You are currently browsing the category archive for the ‘အလုပ်သမားရေးရာ’ category.

Photobucket

Photobucket

မေလ ၂၂
ထိုင်းဘာသာပြန် ကိုတီး (ရခိုင့်တံခွန်ဂျာနယ်)
ယမန်နေ့ ညနေပိုင်းက ဘန်ကောက်မြို့သို့ တရားမ၀င်မြန်မာအလုပ်သမား ၁၀ဦး တင်ဆောင်လာသည့် အချုပ်ကားအမှတ် ၄၇၄၊ကားနံပါတ်၃၁-၈၇၅၆ကို တာ့ခ်ခရိုင်နယ်ခြားစောင့် စစ်ဆေးရေးဂိတ် Ban Huai Hin တွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးရမိသည့် တရားမ၀င် မြန်မာအလုပ်သမား အမျိုးသမီး၎ဦးနှင့် အမျိုးသား၆ဦးတို့မှာ အသက် ၁၇နှင့် ၂၀နှစ် အတွင်းရှိကြသူများဖြစ်သည်။ ကားခေါင်းခန်းအား ဆက်လက်ရှာဖွေရာ ဘတ်ငွေ ၃၄၂၀၀ ကိုလည်း တွေ့ ရှိ သိမ်းဆည်းလိုက်ကြသည်။
လူကုန်ကူးသူများနှင့်အတူ ထိုင်းရဲအရာရှိများ ကိုယ်တိုင် အချုပ်ကားဖြင့် တရားမ၀င် အလုပ်သမားများ ဘန်ကောက်မြို့သို့ တင်ပို့နေကြောင်း သတင်းအရ တာဝန်ရှိသူများက တာ့ခ်ခရိုင်၊ မဲဆောက်မြို့ မယ်ပရပ်ကွက် အနီးတွင်ရှိသော အဆိုပါ စစ်ဆေးရေးဂိတ်တွင် စောင့်ဆိုင်းနေခဲ့ကြသည်။ နံနက် ၉နာရီခန့် က အချုပ်ကားတစ်စီး စစ်ဆေးရေးစခန်း အား ဖြတ်သန်းစဉ် စစ်ဆေးရန် တားဆီးခဲ့သော်လည်း စစ်ဆေးမခံပဲ မောင်းပြေး လွတ်မြောက်သွားခဲ့သည်။ ညနေ၅နာရီတွင် အလားတူ ကားတစ်စီး စစ်ဆေးမခံပဲ မောင်းပြေး လွတ်မြောက်သွားခဲ့ပြန်သည်။

  ထို့ကြောင့် တာဝန်ရှိသူများက လိုက်လံဖမ်းဆီးနိုင်ရန် ကားနှင့်ဆိုင်ကယ်တို့အား အဆင်သင့်ပြင်ဆင်ပြီး စောင့် ဆိုင်းနေခဲ့ကြသည်။ ညနေ၇နာရီတွင် အလားတူကားတစ်စီး မောင်းပြေးသွားပြန်သည်။ ညနေ၇နာရီ၂၀မိနစ်တွင် မောင်းလာသည့်ကားလည်း ထွက်ပြေးပြန်သည်။ တာဝန်ရှိသူများ လိုက်လံပြီး ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးရမိသည့် ကားမောင်းသူမှာ ရိုးရိုးသာမန်ရဲသား ဗွီလာဆ၀န်ဆိုသူ ဖြစ်သည်။ မနေ့က သူတို့ မြန်မာအလုပ်သမား ၇၁ဦး ကို ခွဲပြီးသယ်ဆောင်ခဲ့ကြောင်း ထွက်ဆိုသွားခဲ့သည်။ ဖမ်းဆီရမိသည့် ကားမောင်းသူ ထိုင်းရဲသားနှင့် လူကုန်ကူး ခံရသူများအား ထိုင်းလူကုန်ကူးမှု ဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းစာတွင် ရေးသားဖေါ်ပြထားသည်။

Photobucket
မေလ ၂၁
ထိုင်းဘာသာပြန် ကိုတီး (ရခိုင့်တံခွန်ဂျာနယ်)
ထိုင်းနိုင်ငံတောင်ပိုင်း ရေလယ်ကျွန်းတစ်ခုဖြစ်သော ကော့စမီကျွန်းလှေဆိပ်မှ ကိုကက နာဝီအမှတ်(၂) ငါးဖမ်းလှေမှ မြန်မာအလုပ်သမား၂ဦး ငါးအပုပ်နံကြောင့် ရုတ်တရက်သေဆုံးသွားပြီး တစ်ဦးကို ကော့စမီဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရကြောင်း ယနေ့ထုတ် ထိုင်းရပ်သတင်းစာတွင် ဖေါ်ပြထားသည်။
ပုံမှန်ကမ်းကပ်နေကျ နေ့ ရက်ဖြစ်သော မေလ ၁၉ ရက်နေ့ ညနေတွင် မှောင်နေသဖြင့် ၂၀ ရက်နေ့ မှ ဆိပ်ကမ်းသို့ ငါးများချရန် ဆိုက်ကပ်ခဲ့သည်။ အသက် ၁၉နှစ်အရွယ် မြန်မာအလုပ်သမား ကိုအငယ်က ငါးပါကင် အဖုံးအား ဖွင့်လိုက်စဉ် ငါးအပုပ်နံ့ ပြင်းပြင်းအား ရှုရိုက်ရသဖြင့် မူးလဲသေဆုံးသွားခဲသည်။ ကိုအငယ် ဆိုသူက ယခုကဲ့သို့ လဲကျသွားသည်ကို မြင်တွေ့ရသော အသက်၁၈ နှစ်အရွယ် မောင်မိုး ဆိုသူက သွားရောက်ဆွဲယူရာ မောင်မိုးပါ ချက်ခြင်းသေဆုံးသွားခဲ့ရသည်။ တပြိုင်တည်းတွင် အသက် ၁၈ နှစ်အရွယ် မောင်ဇော်ဆိုသူမှာ အသက်ဆုံးရှုံးမှု မရှိသော်လည်း အရေးပေါ်ဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ရသည်။
အဆိုပါ ၀ါးတန်းလှေများတွင် ရက်ပေါင်းရှည်ကြာ ဖမ်းမိသောငါးများအား ငါးဖမ်းလှေ ၀မ်းဗိုက် အအေးခန်းတွင် သိုလှောင်ထားသည်။ ဖမ်းဆီးရမိသော ငါးမျိုးစုံတို့အား ရေခဲများဖြင့် သိုလှောင်ထားသည့် အအေးခန်း စနစ်ဖြစ်သည်။ ထို့ကြောင့် ရေခဲများ ကုန်ဆုံးသွားလျှင်ဖြစ်စေ၊ ရေခဲနည်းလျှင်ဖြစ်စေ အောက်စီဂျင် ကုန်ဆုံးသွားပြီး အပုပ်နံ့ပြင်းပြင်း (ဂက်စ်)များဖြစ်၍ အအေးခန်း အဖုံးများကိုဖွင့်သည့် အလုပ်သမားများ မကြာခဏ သေဆုံးလေ့ရှိသည်။
လှေပိုင်ရှင်နှင့် လှေပေါ်ကြီးကြပ်သူတို့အား ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းစာတွင် ရေးသားဖေါ်ပြထားသည်။ အဆိုပါလှေပေါ်တွင် မြန်မာလှေအလုပ်သမားပေါင်း ၃၄ ဦးရှိသည်။
