဖြင့် မြန်မာအလုပ်သမားအချို့ သေပြီးအချို့ဒဏ်ရာပြင်းထန်စွာရရှိ သွားကြောင်း ထိုင်း TV ၇  လိုင်းတွင် ယနေ့နံနက်ပိုင်းက ထုတ်လွှင့်ပြသ သွားသည်။
ကိုလိုရိုးထင်းလိုင်း မိုင်တိုင်အမှတ် ၅၀၈ ကံဖေယိုင် အနီးတွင် ဆယ့်ရှစ်ဘီးကားကြီးတစ်စီအား ကျော်တက်စဉ် ဘေးချင်းယှဉ် တိုက်မိသဖြင့် ကား၂စီးစလုံး တိမ်းမှောက်ခဲ့သည်။
ကားတိမ်းမှောက်မှုကြောင့် မြန်မာအလုပ်သမား ၅ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၁၆ဦး အပြင်းအထန် ဒဏ်ရာရရှ်ိသွားခဲ့သည်။ ဒဏ်ရာ ပြင်းထန်သည့် အလုပ်သမားများအား စုန်ကျက်ဖတ်ကျောက်တာဆင် ဆေးရုံတွင် တင်ထားသည်။ တိမ်းမှောက်သွားသည့် နောက်မိုးဖွင့် ဟိုင်းလတ်၊ ကေါထော/၆၆၄၉ မှာ နကဆ၀န် လိုင်စင်ဖြစ်ကြောင်း သတင်းတွင် ထည့်သွင်းကြေညာသွားသည်။
Photobucket

စက်တင်ဘာ၂၄

ကိုတီ၊ထိုင်းဘာသာပြန်(ရခိုင့်တံခွန်ဂျာနယ်)

မြန်မာနိုင်ငံသား ရှမ်းလူမျိုးတစ်ဦးက စိတ်ကြွဆေးပြား အမြောက်အများနှင့်အတူ မယ်ဆိုင်ရဲစခန်းတွင် ကိုယ်တိုင်သွားရောက် အဖမ်းခံလိုက်ကြောင်း ယနေထုတ် ထိုင်းရပ်သတင်းစာတွင်ရေးသားထားသည်။
အသက်၂၇နှစ်အရွယ်မောင်သန့်ဆိုသူအား ချင်းရိုင်ခရိုင် မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့က ယမန်နေ့က မယ်ဆိုင်မြို့၊ ၀လုန်ဖါခန်း ရပ်ကွက်၊ နယ်မြေအမှတ်(၄)ရှိ ပါရန်းမိုင်အိမ်ဂေဟာတွင်၊ ယာဘဆေးလုံးရေ လေးသောင်း ၊ ဘတ်ငွေ ၂သန်းခြောက်သိန်းဖိုး ၀ယ်ယူရန် ချိန်းဆိုခဲ့သည်။ မောင်သန့်က ပစ္စည်းများပို့ရန် လာရောက်စဉ် ထောက်လှမ်းရေး ထိုင်းပုလိပ်များမှန်း သိသဖြင့် ထွက်ပြေးသွားခဲ့သည်။
ထွက်ပြေးတိမ်းရှောင်ပြီး ၃နာရီခန့် အကြာတွင်၊ အရောင်းအ၀ယ်မအောင်မြင်သဖြင့် ယာဘဆေးပိုင်ရှင်များက လာသတ်မည်ကို စိုးရိမ်သဖြင့် ယခုကဲ့သို့ လာရောက်အဖမ်းခံခဲ့ကြောင်း ထွက်ဆိုသွားသည်။ ချင်းလိုင် ရဲဗိုလ်မှူး နလုံးချိုင်ဝုန်းစံနိက အစည်း၂၀ အလုံးရေ ၄၀၀၀၀ ကို ပိုဆောင်ခအဖြစ် ဘတ်သုံးသောင်းရတယ်၊ ပိုင်ရှင်တွေကို ဖမ်းမိအောင် ဆက်လက်ကြိုးပမ်း ဖေါ်ထုတ်သွားမည်ဖြစ်ကြောင်း၊ သတင်းစာတွင် ရေးသား ထားသည်။

Photobucket

တချိန်တည်းတွင် ချင်းရိုင်မြို့ရှိ ပိုလိုယိုချင်းလပ်ဝရမ်းရပ်ကွက်ရှိ ဧက ၃၀ ခြံကြီးအတွင်းရှိ ရိုဘင်ဆင် အဆောက်အဦး ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း၊ တရားမ၀င် မြန်မာအလုပ်သမား၁၀၀ခန် အလုပ်လုပ်ကိုင် နေကြောင်း သတင်းအရ ရှာဖွေ ဖမ်းဆီးစီစစ်ခဲ့သည်။
ထိုင်းလ၀က၊ ထိုင်းရဲများနှင့် အလုပ်အကိုင်ရှာဖွေရေးဌာနတို့ ပူးပေါင်းစီစစ်ခဲ့ရာတွင်၊ အလုပ်သမား အားလုံးတို့မှာ နေထိုင် အလုပ် လုပ်ကိုင်ခွင့် စာရွက်စာတမ်းများ ပြည့်စုံသော်လည်း လူ၆ဦးကိုမူ ထိုအလုပ်မျိုး မဟုတ်သဖြင့် အရေးယူမည်ဖြစ်သည်။ အသက် ၂၁နှစ် အရွယ် မောင်ပုဆိုသူမှာ ဘတ်ရှိသူမဟုတ်ချေ။ ထို့ကြောင့် ဘတ်မရှိသည့် မောင်ပုကို ခိုင်းစေထားသည့် ဆောက်လုပ်ရေး ကန်ထရိုက်အား ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်းINN အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။
Photobucket