Photobucket

Photobucket

ဧပြီ ၂၀
ယမန်နေ့က ဘန်ကောက်မြို့လယ် (အနုဆ၀ါလီ) လွတ်လပ်ရေးကျောက်တိုင် အနီးရှိ ရာချဒါလမ်းမ တုစ၀ါ လမ်းသွယ်ရှိ အိမ်တွင်းစက်ချုပ်အလုပ်ရုံ ၄ရုံမှ အခန်းပိတ်လှောင် အလုပ်ခိုင်းစေ ခံနေရသည့် မြန်မာအလုပ်သမား ၃၉ဦးတို့ အား ကယ်ဆယ်ရေးအဖွဲ့၂ခုက ကယ်တင်နိုင်လိုက်သည်။ ထိုင်းအစိုးရ၏ Anti-Human Trafficking Division လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့နှင့် ဘန်ကောက်
အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT တို့ ပူးပေါင်း ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ လုပ်ငန်းရှင်အမျိုးသမီးမှာမြန်မာနိုင်ငံ ရှမ်းတရုတ်လူမျိုးဖြစ်ပြီး ခင်ပွန်းဖြစ်သူမှာ တရုတ်နိုင်ငံသားဖြစ်သည်။ နေ့စဉ် နံနက် ၈နာရီမှ နောက်နေ့ နံနက် ၃နာရီကျော် ၄နာရီအထိ ပုံမှနာရီ၂၀ခန့် အလုပ်လုပ်ကိုင်ရပြီး နားရက် မရှိ လုပ်ကိုင်နေကြရသဖြင့် အလုပ်သမားများ ကျမ္မာရေးချို့တဲ့လာကြသည်။ အပြင်သို့လုံးဝထွက်ခွင့်မရှိပဲ အလုပ်သမားများ ထွက်ပြေးသွားသည့် အလုပ်ရုံများမှ အလုပ်သမများ ပိုင်ဆိုင်သည့်ဖုန်းများကို လုပ်ငန်းရှင်အမျိုးသမီးက သိမ်းဆည်းထားသည်။
AHTD အထူးရဲတပ်ဖွဲ့ဝင်များသည် လုပ်ငန်းရှင်ဇနီးမောင်နှံတို့အား ဦးစွာပထမ ဖမ်းဆီးပြီး ပိတ်လှောင်ထား သည့် အခန်းများအား ကပ်ကြေးကြီးများဖြင့် ညှပ်ခြင်း။ အချို့အခန်းများကို လှေကားများဖြင့် ကျော်တက်ပြီး အလုပ်သမားများအား ကယ်ထုတ်ခြင်းများ ပြုလုပ်ကြရသည်။
ကော့ကရိတ်မြို့သူ မသွယ်က “ကျမအယင်လက ထွက်ပြေးတယ်။ ခန္ဓာကိုယ် ချိနေလို့ ပြေးမရောက်ဘူး၊ လဲကျတယ်။ နောက်တစ်ကြိမ် ထွက်ပြေးတော့လွတ်တယ်။ ပုလိပ်ပြန်ဖမ်းခိုင်းတယ်။ သူဌေးမကို ပုလိပ်ခဆိုပြီး ဘတ်၅၀၀၀ ထပ်တိုးဆပ်ရတယ်။ ကျမ ရောက်တာ ကုန်ခဲ့တဲ့နှစ် ၈လပိုင်းကတည်းကပါ။ ကိုယ်လုပ်တဲ့ပိုက်ဆံ တပြားမှ မကိုင်ရဘူးရှင့်။ ခုလိုလွတ်လပ် တဲ့ လေကိုရှုရှိုက်ရတာ၊ ကိုယ့်တိုင်းပြည် ကိုပြန်ရမှာမို့ ပျော်လွန်းလို့ ထမင်းလာကျွေးတာတောင် စားမရဖြစ် နေတယ်။ BAT က အဘတို့ကိုလည်း အထူးကျေးဇူးတင်ပါတယ်”ဟု ပြောသည်။
မသွယ်ဟူသည့် ကော့ကရိတ်မှ အလုပ်သမက မတ်လ ၂၈ ရက်နေ့က BAT သို့ စတင်၍ သတင်းပို့လာခဲ့သည်။ မသွယ်ပြောပြသည့် လမ်းအား BAT အဖွဲ့ က သွားရောက်ရှာဖွေခဲ့သော်လည်း လိပ်စာမတိကျသဖြင့် မတွေ့ရှိခဲ့ရပေ။ အချက်အလက်များ ထပ်မံစုဆောင်းနေစဉ်အတွင်း ညီညီတင်နှင့် ဖြိုးဝေဦးတို့ နှစ်ဦး ဧပြီ ၄ရက်နေ့ က အမှိုက်ပစ်စဉ် ထွက်ပြေးလာခဲ့ပြီး BAT သို့ ရောက်ရှိခဲ့သည်။ ဧပြီ၁၁ရက်နေ့တွင် ဖြိုးဝေဦး အကူအညီဖြင့် AHTD အဖွဲ့ မှ ရဲအရာရှိတို့နှင့်အတူ BAT အဖွဲ့ တို့  စက်ချုပ်ရုံ၎ရုံတို့ အား သွားရောက် မှတ်တမ်းတင်နိုင်ခဲ့ကြသည်။
ဧပြီလ ၁၂ ရက်နေ့ တွင် အထူးမှုခင်း စုံစမ်းဖေါ်ထုတ်ရေးတပ်ဖွဲ့ ရုံးသို့  ဖြိုးဝေဦး၏ ပွဲစားနှင့် လုပ်ငန်းရှင် ထွက်ဆို ချက်များအား ကွန်ပျူတာ ပန်းချီပုံများ ရေးဆွဲခဲ့ကြသည်။ ထို့နောက် သင်္ကြန်ရုံးပိတ်ရက်ဖြစ်သဖြင့် လုပ်ငန်းစဉ်ကို စောင့်ဆိုင်းခဲ့ရသည်။ သင်္ကြန်ပြီးနောက် ဧပြီ၁၈ ရက်နေ့ တွင် တရားရုံးတွင် ဖမ်းဝရမ်းရယူခဲ့ကြပြီး ယမန်နေ့ ၁၂ နာရီခွဲက ကယ်တင်နိုင်ခဲ့ကြခြင်း ဖြစ်သည်။
BAT တာဝန်ခံဦးကျော်သောင်းက “ပိတ်လှောင်ခံနေရာတဲ့ အလုပ်သမတွေက အပြင်ကို တစ်ခါမှ မထွက်ရဘူး ဆိုတော့ လိပ်စာကိုမပြောနိုင်ဘူး၊ ကျနော်တို့အဖွဲ့ သက်သက် ပထမ တစ်ခေါက် နေရာသွားရှာတယ်။ မတွေ့ ခဲ့ ဘူး။ ဖြိုးဝေဦး ရောက်လာမှ လိပ်စာအတိအကျ သိရတော့တယ်။ ဒီလိုလူကုန်ကူးခံရပြီး မတရားပိတ်လှောင် ခိုင်းစေခံရတဲ့လူတွေက မလွတ်ခင်တော့ လွတ်ချင်ကြတယ်။ လွတ်လာပြန်တော့ အိမ်က အခက်အခဲတွေကြောင့် မပြန်ပါရစေနဲ့ လို့ တောင်းပန်ကြတယ်။ အဆိုးဆုံးက မြ၀တီဘက်မှာရှိတဲ့ ဂိတ်တွေမှာ ဘတ် ၂၀၀၀ ထက် မနည်းတဲ့ ငွေနဲ့ ရွေးရမယ့် သူတို့ ရဲ့နောက်ဆုံးအခြေအနေကို စိုးရိမ်နေကြတာကိုဖြင့် ကျနော် စိတ်အထိခိုက် ဆုံးဖြစ်ပါတယ်” ဟု ပြောသည်။
ပိတ်လှောင်ခံထားရာမှ ကယ်ထုတ်လာသည့် အလုပ်သမ ၃၉ဦးအနက် လပိုင်း ရက်ပိုင်းသာရှိသေးသည့် အလုပ်သမများမှာ လုပ်ငန်းရှင်၏ မတရားခေါင်းပုံဖြတ်ခြင်းကို မသိရှိသေးဖြစ်ကြောင်း ကောင်းမွန်ကြောင်း ထွက်ဆိုသူ ၂၀ဦးတို့ အား ဒိမ်းဒန်ရဲစခန်းသို့ ပြောင်းရွှေ့လိုက်သည်။ အချိန်ကြာမြင့်စွာလုပ်ကိုင်နေရပြီး လုပ်ငန်းရှင်၏ ဖိနှိပ်မှုမျိုးစုံကို ခံစားဖူးသည့် အလုပ်သမား၁၄ဦးက မတရားမှုများကို ထွက်ဆိုကြသည်။ အဆိုပါ ၁၄ဦးအနက် အမျိုးသမီး၉ဦးကို နွန်ဌဘူရီ အမျိုးသမီး ကယ်ဆယ်ရေးစခန်းသို့ ပို့ဆောင်လိုက်သည်။ ပထုံဌာနီ ကယ်ဆယ်ရေးစခန်းသို့ ဇနီးမောင်နှံနှစ်ဦးနှင့် အမျိုးသမီး ၃ဦး ပေါင်း ၅ဦးတို့ ကိုပို့ ဆောင်သည်။ အလုပ်ရှင်ဘက်မှ ရပ်တည်သည့် ၀ဏ္ဏ ၅ဦးနှင့် လုပ်ငန်းရှင် တရုတ်အမျိုးသားကိုမူ AHTD အထူးရဲတပ်ဖွဲ့တွင်ဖမ်းဆီးချုပ်နှောင်ထားပြီး စစ်ဆေးလျှက်ရှိသည်။
အထူးရဲတပ်ဖွဲ့ သို့ အလုပ်သမားများအား ခေါ်ဆောင်လာခဲ့ပြီးနောက် ဝေါဗီရှင်းနှင့် အမျိုးသမီးများနှင့် ကလေး သူငယ်များ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ တို့က လာရောက်ပြီး ဘာသာပြန်ပေးခြင်း၊ အစားအစာများ၊ သွားတိုက်ဆေးနှင့် သွားပွတ်တံများ လာရောက်ကူညီပေးခဲ့ကြသည်။
အလုပ်သမားများ အေးချမ်းစွာပြန်လည်ပို့ ဆောင်နိုင်ရေးနှင့် ကယ်ဆယ်ရေးစခန်းအတွင်းမှ အလုပ်သမားများ၏ အခြေအနေများကို BAT , ဝေါဗီရှင်းနှင့် ဖန်ငအခြေစိုက် FED အဖွဲ့ တို့ က စဉ်ဆက်မပြတ် စောင့်ကြည့်နေကြဆဲဖြစ်သည်။
ဘန်ကောက်နှင့် အခြားမြို့ကြီးအချို့တို့တွင် လုပ်အားခမရသည့် အလားတူ မြန်မာအလုပ်သများစွာ ရှိသည်။ မဟာချိုင် ပင်လယ်အစားအစာထုတ်လုပ်သည့် အလုပ်ရုံများနှင့် ငါးဖမ်း လုပ်ငန်းများတွင် မြန်မာများ ရောင်းစားခံရသည့် မြန်မာအလုပ်သမား အမြောက်အများရှိကြောင်း သိရှိရသည်။
Photobucket
 

Photobucket
မတ်လ ၂၅
ဘန်ကောက်မြို့ အနောက်ဖက် ကီလိုမီတာ၁၀၀ ခန့်အကွာ ရတ်ချဘူရီးပြည်နယ် ဘန့်ခါမြို့နယ် ရှိV&K နာနတ်သီး စည်သွတ်စက်ရုံတွင် ယနေ့နံနက်ပိုင်းက ဘန်ကောက်မြို့မှ လ၀ကများ ၀င်ရောက်ဖမ်းဆီးသဖြင့် အလုပ်ရုံမှာ လုံးဝရပ်နားခဲ့ရကြောင်း အလုပ်သမား ခေါင်းဆောင် တစ်ဦးက ပြောသည်။
နံနက်၅နာရီခန့်က ၀င်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဆယ်ဘီးကားဖြင့်၂စီး၊ ခြောက်ဘီးကားဖြင့်၂စီး ဟိုင်းလတ်ကားဖြင့် ၂စီး စုစုပေါင်းအလုပ်သမား ၅၀၀ ထက်မနည်း ဖမ်းဆီးသွားသည်။ နေထိုင် အလုပ် လုပ်ကိုင်ခွင့် ဘတ်ရှိသည့် အလုပ်သမား ၁၀၀ ခန့် သာ ကျန်နေခဲ့သည်ဟု သူက ဆိုသည်။
စက်ရုံ အလုပ်သမားခေါင်းဆောင် ကိုခိုင်ဇော်နိုင်က “ အလုပ်သမားတွေဆီက ၁၅ ရက်တစ်ပတ်ကို ပုလိပ်ကြေး ဘတ်၂၀၀စီ ဖြတ်ပါတယ်။ တစ်လကို ဘတ်၄၀၀စီ ဖြတ်ပါတယ်။ ဒီလိုပေးနေတာ အယင်တုန်းက အေးဆေးပါ၊ ခု အာဏာပိုင်တွေနဲ့ အလုပ်ရုံနဲ့  အဆင်ပြေပုံမရဘူး။ ပြီးခဲ့တဲ့ ၁၅ ရက်နေ့ က ၂၁၆ ယောက် ပုလိပ်ဖမ်းသွားပါတယ်။ ဒီနေ့လည်း ငါးရာကျော်လောက် ရှိမယ်ထင်တယ်၊ အ လုပ်သမားတွေ ကုန်ပြီး၊ စက်ရုံပါ ပိတ်လိုက်ရပြီ ” ဟု ပြောသည်။
ပြီးခဲ့သည့် ၁၅ ရက်နေ့ က ပုလိပ်ဝင်ဖမ်းမည်ဟု သတင်းကြားသဖြင့် အလုပ်ရုံမှ ကားကြီးများဖြင့် ဘုန်းကြီး ကျောင်းတစ်ကျောင်းသို့ ပို့ဆောင်ထားစဉ် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါ အလုပ်ရုံတွင် မြန်မာ အလုပ်သမား ၁၀၀၀ ခန့်  လုပ်ကိုင်နေကြသည်။ ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၄ ရက်နေ့ က အလုပ်ရုံတွင် အလုပ်သမား အခွင့်အရေး ချိုးဖေါက်မှုများအား အလုပ်သမားများ အလုပ်မဆင်းပဲ တောင်းဆို ဆန္ဒပြခဲ့သဖြင့် အလုပ်သမားများ တောင်းဆိုချက်များအား အလုပ်ရုံမှ လိုက်လျှောခဲ့သည်။
Photobucket

ဖေဖေါ်ဝါရီလ ၂ ရက်
ကျော်သောင်း ဘန်ကောက်
ထိုင်း-မြန်မာ နယ်စပ် ချစ်ကြည်ရေးတံတားအောက်ရှိ ထိုင်းလူဝင်မှု ကြီးကြပ်ရေးစခန်းတွင် အာဏာပိုင်များ နှင့် ကားကုမ္ပဏီတို့ ပူးပေါင်း၍ ရွှေ့ပြောင်းမြန်မာအလုပ်သမားထံမှ ငွေများကောက်ခံနေကြောင်း သိရှိရသည်။