စက်တင်ဘာ၂၀
ထိုင်းဘာသာပြန် ကိုတီး(ရခိုင့်တံခွန်ဂျာနယ်)
ထိုင်းနိုင်ငံတောင်ပိုင်းကျုံဖေါ်မြို့နယ်၊လန်စွန်းမြို့အနီးရှိ အာရှလမ်းမကြီး၊မိုင်တိုင်အမှတ် ၄၁ အနီးရှိ၊ရဲကင်းမှ စစ်ဆေးရန် ရပ်နားခိုင်းစဉ်၊ ရပ်မပေးပဲ မောင်းပြေးသည့်ကားက ထိုင်းလုံခြုံရေးကင်းလှည့်အား တိုက်မိသဖြင့်၊ ရပ်နားခဲ့ရာမှ ကားပေါ်တွင်ပါသော မြန်မာတစ်ရာကိုဖမ်းမိခဲ့သည်။
ယမန်နေ့ညနေပိုင်းက၊ ကျုံဖေါ်မြို့နယ်၊ နယ်မြေအမှတ်(၄)အရောက်တွင် လုံခြုံရေးကားအားတိုက်မိခဲ့သဖြင့် ထိုင်းရဲကားမှာ ရစရာမရှိအောင် ပျက်စီးသွားကြောင်း ရေးသားထားသော်လည်း ကားမောင်းသည့်ရဲဝန်ထမ်း ထိခိုက်ဒဏ်ရာရရှိမှုနှင့် မြန်မာအလုပ်သမား တင်ဆောင်လာသည့်ကားအား မောင်းနှင်လာသည့် ကားမောင်းသမားအား ဖမ်းမိ/မမိကိုမူ ခုံချလစ် (ကြည်လင်ပြတ်သားသည့် သတင်းစာ) သတင်းတွင် ရှင်းရှင်းလင်းလင်း ရေးသားထားခြင်းမရှိပါ။
Pope Benedict XVI presides over a Mass at Westminster Cathedral in central London, on September 18, 2010

ဓာတ်ပုံ AFP
ဝက်စ်မင်စတာ ဘုရားကျောင်းတွင် ကျင်းပသော ၀တ်ပြုဆုတောင်းပွဲတွင် တွေ့ရသည့် ပုပ်ရဟန်းမင်းကြီး Bemedict XVI။ စက်တင်ဘာ ၁၈၊ ၂၀၁၀

ပုပ်ရဟန်းမင်း ၀တ်ပြုပွဲမှာ မြန်မာ့လူ့အခွင့်အရေးကိစ္စ ပြော

ပုပ်ရဟန်းမင်းကြီးရဲ့ ဗြိတိန်နိုင်ငံ ၀တ်ပြုဆုတောင်းပွဲမှာ ဗြိတိန်လူငယ်တဦးက မြန်မာ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း ပြောခဲ့ပါတယ်။

သတင်းအပြည့်အစုံ | နားဆင်ရန်

ကဏ္ဍများ

မွန် ပါတီ စည်းရုံးရေး ပညာပေးရေး မွန်ဒေသတွင် ပြုလုပ်နေ

မွန် ပါတီ စည်းရုံးရေး ပညာပေးရေး မွန်ဒေသတွင် ပြုလုပ်နေ

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (All Mon Regions Democracy Party) က မွန်ပြည်နယ် အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများ မှန်ကန်စွာ မဲထည့်တတ် စေရန်အတွက် ကျေးလက် ဒေသများအထိ

လာမည့် အစိုးရသစ်နှင့်လည်း တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေးမူဝါဒ အမေရိကန် ဆက်ကျင့်သုံးမည်

လာမည့် အစိုးရသစ်နှင့်လည်း တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေးမူဝါဒ အမေရိကန် ဆက်ကျင့်သုံးမည်

အမေရိကန် အစိုးရသည် ရွေးကောက်ပွဲ အပြီး တက်လာမည့် အစိုးရသစ်နှင့်လည်း တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး မူဝါဒကို ဆက်လက် ကျင့်သုံးမည်ဟု သိရသည်။စစ်အစိုးရနှင့် တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး

နှစ်လုံးကင်ဆာ လှိုက်စားခံရတဲ့ ဘ၀တွေ
ဝင်းမြတ်၊ ရန်ကုန်
စက်တင်ဘာ ၁၉ ၊၂၀၁၀
ထိုင်းရုပ်သံ စာတန်း အဆုံးအဖြတ် အစ နဲ့ အဆုံး
အချိန်ကနေ့လည် ၁၂ နာရီထိုးဖို့ ဆယ့်ငါးမိနစ်အလို။ မိုးကောင်းကင် လဖက်ရည်ဆိုင်ရဲ့ နောက်ဖက်က မီးစက်နှိုးသံကြားလိုက်ရပြီး ဆိုင်ထဲက ရုပ်မြင်သံကြား ပွင့်လာတယ်။ ဖိုက်မူဗီချန်နယ်က အက်ရှင်ဇာတ်လမ်းတစ်ပုဒ် တီဗီဖန်သားပြင်ပေါ် ရောက်လာတယ်။
ဆိုင်ထဲမှာ နေရာလွတ်မရှိတော့ လောက်အောင် လူတွေပြည့်လာတော့ နောက်ရောက်လာတဲ့သူတွေက အစီအရီ ထပ်ထားတဲ့ ပလတ်စတစ် ထိုင်ခုံအပုလေးတွေကို ကိုယ်စီဆွဲယူပြီး ရုပ်မြင်သံကြားနဲ့ အနီးဆုံးနေရာမှာ နေရာယူလိုက်ကြတယ်။
အပြည့်အစုံသို့ …
မျိုးချစ်စာဆို အမျိုးသားပညာဝန် ဦးဖိုးကျား
ထိန်လင်း
စက်တင်ဘာ ၁၉၊ ၂၀၁၀
“ဘိုဆံတောက်နဲ့ ကျောင်းသားတွေကြားမှာ ကိုဖိုးကျားက သျှောင်ထုံးနဲ့ ခေါင်းပေါင်းနဲ့ ဖြစ်ပါတယ်”
အပြည့်အစုံသို့ …
၃၇-ချင်းများနဲ့ ဦးဖိုးကျား
မာမာအေး
စက်တင်ဘာ ၁၉၊ ၂ဝ၁၀

“၃၇ ဆိုတဲ့ ဂဏန်းကိုချည်း ဘာဖြစ်လို့ သုံးခဲ့ကြတာပါလိမ့်”
အပြည့်အစုံသို့ …
မမခင်ဦးစံပယ်သို့ တမ်းချင်း – ၈
အောင်ဝေး
စက်တင်ဘာ ၁၉ ၊ ၂၀၁၀
အိမ်ပြန်ချင်တယ်
အဲဒီမှာ
နေ၀င်တော့မှာလား
မမခင်ဦးစံပယ်။
အပြည့်အစုံသို့ …

ကာတွန်း စောငို – ရွေးကောက်ပွဲလွန်သော်
စက်တင်ဘာ ၁၉၊ ၂၀၁၀
စာရေးဆရာမ သန်းမြင့်အောင် ဖခင်ဆုံးကြောင်း နာရေးကူညီမှုမှ အကြောင်းကြား
မိုးမခ
စက်တင်ဘာ ၁၉ ၊ ၂၀၁၀
ဆရာမသန်းမြင့်အောင် အိန္ဒိယပြည် ခရီးသွားနေစဉ် ဖခင်ဖြစ်သူ နေအိမ်တွင် ကွယ်လွန်ကြောင်း သတင်းကြားရသဖြင့် မိုးမခက ၀မ်းနည်းကြောင်း၊ ယခု နာရေးကူညီမှုအသင်းက နာရေးအစီအစဉ်များ ဆောင်ရွက်ရန် ဆရာမထံ အကြောင်းကြားရန် ကြိုးစားနေပါတယ်။ သတင်းပို့ပေးပါ။

စစ်တွေ ဆင်ခြေဖုံး ရပ်ကွက် အစိုးရကျောင်းများတွင် စာမသင်နိုင်သော ကလေးအရေအတွက် အထူးတိုးပွားလာ

ရခိုင်ပြည်နယ် စစ်တွေ ဆင်ခြေဖုံး ရပ်ကွက်များရှိ အစိုးရ ကျောင်းများတွင် မိဘများ ဆင်းရဲ ကျပ်တည်း မူကြောင့် ကျောင်းနုတ်ထွက်သွားရသော ကလေးငယ်များ အရေအတွက် တိုးပွားလာနေသလို အနီးအနားရှိ ဘုန်းတော်ကြီး ပညာသင်ကျောင်းများတွင် ကျောင်းအပ်နှံသော ကလေးငယ် အရေအတွက်မှာ အထူး တိုးပွားလာကြောင်း သတင်းရရှိသည်။

စောင့်ကြည့်မူ ပိုများလာ၍ အင်တာနက် သုံးစွဲသူ သားသမီးများကို မိဖများ ပိတ်ပင်လာ

မြန်မာနိုင်ငံမှ ရန်ကုန် အပါအ၀င် မြို့ကြီး တချို့တွင် ရွေးကောက်ပွဲ နီးလာသဖြင့် အင်တာနက်ဆိုင်များ၌ အင်တာနက်သုံးစွဲသူများကို စောင့်ကြည်မူများ ပိုမိုများပြားလာသဖြင့် မိဖများက သားသမီးများကို အင်တာနက်ဆိုင်များသို့ သွားရောက်မူကို တားမြစ် ပိတ်ပင်မူများ ရှိလာသည်ဟု သတင်း ရရှိသည်။

ကြံ့ဖွံ့ မဲမပေးရေး လူငယ်များစာဖြန့်

’ကြံ့ဖွံ့ကို မဲထည့်ရင် ပြည်သူတွေ ငတ်အုံးမှာပဲ’ စာသားပါသည့် စာရွက်များကို စာတိုက်မှတဆင့် …

စစ်အာဏာသိမ်း ၂၂ နှစ်မြောက်နေ့ နိုင်ငံတကာမှာ ဆန္ဒပြ

2010-09-18
စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် ဂျပန်နိုင်ငံရောက် မြန်မာ နိုင်ငံသားတွေနဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက စစ်တပ် အာဏာသိမ်းခြင်း ၂၂ နှစ် မြောက်နေ့မှာ တိုကျိုမြို့ကို လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
2010-09-18

စစ်အာဏာသိမ်း ၂၂ နှစ်မြောက် အထူးအစီအစဉ်

ကွယ်လွန်သွားပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းက မြန်မာနိုင်ငံကို မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်နဲ့ အုပ်ချုပ်ခဲ့ပြီး ၂၆ နှစ်တာ ကြာလာပြီးနောက်ပိုင်း တိုင်းပြည်ရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အဖက်ဖက်က ကျဆင်းနေချိန်မှာ တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်တဲ့ ၈၈၈၈ လူထုအုံကြွမှုကြီး ပေါ်ပေါက်လာခဲ့ပါတယ်။

2010-09-18

ဝန်ကြီးဦးဥာဏ်ဝင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ် အရွေးခံမည်

လာမယ့် ရွေးကောက်ပွဲမှာ ဇီးကုန်းမြို့ နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အမတ်လောင်းအဖြစ် ယှဉ်ပြိုင် အရွေးခံမယ့် နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းဟာ မူလက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အရွေးခံဖို့ စီစဉ်ထားရာကနေ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ် အရွေးခံဖို့ ပြောင်းလဲ စာရင်းတင်သွင်းလိုက်တယ်လို့ သိရပါတယ်။

2010-09-18

ရွေးကောက်ပွဲ ရ/ သုံးငွေစာရင်း အရေးကြီးကြောင်း ရှေ့နေဦးသိန်းညွှန့်ပြော

လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အနေနဲ့  ရွေးကောက်ပွဲ ရငွေ၊ သုံးငွေစာရင်း စနစ်တကျ ပြုစုထားဖို့ ရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

2010-09-18

တပ်နဲ့ပြည်သူ လက်တွဲကြိုးပမ်းဖို့ လှုံ့ဆော်စာဖြန့်ဝေ

စစ်အစိုးရ အုပ်ချုပ်မှုအောက်မှာ မြန်မာ ပြည်သူတွေဟာ ဆင်းရဲချို့တဲ့နေကြပြီး တိုးတက်ပြောင်းလဲမှု မရှိတာကြောင့် တပ်နဲ့ပြည်သူ လက်တွဲပြီး မြန်မာနိုင်ငံ ကို ဦးမော့လာအောင် ကြိုးပမ်းကြဖို့ တပ်မတော်သား တွေကို လှုံ့ဆော်တဲ့ စာတစောင်ကို ရန်ကုန်မြို့ နေရာ တချို့မှာ အမျိုးသမီးလူငယ်တွေ ဖြန့်ဝေခဲ့ကြတယ်လို့ သိရပါတယ်။

2010-09-18

စာတိုက် သုံးစွဲတဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှု

ရန်ကုန်တိုင်းအတွင်းမှာ “ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူများ” လို့ ခေါ်တဲ့ ကျောင်းသားလူငယ် အဖွဲတဖွဲ့ က လွန်ခဲ့တဲ့ တပတ်ကျော်လောက်က စပြီး ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါတယ်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒေသကိုယ်စားလှယ်စာရင်း

ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများ

ဦးဥာဏ်ရွှေ (တစည)

ဦးလှမြင့်ဦး(USDP)

ဦးသိန်းလွင်(အမျိုးသားနိုင်ငံရေးမဟာမိတ်အဖွဲ့ချုပ်)

လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများ

ဦးဌေးဝင်း (USDP)

ဦးတင်အေး(တသီပုဂ္ဂလ)

ဦးမြင့်ဦး(တစည)

တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများ

ဦးမောင်ဦး(USDP)