ထိုင်းနှင့် မြန်မာအစိုးရတို့က ယာယီပတ်စပို့ လုပ်ကိုင်ထားသူကို ဖမ်းဆီးခြင်း အခွန်ကောက်ခံခြင်း တားဆီးစစ်ဆေးခြင်း မရှိစေရကြောင်းနှင့် ထိုင်းအလုပ်သမားများနှင့် တန်းတူ အခြားအခွင့်အရေး ရရှိစေရမည်ဟု ပြောဆိုခဲ့သည်။
ထိုသို့ ပြောဆိုခဲ့သော်လည်း ယခု မဲဆောက်ကိုဆင်းသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမား တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၈၂၀ စီကုန်ကျနေကြောင်း ကိုယ်တိုင်ကုန်ကျခဲ့ရသည့် အလုပ်သမားများ ပြောပြချက်များ အရ သိရှိရသည်။
မဲဆောက်မြို့သို့ ဆေးဝါးကုသရန်သွားကြသူများ မိသားစုများနှင့် တွေ့ဆုံရန် သွားရောက်ကြသူများနှင့် အလည်အပတ် သွားရောက်ကြသူတိုင်း မည်သူမဆို အဆိုပါရုံးတွင် ဘတ်ငွေ ၁၈၂၀ စီ ပေးသွင်းရကြောင်း ကိုယ်တွေ့ ကြုံခဲ့ရသည့် ဘန်ကောက်မြို့မှ အလုပ်သမား ကိုအောင်က ပြောပြကြသည်။
“ကျနော် မဲဆောက်ကိုလာရင် တံတားအောက်မှာ လာပြီးတော့ မဲဆောက်ဘယ်နေရာမှာ တည်းမယ်ဆိုတာ လိပ်စာကို ပြောရတယ်။ ၂ရက်အတွင်းမှာ သူတို့ဆီလာပြီး တုံးမထုလို့ရှိရင် တစ်နေ့ကို ဒဏ်ငွေ ဘတ်၄၀၀စီ ပေးဆောင်ရမယ်လို့ ထိုင်းလ၀က က ပြောတယ်။ ထိုင်းနဲ့ မြန်မာ၂နိုင်ငံ ကျနော်တို့ ကိုင်နေတဲ့ ယာယီ ပတ်စပို့နဲ့ ထိုင်းနိုင်ငံအတွင်း လွတ်လွတ်လပ်လပ် သွားလာလို့ ရတယ်လို့ ၂နိုင်ငံအစိုးရတို့ အာမခံပြီး ပြောခဲ့ကြတယ်။ ခုဖြစ်နေတာက ပတ်စပို့ကြီးနဲ့ လာအိုကို အထွက်ပြရသလို ဖြစ်နေတယ်။ မဲဆောက်က ထိုင်းနိုင်ငံ မဟုတ်ဘူးလားလို့ မေးချင် ပါတယ်” ဟု ပြောသည်။
အလုပ်သမားများ မဲဆောက်သို့ ဆင်းလာခဲ့စဉ် မိမိကိုယ်တိုင် တုံးထုပြီးသော်လည်း ဘန်ကောက်ကို ပြန်တက်ရန် အတွက် တုံးထပ်မံထုရန် ၂ရက်ကြာမြင့်မည်ဖြစ်သည်။ အဆိုပါ လူဝင်မှုကြီးကြပ်ရေး စခန်းအနီးရှိ ထိုင်းပွဲစား ကားကုမ္ပဏီမှ ကားလက်မှတ်ဝယ်ပါက ဘတ်၈၀၀ ပေးလျှက် နေ့ချင်း တက်ရောက် နိုင်သည်။ မဲဆောက်မှ ဘန်ကောက်သို့ အ၀င်တုံးထုရာတွင် ထိုင်းလ၀ကရုံးသို့ ဘတ်ငွေ ၁၁၀၀ ပေးသွင်းရသော်လည်း ဘောင်ချာတွင် ဘတ် ၁၀၀၀ သာရေးပြီး လိုက်လံဆောင်ရွက်ပေးသော ထိုင်းပွဲစားက ဘတ်၁၀၀ ယူသည်။ ထိုနောက် ကားခ ၅၀၀ဘတ်ပေးရပြီး နေ့ချင်းပေါက် တက်ရောက်နိုင်ရန် အကျိုးဆောင်ပေးခ ၂၂၀ ဘတ်၊ (စုစုပေါင်း မြန်မာအလုပ်သမား တစ်ယောက်စီ ဘတ်ငွေ ၁၈၂၀ ) ကုန်ကျ နေကြရသည်။
ဘန်ကောက်သို့တက်သည့် ကားကြီးများ၏ လက်မှတ်ဈေးနုန်းမှာ ၃၉၇ ဘတ်သာရှိသည်။ ပြီးခဲ့သည့် ရက်ပိုင်းက မဟာချိုင်မှ ကိုလှခိုင် ကြုံတွေ့ ခဲ့ရပုံမှာလည်း တစ်မျိုးဖြစ်သည်။
မဟာချိုင် လ၀က ရုံးတွင် ပြန်လည်ပြည်ဝင်ခွင့်ဗီဇာ re-entry တုံးထုသည့်အခါ ရုံးကို ဘတ် ၁၀၀၀ ပေးရပြီး ပွဲစားခဘတ်၂၀၀ ပေးရသည်။ ထိုသို့ ပွဲစားခမပေးပါက လုပ်ငန်းရှင်နှင့် အလုပ်လုပ်ကိုင်ခွင့် ထောရော ၃၈/၁ စာရွက်ပါမှ ထုမည် စသည်ဖြင့် အရစ်ရှည်တတ်သဖြင့် လွယ်ကူစေရန်ပေးရသည်။
မဟာချိုင်သို့ ပြန်လာရန် ပြင်ဆင်စဉ် မဲဆောက် လ၀ကရုံး အတွေ့ အကြုံများအား ကိုလှခိုင်က ရှင်းပြရာတွင် “အ၀င်ရော အထွက်ပါဆိုရင် လူပေါင်း ၄၀၀ လောက်ရှိမယ် ထင်တယ်။ ကျနော်တို့ မနက် ၅နာရီ ကတည်းက တန်းစီတာ နေ့လည် ၁နာရီထိုးသွားလည်း လူတန်းက လုံးဝမရွေ့ဘူး။ ဘာဖြစ်လို့လဲ ကျနော်မေးတော့ သူတို့ကို ၂၅၀ပေး ချက်ချင်းထုပေးမယ် ပြောတယ်။ ကားခက ၅၀၀ယူတယ်။ အထက်က တုံးထုလာတာ ဖြစ်ပေမယ့် မဲဆောက်ကို လာခအတွက် ဒဏ်ရိုက်တယ်ဆိုပြီး လ၀က က ဘတ်၅၀၀ ယူပြန်တယ်။ အဲဒါတောင် သူတို့ ကားနဲ့ပြန်မယ်လို့ ဆိုမှ လုပ်ပေးတာ။ လ၀က ကလည်း ကားကုမ္ပဏီက စာရွက်ပါမှ လက်မှတ်ထိုးပေးတာ” ဟု ပြောသည်။
ပွဲစားခလည်းပေး တနေကုန်လည်း တန်းစီပြီးမှ မသွားရသဖြင့် ကိုလှခိုင်က ပွဲစားထိုင်းသူဌေးအား မေးရာ ကြိုက်သည့်နေရာ သွားတိုင်နိုင်ကြောင်းပြောသည်။ ထို့ကြောင့် ချစ်ကြည်ရေးတံတားအောက် အနီးရှိ ရဲစခန်းသို့ သွားရောက်အမှုဖွင့်ရာ ရဲအရာရှိ ကိုယ်တိုင်ဖွင့်လှစ်ထားသော ကားကုမ္ပဏီဖြစ်သဖြင့် အခြားနေရာများသို့ တိုင်တန်းခြင်းမပြုရန်ပြောဆိုပြီး ပွဲစားခ ၂၅၀ ဘတ်ကို ဖြတ်ယူထားလိုက်ပြီး ကားခ ငွေ ၅၀၀ ဘတ်ကိုသာ ကိုလှခိုင်အား ပြန်ပေးခဲ့သည်။