ဦးဝမ်းမောင်(တသီးပုဂ္ဂလ)

ဦးသန်း(တစည)

ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများ

သူရရွှေမန်း(USDP)

ဦးချစ်စိန်(တစည)

ပုဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများ

သီဟသူရဦးတင်အောင်မြင့်ဦး (USDP)

ဦးလှရွှေ (တစည)

ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများ

ဦးကြည်မြင့်(တစည)

ဦကျော်စွာခိုင်(USDP)

ဇမ္ဘူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများ

ဦးသိန်းစိန် (USDP)

ဦကျော်အေး(တစည)

ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများ

ဦးမြဟန်(တစည)

ဦးမြင့်လှိုင်(USDP)

အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၉ကိုယ်စားလှယ်လောင်းများ

ဦးစိုးတင့်အောင် (တစည)

ဦးမှတ်ကြီး(ပြည်ခိုင်ဖြိုး)

ဦးရန်အောင်မင်း(ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်)

အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၁၀ ကိုယ်စားလှယ်လောင်းများ

ဦးခင်မောင်ဌေး( USDP)

ဦးမြင့်ဦး(တစည)

ဦးအောင်ဇော်ဦး(ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲချုပ်)

ရုပ်မြင်သံကြားနဲ့ ရေဒီယိုမှလွှင့်မည့် ပါတီများ၏အချိန်ဇယား
၂၄.၉.၂၀၁၀

မြို(ခ)ခမီ

တစညပါတီ

၂၅.၉.၂၀၁၀

လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ

ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ

၂၆.၉.၂၀၁၀

ပအိုးဝ်အမျိုးသားအဖွဲ့ချုပ်

ဒီမိုကရက်တစ်ပါတီ(မြန်မာ)

၂၇.၉.၂၀၁၀

ကယန်းအမျိုးသားပါတီ

မြန်မာနိုင်ငံရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ

၂၈.၉.၂၀၁၀

ကရင်ပြည်သူ့ပါတီ

ဝအမျိုးသားစည်းလုံးညီညွတ်ရေးပါတီ

၂၉.၉.၂၀၁၀

တအောင်း(ပလောင်)အမျိုးသားပါတီ

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ

၃၀.၉.၂၀၁၀

ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ

၁.၁၀.၂၀၁၀

ညီညွတ်သောဒီမိုကရက်တစ်ပါတီ

၈၈မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ

၂.၁၀.၂၀၁၀

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်

အမျိုးသားနိုင်ငံရေးများမဟာမိတ်အဖွဲ့ချုပ်

၃.၁၀.၂၀၁၀

ချင်းအမျိုးသားပါတီ

ဝံသာနု NLD (ပြည်ထောင်စုမြန်မာနိုင်ငံ)

၎.၁၀.၂၀၁၀

ခေတ်သစ်ပြည်သူ့ပါတီ

ပြည်ထောင်စုဒီမိုကရေစီပါတီ

၅.၁၀.၂၀၁၀

မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ

ချင်းတိုးတက်ရေးပါတီ

၆.၁၀.၂၀၁၀

အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ

၇.၁၀.၂၀၁၀

ဒီမိုကရက်တစ်ပါတီ

ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ

၈.၁၀.၂၀၁၀

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွဲ့ဖြိုးရေးပါတီ

၉.၁၀.၂၀၁၀

တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ

ကမန်အမျိုးသားတိုးတက်ရေးပါတီ

၁၀.၁၀.၂၀၁၀

ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

၁၁.၁၀.၂၀၁၀

စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်(ဒကစ)

ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ

၁၂.၁၀.၂၀၁၀

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးပါတီ

မြို(ခ)ခမီအမျိုးသားညီညွတ်ရေးအဖွဲ့

၁၃.၁၀.၂၀၁၀

တစညပါတီ

လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ

၁၄.၁၀.၂၀၁၀

ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ

ပအိုးဝ်အမျိုးသားအဖွဲ့ချုပ်

၁၅.၁၀.၂၀၁၀

ဒီမိုကရက်တစ်ပါတီ(မြန်မာ)

ကယန်းအမျိုးသားပါတီ

၁၆.၁၀.၂၀၁၀

မြန်မာနိုင်ငံရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ

ကရင်ပြည်သူ့ပါတီ

၁၇.၁၀.၂၀၁၀

ဝအမျိုးသားစည်းလုံးညီညွတ်ရေးပါတီ

တအောင်း(ပလောင်)အမျိုးသားပါတီ

၁၈.၁၀.၂၀၁၀

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ

ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ

၁၉.၁၀.၂၀၁၀

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ

ညီညွတ်သောဒီမိုကရက်တစ်ပါတီ

၂၀.၁၀.၂၀၁၀

၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်

၂၁.၁၀.၂၀၁၀

အမျိုးသားနိုင်ငံရေးများမဟာမိတ်အဖွဲ့ချုပ်

ချင်းအမျိုးသားပါတီ

၂၂.၁၀.၂၀၁၀

ဝံသာနု NLD (ပြည်ထောင်စုမြန်မာနိုင်ငံ)

ခေတ်သစ်ပြည်သူ့ပါတီ

၂၃.၁၀.၂၀၁၀

ပြည်ထောင်စုဒီမိုကရေစီပါတီ

မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ

၂၄.၁၀.၂၀၁၀

ချင်းတိုးတက်ရေးပါတီ

အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ

၂၅.၁၀.၂၀၁၀

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ

ဝ ဒီမိုကရက်တစ်ပါတီ

၂၆.၁၀.၂၀၁၀

ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ

၂၇.၁၀.၂၀၁၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွဲ့ဖြိုးရေးပါတီ

တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ

၂၈.၁၀.၂၀၁၀

ကမန်အမျိုးသားတိုးတက်ရေးပါတီ

ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ

၂၉.၁၀.၂၀၁၀

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

စည်းလုံးညီညွတ်ရေးနှုင်ဒီမိုကရေစီပါတီ ကချင်ပြည်နယ်(ဒကစ)

၃၀.၁၀.၂၀၁၀

ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးပါတီ

ပြည်တွင်း သတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

ဘန်ကီမွန်း စိုးရိမ်နေရုံနဲ့ မြန်မာ့အရေးမပြေလည်နိုင် ဟု NLD တုံ့ပြန်

ကုလသမဂ္ဂအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ရင် စိုးရိမ်တယ်ဆိုတဲ့ အပြောမျိုး လုပ်နေရုံနဲ့တော့ မထိရောက်နိုင်ဘူးလို့ ဦးဝင်းတင်က တုံ့ပြန်ပါတယ်။

သတင်းအပြည့်အစုံ | နားဆင်ရန်

ရာနှုန်းပြည့်အောင်နိုင်ရေး ကြပ်လာလို့ပြေး

ရာနှုန်းပြည့်အောင်နိုင်ရေး ကြပ်လာလို့ပြေး နေပြည်တော် သေနာ သီရိ မြို့နယ် အတွင်းရှိ လယ်ကွင်း ပြင်ပေါ်တွင် ထီးတည်းရပ်ကာ ပုဆိုးကွင်းသိုင်း ထားသည့် လူတဦး “ကြံ့ဖွံကို မဲပေးပါ၊ ကြံ့ဖွံ့ကို မဲပေးပါ” ဟု အသံကုန် ဟစ်အော်နေသည်။

ဆက်ဖတ်ရန် …

NLD နှင့် ပါတီများ ဖျက်သိမ်းခံရမှု ဘန်ကီမွန်း စိုးရိမ်

NLD နှင့် ပါတီများ ဖျက်သိမ်းခံရမှု ဘန်ကီမွန်း စိုးရိမ်

စစ်အစိုးရက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီ ၁၀ ပါတီကို ဖျက်သိမ်းကြောင်း ကြေညာခြင်းနှင့် ပတ်သက်၍ ၂၀၁၀ ရွေးကောက်ပွဲကို စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ

ဗိုလ်ချုပ်ဟောင်းများ ကြံ့ဖွံ့ကိုယ်စားလှယ်အဖြစ် နေပြည်တော်မှာ ရွေးကောက်ပွဲ ဝင်မည်

ဗိုလ်ချုပ်ဟောင်းများ ကြံ့ဖွံ့ကိုယ်စားလှယ်အဖြစ် နေပြည်တော်မှာ ရွေးကောက်ပွဲ ဝင်မည်

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် အပါအ၀င် မကြာသေးမီက စစ်ဘက်ရာထူးများမှ အနားယူခဲ့သည့် ဗိုလ်ချုပ်ကြီး သူရ ဦးရွှေမန်းနှင့် ဗိုလ်ချုပ်ကြီး သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ကို နေပြည်တော် မဲဆန္ဒနယ်မှ

တိုင်းရင်းသား ဒေသများတွင် ပဲခူးလူသတ်မှုကဲ့သို့ ဖြစ်ရပ်များ အမြဲလိုပင် ဖြစ်

ပဲခူးမြို့တွင် စစ်တပ်က လူငယ် ၂ ဦးကို ပစ်သတ်လိုက်မှုကြောင့် ဝေဖန်မှု များစွာထွက်ပေါ်လာသော်လည်း ထိုကဲ့သို့ အနိုင် ကျင့် သတ်ဖြတ်မှုများသည် အစွန်အဖျား တိုင်းရင်းသား နယ်မြေများ၌ အမြဲလိုပင် ဖြစ်ပျက်နေသော

နိုဝင်ဘာ ၁၃ တွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည်

နေအိမ် အကျယ်ချုပ် ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက နိုဝင်ဘာ ၁၃ ရက်နေ့တွင် လုံးဝလွှတ်ပေး ရ မည်ဟု အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ အခြေစိုက် Freedom Now ဥပဒေရေးရာအဖွဲ့က ယမန်နေ့တွင်