ထိုသို့ လ၀ကနှင့် ပူးပေါင်းကားကုမ္ပဏီတို့ တောင်းခံသော ငွေများကို ပေးသွင်းထားပြီး ဖြစ်သော်လည်း အပေါ်သို့ မတက်ရသေးပဲ အဆိုပါ လ၀က ခြံဝင်းတွင် အခင်းမပါ၊ စောင်မရှိပဲ သမံတလင်း ပေါ်တွင် တစ်ညတာ အိပ်ကြရပြန်သည်။ ထိုသို့ တစ်ညအိပ်ခအဖြစ် လူတစ်ဦး ဘတ်၈၀နှုန်း ကောက်ခံပါသည်။ ညအိပ်သူပေါင်း ၂၀၀ ထက် မနည်းရှိသည်။
ပြည်မဘက်မှ တက်လာသည့်ကားများမှာ မြ၀တီမြို့သို့ ညနေ၃နာရီဝန်းကျင်တွင် ရောက်ရှိသဖြင့် မဲဆောက်သို့ ကူးလာသည့်အခါ ၄နာရီ၅နာရီခန့်မှ ရောက်ရှိကြသည်။ မိမိတို့ အလုပ်လုပ်နေသည့် နေရာများသို့ ပြန်လည် တက်ရောက်လိုသည့် မြန်မာအလုပ်သမားများအပေါ် ထိုင်းရဲ၊ ထိုင်းလ၀ကနှင့် ကားကုမ္ပဏီတို့ မတရားစီးပွား ရှာနေကြခြင်းဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။
ဇန်န၀ါရီလဆန်းက ထိုင်း/မြန်မာ ၂ဘာသာဖြင့် နယ်စပ်ဒေသ သွားလာရေး လွယ်ကူစေရန် ဆောင်ရွက်ပေး နေကြောင်း တာ့ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားသော်လည်း လက်တွေ့တွင် နယ်စပ်ကို ဆင်းသွားကြသည့် မြန်မာအလုပ်သမားများ မတရားသဖြင့် ငွေကြေး ကုန်ကျနေကြဆဲဖြစ်ကြောင်း သိရှိရသည်။

ဇန္န၀ါရီလ ၃
ဘန်ကောက်မြို့ ဖလန်းဆောင်၊ ထပ်ခမ်း(၈)လမ်းရှိ S.Y.K.Auto Parts Import-Export,Co,ltd မော်တော် ဆိုင်ကယ် ဦးထုတ်စက်ရုံ အလုပ်သမား သုံးရာကျော်ခန့်တို့ အလုပ်သမားအခွင့်အရေး ချိုးဖေါက်ခံ နေရမှုများကို ဆန္ဒပြ တောင်းဆိုခဲ့ကြရာ အောင်ပွဲဆင်နိုင်ခဲ့သည်။
အလုပ်ရုံမှ အလုပ်သမားခေါင်းဆောင် ကိုအောင်က အောက်ပါအချက်များကို ထိုင်းမြန်မာ နှစ်ဘာသာဖြင့် ရေးသားပြီး အလုပ်ရုံသို့ ပေးအပ်ခဲ့ကြောင်း ပြောပြသည်။
(၁)ရက်မှန်ကြေးရရှိရေး၊ ထိုင်းနိုင်ငံ အလုပ်ပိတ်ရက်များတွင် အလုပ်ပိတ်ရေး (၂)နေမကောင်းခြင်းနှင့် လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာ ရရှိခြင်းများကြောင့် ဆေးရုံဆေးခန်းတို့မှ သတ်မှတ်ပေးသော ဆေးကုသရက်နှင့် နားရက်တို့အား ထိုင်းအလုပ်သမား ဥပဒေအတိုင်း လုပ်အားခရရှိရေး။( ၃)အလုပ်ဝင်သည်နှင့် တပြိုင်တည်း ကွန်ပျူတာတွင် လက်ဗွေနှိပ်ရသည့်အခါ လက်ဗွေမပေါ်ပါက ချက်ခြင်းပြန်လည် နှိပ်ခိုင်းခြင်းမျိုး မရှိပဲ နေ့လည် ၁၁နာရီမှ ပြောသဖြင့် ၁၂နာရီမှ လက်ဗွေပြန်နှိပ်သည့်အခါ နံနက်ပိုင်း အလုပ်လုပ်ခအား ဖြတ်တောက်ခံရခြင်းတို့ ရှိနေသဖြင့် အချိန်မီသတင်းပို့ရေး။ (၄)အလုပ်ရုံမှ ယာယီပတ်စပို့ကို လုပ်ကိုင်ပေးခြင်း မရှိသဖြင့် မိမိတို့ အစီအစဉ်ဖြင့် အပြင်ပွဲစားဖြင့် လုပ်ကိုင်ပြီးစီးထားသော အလုပ်သမားများ အားလုံးအတွက် work permit လုပ်ကိုင်ရန် အလုပ်ရှင်မှ လိုအပ်သော စာရွက် စာတမ်းများပေါ်တွင် လက်မှတ်ရှောရှုရှု ထိုးပေးရေး။ (၅)ပတ်စပို့ ၊ ဗီဇာနှင့် work permit များ
အပြည့်အစုံ လုပ်ကိုင်ပြီးစီးသူများ နေရပ်ရင်းသို့ ခဏအလည် ပြန်လည်သွားချင်ပါက ယခင်က ၁၅ ရက် ကြိုတင် လျှောက်လွှာတင်ခဲ့ရသော်လည်း ယခုအခါ တစ်လကြိုတင် လျှောက်ထားရခြင်း။ (၆)စက်ရုံက အလုပ်သမားများထံမှ ဖြတ်ယူထားသော ပကာ(ခေါ်) အာမခံကြေး ၁၀၀၀ဘတ် တို့အား အိမ်ကိုပြန်မည့် အလုပ်သမားများအား မှန်မှန်ကန်ကန် ပြန်လည် ပေးအပ်စေရေး။ (၇)လုပ်အားခငွေများ ရှင်းပေသည့်အခါ လုပ်အားခက မည်မျှရရှိပြီး ဖြတ်တောက် ထားသည့် ငွေများအတွက် ဘာအတွက် ဘယ်လောက် ဖြတ်ကြောင်း ဘောင်ချာပေါ်တွင် ရှင်းရှင်းလင်းလင်း ရေးပေးရန် စသည့် အချက်များပါဝင်သည်။
အလုပ်သမ ခေါင်းဆောင် မသန်းအေးက“ ကျမတို့ အမာခံ ၁၀ဦး ခေါင်းဆောင်တယ်။ ဒီလူတွေကို အလုပ်ထုတ်မယ်ဆိုရင် အလုပ်သမား အကုန်လုံး အလုပ်ထွက်မယ်။ အားလုံး ညီညီညွတ်ညွတ် ရင်ဆိုင်သွားကြမယ်ရှင့်”ဟု ပြောသည်။
အလုပ်သမားများ ဆန္ဒပြနေရာသို့ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့နှင့် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ တို့ က အနီးကပ်စောင့်ကြပ် ကူညီပေးခဲ့ကြသည်။ နံနက်(၈)နာရီတွင် အလုပ်သမားများက အလုပ်ရုံသို့ မ၀င်ပဲ အထက်ပါ အချက်အလက်ပါ စာရွက်များအား မန်နေဂျာထံသို့ ပေး