ကချင် တသီးပုဂ္ဂလ ကိုယ်စားလှယ်များ ရွေးကောက်ပွဲဝင်ခွင့်မရ

ကချင်တိုင်းရင်းသားများ ကိုယ်စားပြုဖွဲ့စည်းထားသည့် ကချင်ပြည်နယ် တိုးတက်ရေး ပါတီ(KSPP)၀င်များက တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း များအဖြစ် လျှောက်ထားခြင်းကို ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချလိုက်ကြောင်း

ပဲခူးလူသတ်မှု စစ်တပ် သတင်းအမှောင်ချထားလား

ပဲခူးမြို့မှ အရပ်သားလူငယ် ၂ ဦးကို ပစ်သတ်ခဲ့မှုနှင့် စပ်လျဉ်း၍ စစ်တပ်က သတင်းအမှောင်ချထားကြောင်း လမ်းပြကြယ်အဖွဲ့မှ ရှေ့နေကြီး ဦးအေးမြင့်က ပြောသည်။

ရေဒီယိုနှင့် ရုပ်သံမှ ဟောပြောတင်ပြခွင့် ကန့်သတ်ချက် များလွန်း

ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးရန် နိုင်ငံရေးပါတီ အသီသီး၏ မူဝါဒနှင့် လုပ်ငန်းစဉ်များကို ရေဒီယိုနှင့် ရုပ်မြင်သံကြား မှတဆင့် ဟောပြော တင်ပြခွင့်ပြုသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏

ရှမ်း အပစ်ရပ် တပ်ဖွဲ့ တပ်လှန့်ထား

အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်သော ရှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSA-N) ခေါင်းဆောင် ဗိုလ်ချုပ် ပန်ဖက ၎င်း ထိန်းချုပ်ထားသော ရှမ်းပြည်နယ် တောင်ပိုင်း တပ်မဟာ ၁ ဒေသရှိ

မကွေးသတင်းထောက်အဖမ်းခံရမှု အလဲဗင်းအယ်ဒီတာကန့်ကွက်

မကွေးရေကြီးသတင်း ဓာတ်ပုံရိုက်သော Weekly Eleven သတင်းထောက် ကိုအောင်သူငြိမ်းကို … မြန်မာ့အရေး ဒေလီဆွေးနွေးပွဲ ချက်သံအမတ် ဖွင့်လှစ်မည်

၂ဝ၁ဝ ရွေးကောက်ပွဲ အဖြစ်မှန်နှင့် မြန်မာ ဒုက္ခသည် အရေး အိန္ဒိယပြည်သူများ ပိုမိုသိရှိရန် …

သက်သေ မရှိဘဲ နောက်ထပ် အနှစ် ၂ဝ

အမှုသည် ၇ ဦးကို မျက်မြင်သက်သေ အထောက်အထား မရှိဘဲ ထောင်အနှစ် ၂ဝ စီ ချ …

ကချင် ၁၄ ဦး ရွေးကောက်ပွဲ မဝင်နိုင်

ပါတီထောင်ခွင့်မရ၍ တသီးပုဂ္ဂလအနေဖြင့် ရွေးကောက်ပွဲဝင်ပြိုင်ရန် ကြိုးစားခဲ့သော်လည်း …

ဗိုလ်ချုပ်မှူးကြီး ရေးတဲ့စာ
ရန်လိုကျွဲ
စက်တင်ဘာ ၁၆၊ ၂၀၁၀
“  – – – အဲဒီနေ့က ငါ သီချင်း ရေးနေတုန်း ငါ့ဖင် ပူခနဲဖြစ်ပြီး
ငါလည်း ဗြောင်းဆန်အောင် ထခုန်တော့တာပဲ၊ နာတာကိုး ကွ- – -“
အပြည့်အစုံသို့ …
ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့
ပြည်တွင်းဂျာနယ် အယ်ဒီတာတဦး
စက်တင်ဘာ ၁၆၊ ၂၀၁၀
ဗွီအိုအေ အင်တာနက် စာမျက်နှာ http://www.voanews.com/burmese မှ ကူးယူ ဖော်ပြပါသည်။
အပြည့်အစုံသို့ …
မိုးရေလျှံမှုကို ဓာတ်ပုံရိုက်သော သတင်းထောက်
မကွေးတွင် ထိန်းသိမ်းခံနေရ
မိုးမခအထောက်တော် အမှတ် ဝဝ၂
စက်တင်ဘာ ၁၆၊ ၂၀၁၀
အပြည့်အစုံသို့ …
NCGUB ဝန်ကြီးချုပ် ဦးစိန်ဝင်း ရဲ့ နိုင်ငံရေးသုံးသပ်ချက်
အင်တာဗျူး
စက်တင်ဘာ ၁၆၊ ၂၀၁၀
ယခင်လက လန်ဒန်မြို့ မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲတွင် တွေ့ရသည့် ဒေါက်တာစိန်ဝင်း (ဓာတ်ပုံ – Demotix Images)
အပြည့်အစုံသို့ ..