အပ်၍ ဆန္ဒပြနေခဲ့ကြသည်။ ၉နာရီကျော်ခန့် အချိန်တွင် ထပ်ခမ်းမြို့နယ် ရဲမှူးကြီး ကိုယ်တိုင်ရောက်လာပြီး
အလုပ်သမားများ တောင်းဆိုချက်များအား ၀င်ရောက်ညှိနှိုင်းပေးသည်။ အလုပ်သမားများ တောင်းဆိုချက်များ အနက် လုပ်အားခရငွေနှင့် ဖြတ်ငွေများကို လူအရေတွက်များသဖြင့် လုပ်မပေးနိုင်ကြောင်းနှင့် အကယ်၍ မရှင်းလင်းပါက တစ်ဦးချင်း လာရောက်မေးမြန်းနိုင်ကြောင်း အလုပ်ရုံမှ ပြောဆိုသည်။ အဆိုပါ အချက်မှလွဲ၍ ကျန်အလုပ်သမားများ တောင်းဆိုချက်များ အားလုံး အောင်မြင်ခဲ့သည်။ မွန်းလွဲ၂နာရီကျော်တွင် ပြီးဆုံးခဲ့ပြီး ၂၀၁၁ခုနှစ်အတွက် ပွဲဦးထွက် အလုပ်သမားများ စုပေါင်း အောင်မြင်မှုဖြစ်ကြောင်း အလုပ်သမားများက ပြောကြသည်။

ဒီဇင်ဘာ ၂၉
နယ်ကျော်ပြီး စာရွက်စာတမ်း မပြည့်စုံဆိုသည့် အကြောင်းပြချက်ဖြင့် ဘန်ကောက်မြို့  ပခေါင်တလာ ဈေးအမည်ရှိ ပန်းဈေးကြီးအတွင်း ပန်းစည်းများတွန်းလှည်းဖြင့် တွန်းပို့ နေသော မြန်မာအလုပ်သမား ကိုလင်းလင်းအား အနီးအနားရှိ ရဲစခန်းမှ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံခဲ့ရသည်။
ဒီဇင်ဘာလ၂ရ ရက်နေ့ ညနေ ၆နာရီခန့် က အဆိုပါဈေးအတွင်း ပန်းစည်းခြင်းများအား ပို့ ဆောင်နေစဉ်အတွင်း ဆိုင်ကယ်စီး ထိုင်းရဲတစ်ဦးက ဖမ်းဆီးပြီး စာရွက်စာတမ်းများ အပြည့်အစုံပါရှိသော်လည်း နယ်ကျော်သည်ဆိုသော အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံခဲ့ရသည်။ ကိုလင်းလင်းတွင် ဘတ်ငွေ ၁၂၅၀ ပါရှိသည့်အနက် ဘတ်ငွေ၁၀၀၀ ကို အဆိုပါ ထိုင်းရဲကယူငင်သွားပြီးနောက် အဆိုပါ ရဲစခန်းအချုပ်ခန်းတွင်တစ်ညဖမ်းချုပ်ထားခဲ့သည်။
ကိုလင်းလင်းက“ ကျနော် ထိုင်းစကား ကောင်းကောင်းတတ်ပါတယ်။ ဘတ်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ကျနော်မှာရှိပါတယ်။ ကျနော့်မှာစုထားတဲ့ ငွေကိုလည်းယူတယ်။ အချုပ်ထဲမှာလည်း တစ်ညအိပ်လိုက်ရတယ်။ အလုပ်လည်း ၂ရက်ပျက်တယ်။ ကျနော်အလွန်ပဲ နစ်နာဆုံးရှုံးပါတယ်။ ကျနော်တို့မှာ ဘတ်လုပ်ထားတာ အလကားဖြစ်သွားတာပေါ့၊ ကျနော်တို့ကို သက်သက် အနိုင်ကျင့်တာဖြစ်တယ်” ဟု ပြောသည်။
ညဥ့် ၈နာရီခန့် တွင် ကိုလင်းလင်းက ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ B.A.Tသို့ ဖုန်းဖြင့်ဆက်သွယ် အကူအညီ တောင်းခံလာခဲ့သည်။ B.A.T အလုပ်သမားများအဖွဲ့  ချက်ခြင်း ရဲစခန်းသို့ လိုက်သွားခဲ့သော်လည်း ညဥ့်နက်နေပြီး ဖြစ်သဖြင့် တာဝန်ကျရဲက မနက်မှ လာရောက်ခဲ့ရန် ပြောဆိုလိုက်သည်။
သွားရောက် ဖြေရှင်းခဲ့သူ တစ်ဦးအပါအ၀င်ဖြစ်သော B.A.T အဖွဲ့ ဘာသာပြန် ကိုနေလင်းအောင်က “ဒီဈေးအလုပ်သမား ကိုလင်းလင်းမှာ လိုအပ်နေတဲ့ ၁၉၀၀ စာရွက်ကို အယင်သူဌေးကဆီကနေ ယူလာခဲ့ကြတယ်။ ထိုင်းပုလိပ် ညစ်ပတ်တာပါ၊ တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်းလည်းရှိတယ်၊ အလုပ်သမားဆီက ဘတ်ငွေလည်း ၁၀၀၀ ယူတယ်။ ပြီးတော့ အချုပ်ခန်းထဲမှာ တစ်ညဖမ်းချုပ်ထားတယ်။ ကျနော်တို့ သွားထုတ်တဲ့အခါမှာ ဘတ်၂၀၀ပဲပေးခဲ့ရတယ်။ ပိုက်ဆံများများ မတောင်းတာနဲ့၊ နယ်စပ်ကိုမပို့ တာကိုပဲ ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံအစိုးရ သည် မြန်မာရွေ့ပြောင်း အလုပ်သမားများအတွက် (ဘတ်)လုပ်ကိုင်ပေးသည့် လုပ်ငန်းစဉ်၌ဖြစ်စေ၊ ယခုလက်ရှိ အကောင်အထည်ဖေါ်နေသော ယာယီပတ်စပို့ လုပ်ငန်းစဉ်၌ဖြစ်စေ ထိုင်းလုပ်ငန်းရှင်းနှင့် ထိုင်းရဲများအတွက် အထူးအခွင့်အရေး ပေးထားပြီး ငွေကုန်ကြေးကျများစွာဖြင့် လုပ်ကိုင်ထားရသည့် မြန်မာအလုပ်သမားများ အတွက်မူ အခွင့်အရေး အထူးနည်းပါးပါသည်။
(ဘတ်)လုပ်ကိုင်ထားသည့် မြန်မာအလုပ်သမားတစ်ဦး သတ်မှတ်ထားသည့် နယ်မြေအား သွားလာခွင့်မပြုသလို အကယ်၍ နယ်ကျော်ခဲ့ပါက ဒဏ်ကြေးငွေ၅၀၀ ပေးလျှော်ရမည်ဟု အလုပ်သမားဥပဒေတွင် ပြဌာန်းထားသော်လည်း ထိုင်းရဲများက အဆိုပါ အလုပ်သမား အမျိုးအစားများအား တွေ့ ရှိပါက အလုပ်သမားတွင် ပါသည့် ရွှေ/ငွေနှင့် လက်ကိုင်ဖုန်းများကိုပင် မရှောင် သိမ်းယူလေ့ရှိပါသည်။ သွားလာခွင့်ရသည့် သတ်မှတ်နယ်မြေအတွင်း၌ ဖမ်းမိလျှင်လည်း ဘတ်အမာပါလား၊ ထော်ရော်၃၈/၁ စာရွက်ပါသလား၊ ၁၉၀၀ ပေးချေပြီးကြောင်း စာရွက်ပါသလား၊ ဘတ်မှာ ပါသည့်အလုပ်နှင့် ယခုလုပ်နေသည့်အလုပ်ဟုတ်ရဲ့ လား စသည့် အပြစ်တစ်ခုခု၊ ယမယ်ရှာပြီး အလုပ်သမားများထံမှ ငွေကြေးများကို မတရားရယူလေ့ရှိသည်။
ယာယီပတ်စပို့ လုပ်ကိုင်ထားသူများ နယ်မြေအတော်များများသို့ သွားလာခွင့်ရနေသည်မှာ မှန်ကန်သည်ဟု ဆိုနိုင်သော်လည်း Work Permit မပါခြင်း၊ ၃လတုံးမထုခြင်း စသည့်အနေအထားမျိုး တစ်ခုခုကို တွေ့ရှိပါကလည်း ဖမ်းဆီးထောင်ချခြင်း၊ ငွေကြေးတောင်းခံခြင်းများ ရှိနေပါသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ၂၂ ရက်နေ့ က ဘန်ကောက်မြို့ စမူပါကန် ပါနန်းအရပ်ရှိ ဒိုင်းမွန်းဆိုဖါအလုပ်ရုံတွင် အလုပ်လုပ်ကိုင် နေကြသည့် မြန်မာအလုပ်သများအား နယ်ကျော်မှုနှင့် work permit မရှိ ဟူသော အချက်များဖြင့် ဖမ်းဆီးပြီးတစ်နေ့ တည်း တရားရုံးတင်ကာ ထောင်ဒဏ် ၄၈ ရက်ချမှတ်လိုက်သည်။
ဒီဇင်ဘာ ၁၀ ရက်နေ့ က ဘန်ဘူထောင်အရပ်တွင် ယာယီပတ်စပို့ ရှိသော ကိုမင်းမင်းလှိုင်နှင့် ဇနီး မခိုင်ခင်ဦးတို့အား နယ်ကျော်ပြီး အလုပ်လုပ်နေသည်ဟု ဆိုကာ ဖမ်းဆီးချုပ်နှောင်ပြီး ငွေတောင်းခံခြင်း ခံခဲ့ရသည်။
မြန်မာအလုပ်သမားများမှာ (ဘတ်)ပဲလုပ်လုပ်၊ ယာယီပတ်စပို့ ပဲလုပ်လုပ်၊ ထိုင်းပုလိပ်များ၏  မတရားဖမ်းဆီး ငွေညှစ်နေခြင်းကို ခံစားနေရဆဲဖြစ်သည်။ မြန်မာရွေ့ ပြောင်းအလုပ်သမားများမှာ ထိုင်းရဲများအတွက် ဖမ်းစားရသည့် အစာအာဟာတစ်ခုအဖြစ် သတ်မှတ်ထားဟန်တူကြောင်း နှင့် မြန်မာအလုပ်သမားများအတွက် ထိထိရောက်ရာက် ကာကွယ်စောင့်ရှောက်မှု ပေးနိုင်သော အဖွဲ့အစည်းတစ်ခု (သို့မဟုတ်) အစိုးရတစ်ရပ် မရှိသရွေ့ ယခုကဲ့သို့ ထိုင်းအစိုးရ၊ ထိုင်းလုပ်ငန်းရှင်နှင့် ထိုင်းပုလိပ်များထံတွင် ဆက်လက်နှိပ်ကွပ် ခံနေရဦးမည်ဖြစ်ကြောင်း မတရားဖမ်းဆီးချုပ်နှောင် ၊ငွေညှစ်ခံဖူးသည့် ကိုမင်းမင်းလှိုင်က နာနာကျည်းကျည်း ပြောဆိုသွားသည်။

ကိုကျော်သောင်းမှ ပေးပို့ပါသည်။

ဒီဇင်ဘာ ၂၉
ထေချာဖန်းနစ်စက်ရုံမှ ယာယီပတ်စပို့ ရရှိလာခဲ့ကြသည့် ရာပေါင်းများစွာသော မြန်မာအလုပ်သမားများ အလုပ်အပြောင်းအရွေ့နှင့် အလုပ်အကိုင်ရှာဖွေရေးတို့တွင် စာရွက်စာတမ်းများ မှန်မှန်ကန်ကန် မရရှိနိုင်သေးသဖြင့် အခက်အခဲရှိနေကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က ပြောသည်။
ဘန်ကောက်မြို့ စမူပါကန်နှင့် မဟာချိုင်နယ်မြေ အုန်းနွဲ့  အပိုင်တို့မှ မြန်မာအလုပ်သမား ၆၈ ဦးတို့ အလုပ်အပြောင်းအရွေ့ ခက်ခဲနေကြောင်း ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့သို့ အကူအညီ တောင်းခံလာခဲ့သည်။
အုန်းနွဲ့ (ကလေးစားစရာ ဂျယ်လီစက်ရုံ) မှ အလုပ်သမား ကိုအေးကိုက “ကျနော်တို့ကို ခေါင်ကယ်ကိုလာပြီးခေါ်တော့ စက်ရုံကိုယ်စားလှယ်လို့ ပြောတယ်။ ဒီရောက်တော့ စက်ရုံက အလုပ်သမားရှာဖွေရေးအတွက် လွှဲအပ်ထားတဲ့ ပွဲစားဖြစ်နေတယ်။ ခု ကျနော်တို့ ပတ်စပို့တွေ အဲဒီပွဲစား လက်ထဲမှာ ထားရတယ်။ လူတစ်ယောက်ကို တစ်နေ့ ဘတ်၂၀စီ ဖြတ်ခံရတယ်။ အခြားဘာမှန်းမသိတဲ့ ခေါင်းစဉ်တွေနဲ့ အလုပ်သမားတစ်ယောက်ကို ၁၅၀၀ ဘတ်နဲ့ ၁၈၀၀ဘတ်အကြားမှာ ဖြတ်တောက်ခံရပါတယ်။ ဒေချာဖန်းနစ် စက်ရုံတုန်းကလိုပဲ ပြန်ဖြစ်နေတယ်” ဟု ပြောသည်။
ဒေချာဖန်းနစ် (ခေါင်ကယ်)ပြန် အလုပ်သမားများ အခြားအလုပ်ရုံများသို့ ပြောင်းရွေ့ရန်အတွက် ယာယီပတ်စပို့ တစ်ခုမှလွဲ၍ မည်သည့် စာရွက်စာတမ်းမှ မရှိသဖြင့် အခက်အခဲ ကြုံနေရသည်ကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ B.A.T သည် ယမန်နေက ထိုင်းရှေ့နေများကောင်စီ အကြံပေးချက်အရ-
(၁) ဘန်ကောက်မြို့ ဘန်ဘော်နယ်မြေရှိ၊ (ပကန်ဆန်ခွန်း) အလုပ်သမား လူမှုဖူလုံရေး နယ်မြေ အမှတ်(၇)ရုံး။
(၂)ဖလန်ဆောင် BIC ကုန်တိုက်အနီးရှိ(ဆ၀ါဒီကန် ခုန်ခေါ်လိုင်ငန်) အလုပ်သမား ကာကွယ် စောင့်ရှောက်ရေးရုံးနှင့်