more

more

more

more

more


more

more

more

more

NLD ကို ဖျက်သိမ်းသည့်သတင်း ကုလ အတွင်းရေးမှူးချုပ် စိုးရိမ်

2010-09-16
မြန်မာ စစ်အစိုးရက အင်အယ်လ်ဒီ ပါတီကို နိုင်ငံရေးပါတီအဖြစ်က ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက စိုးရိမ်ပူပင်မိတယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
2010-09-16

မြန်မာပြည်သူများကို စာနာမှု အကူအညီ ပိုပေးရေး ဗြိတိန် စဉ်းစား

ဗြိတိန်နိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန ဝန်ကြီးက မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီ တွေ လက်ရှိ ပေးနေတာထက် ပိုပေးဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

2010-09-15

တနေ့တာ အပစ်အခတ်ရပ်စဲရေး KNU တောင်းဆို

စက်တင်ဘာ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ စစ်အစိုးရတပ်တွေနဲ့ KNU ကရင်အမျိုးသား အစည်းအရုံး တပ်ဖွဲ့တွေကြား တနေ့တာ အပစ်အခတ်ရပ်စဲဖို့ KNU အဖွဲ့က စက်တင်ဘာ ၁၅ ရက် ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

2010-09-15

ဖောက်ခွဲမှုဖြင့် ၇ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ထပ်တိုး

အင်းစိန်ထောင်မှာ ထောင်ဒဏ် ၃၈ နှစ်ကျခံနေရတဲ့ ပြည်မြို့က မြန်မာနိုင်ငံ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး အေဘီအက်စ်ဒီအက်ဖ် အဖွဲ့ဝင် ကိုအေးမင်းနိုင်နဲ့ ၇ ဦးအဖွဲ့ကို ဒီကနေ့ စက်တင်ဘာ ၁၅ ရက်မှာ ထောင်ဒဏ် ၁၀ နှစ်စီ ထပ်တိုး ချမှတ် လိုက်တယ်လို့ သိရပါတယ်။

2010-09-15

NLD ပါတီ ပျက်သွားမှာမဟုတ်ကြောင်း ၈၈ မျိုးဆက်ပြောကြား

စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်က NLD ပါတီကို ဖျက်သိမ်းလိုက်ပြီလို့ စက်တင်ဘာ ၁၄ ရက် မနေ့က ကြေညာခဲ့ပေမဲ့ NLD ပါတီဟာ ပြည်သူလူထုနဲ့ တသားတည်း ဆက်လက် ရှင်သန်နေမယ်ဆိုတာ ယုံကြည်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ဒီကနေ့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

2010-09-15

ဥပဒေအရ NLD ဆက်လက်တည်ရှိနေကြောင်း ပါတီခေါင်းဆောင်များပြောဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို တရားဝင်ရပ်တည်ခွင့် မရှိတော့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စက်တင်ဘာ ၁၄ ရက် မနေ့က ထုတ်ပြန်ကြေညာချက်ဟာ ဥပဒေနဲ့ မညီဘူးလို့ NLD ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဒီကနေ့ RFA ကို ပြောပါတယ်။

2010-09-15

ထိုင်းဂြိုဟ်တုဖုန်း ကိုင်သူတချို့ ဘီးလင်းမြို့မှာ ဖမ်းဆီးခံရ

ပြည်ပမီဒီယာတွေကို သတင်းပို့ဖို့ တရားမဝင် ဂြိုဟ်တုဖုန်း အိပ်ချိန်း လုပ်နေတယ်ဆိုပြီး မွန်ပြည်နယ် ဘီးလင်းမြို့က ဂြိုဟ်တုဖုန်း ကိုင်ဆောင်ထားသူ လေးဦးကို ပြီးခဲ့တဲ့ အပတ်က အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေထံက သိရှိရပါတယ်။ ဒီလူတွေကို မြန်မာဆက်သွယ်ရေး လုပ်ငန်းဥပဒေကို ချိုးဖောက်မှုနဲ့ အာဏာပိုင်တွေက တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

July 2014
M T W T F S S
« Aug    
 123456
78910111213
14151617181920
21222324252627
28293031  
Photobucket

OUR LOGO

Photobucket

"တပ်မတော် အပေါ်မှာ စိတ်ကောင်း စေတနာကောင်း ကလွဲပြီး ဘယ်လိုမှ သဘော မထားပါဘူး။ အဲဒီ အစွဲဟာ ဒီတပ်မတော်ဟာ ကျမ ဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော် ဖြစ်နေတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်"

လာလည်ကြသူများ

ဘယ်နိုင်ငံက လာကြသလဲ

Enter your email address to subscribe to this blog and receive notifications of new posts by email.

Join 3 other followers

ရေးပေးခဲ့ချင်တာရှိရင်

ဒီမှာနှိပ်ပြီးရေးပေးခဲ့ပါ View shoutbox
ShoutMix chat widget
Follow

Get every new post delivered to your Inbox.