(၃)(ကုန်လိုင်ငန် ကျဟာငန်း) အလုပ်အကိုင်ရှာဖွေရေးနှင့် အလုပ်သမားမှတ်ပုံတင်ရုံး၊ ၃ရုံးသို့ အလုပ်သမား ၆၈ ဦးနှင့် အတူ သွားရောက်ခဲ့ကြသည်။
တစ်ရုံးမှတစ်ရုံးသို့ လမ်းညွှန်သည့်အတိုင်း အလုပ်သမားများနှင့် B.A.T အဖွဲ့တို့ သွားရောက်ခဲ့ကြသည်။ နောက်ဆုံးရောက်ရှိခဲ့သည့် စူစ၀ပ်/၃၃လမ်းရုံးမှ အရာရှိအမျိုးသမီးက အထက်ပါ အလုပ်သမားများ မူရင်း အလုပ်ပြောင်းလာသည့် ခေါင်ကယ်မြို့သို့ အလုပ်သမားများ ကိုယ်တိုင်သွားရောက် ထုတ်ယူမှ စာရွက်၊ စာတမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောဆိုလမ်းညွှန်ပြီး ခေါင်ကယ်မှ ကျဟာငန်း (အလုပ်သမား အခွင့်အရေးဆိုင်ရာရုံး) ဖုန်းနံပါတ်ကို ပေးခဲ့သည်။
B.A.T အဖွဲ့မှ ထိုင်းဘာသာပြန် ကိုနေလင်းအောင်က “ အလုပ်သမားတွေ ရောက်ရှိနေတဲ့မြို့နယ် ကျဟာငန်းမှာ မိမိတို့ရဲ့ ယာယီပတ်စပို့ နံပတ်ကို ကွန်ပျူတာမှာနှိပ်ကြည့်ပြီးတော့ အလုပ်ပြောင်းပြီးပြီလား၊ ကြည့်လို့ရပါတယ်။ အဲဒီရုံးမှာပဲ စာရွက်စာတမ်းတွေကို ထုတ်ယူလို့ ရတယ်လို့ ပြောတယ် ခေါင်ကယ်ကို လာစရာမလိုဘူးလို့ ပြောတယ်” ဟု ခေါင်ကယ် ကျဟာငန်း မှ တာဝန်ရှိသူများ ပြောဆိုမှုများကို ပြောပြသည်။
အလုပ်သမား ၆၈ဦးတို့မှာ မိမိတို့စာရွက်စာတမ်းများကို ရလိုသည့်မျှော်လင့်ချက်ဖြင့် တစ်နေကုန်တစ်နေခန်း မိမိစရိတ်ဖြင့် သွားလာခဲ့ကြရသည်။
B.A.T အဖွဲ့မှ အမျိုးသမီးရေးရာနှင့် စည်းရုံးရေးမှူး ဒေါ်သက်သက်ဦးက “ပြီးခဲ့တဲ့ အောက်တိုဘာ လလယ်ကတည်းက အလုပ်ထွက်လာခဲ့တဲ့ အလုပ်သမားတွေဟာ ခုဒီဇင်ဘာလကုန်သွားပြီ၊ ဘယ်အလုပ်ရှင်မှ Work Parmitကို တရားဝင် လုပ်ကိုင်နိုင်ခြင်း မရှိသေးဘူး။ ဒီအခြေအနေကြားမှာ ဖမ်းဆီးခံရပြီး ထောင်ချခံထားရတာတွေ ရှိခဲ့ပြီ။ ဒါကြောင့်မို့ ဒီအလုပ်သမားတွေ Work Parmit ရရှိရေး အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို တမြို့နယ်က အစိုးရ အလုပ်သမားရုံးတွေက အချိပ်အဆက်မိမိ ထိထိရောက်ရောက် လုပ်နိုင်ဖို့ အရေးကြီးပါတယ်။ တစ်ရုံးနဲ့ တစ်ရုံး တာဝန်လွှဲချနေရုံနဲ့ အလုပ်မဖြစ်နိုင်ဘူး”ဟု ပြောဆိုသွားသည်။
၂၀၁၀ခုနှစ် စက်တင်ဘာ ၁၀ ရက်နေ့တွင် ထိုင်းလာအိုနယ်စပ် ခေါင်ကယ်မြို့ ဒေချာဖန်းနစ် ငါးဖမ်းပိုက် စက်ရုံမှ အလုပ်သမား တစ်ထောင်နီးပါးတို့ ယာယီပတ်စပို့ ကိုင်ဆောင်ခွင့်ရရှိရေးအတွက် တောင်းဆို ဆန္ဒပြမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ အလုပ်သမားများ၏ အခက်အခဲများအား၊ ထိုင်းရှေ့နေများကောင်စီ၊ MAP ဖေါင်ဒေးရှင်း၊ HRDF နှင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ B.A.T အဖွဲ့တို့ သွားရောက်ဖြေရှင်း ကူညီပေးခဲ့ကြသည်။ စာရွက်စာတမ်း အပြည့်အစုံ ရရှိနိုင်ရေးအတွက် အလုပ်သမား ၃၀၀ကျော်တို့ မဲဆောက်မြိုသို့ အဖွဲ့ အစည်းများ အကူအညီဖြင့် ဆင်းသွားခဲ့ကြသည်။
ဖြေရှင်းကြရာတွင် အလုပ်သမားများ၏ အဓိက တောင်းဆိုချက်များဖြစ်သော ယာယီပတ်စပို့ ကိုင်ဆောင်ခွင့်ရရှိရေးနှင့် တရားဝင် အလုပ်သမားအဖြစ်မှ ရပ်စဲထားခြင်းအား ပယ်ဖျက်ထားခြင်းတို့ကို အဓိက ဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါ ပိုက်စက်ရုံမှာ ထိုနယ်မြေအတွင်း အကြီးဆုံး စက်ရုံအဆင့်တွင် ရှိခြင်း၊ ပမာဏ တစ်ထောင်ခန့်ရှိသော အလုပ်သမားများ လုံခြုံရေးနှင့် တရားဝင်ဖြစ်ရေး ကိစ္စတို့ အတွက် အလုပ်သမား များအတွက် လိုအပ်သော စာရွက်စာတမ်းများကို ပြည့်ပြည့်စုံစုံရရှိအောင် အချိန်ယူ မဆောင်ရွက်ခဲ့ကြပေ။ အဆိုပါ ခေတ္တတည်းခို နေထိုင်ကြသည့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းမှ လူစုလူဝေး ခွဲပေးရန်သာ အဓိက စေ့ဆော်မှုများ ရှိနေခဲ့ကြသည်။ ထို့အပြင် မဲဆောက်တွင် အဖွဲ့အစည်း များသဖြင့် အလုပ်သမားများ၏ လိုအပ်ချက်များအား ၀ိုင်းဝန်း လုပ်ဆောင်နိုင်မည်ဟု ပြောဆိုခဲ့ကြပြန်သည်။
ပြီးခဲ့သည့် အပတ်က ဘန်ကောက်မြို့ ဘန်ပို အရပ်ရှိ စိန်ဆိုဖါ အလုပ်ရုံတွင် အလုပ်လုပ်ကိုင်နေကြသော ခေါင်ကယ်ပြန် အလုပ်သမား ၃၀ဦး တို့မှာ Work permit မလုပ်သေးခြင်းနှင့် ဘတ်ရှိသည့် အလုပ်သမား၃ဦးတို့အား နယ်ကျော်မှုဆိုသည့် အကြောင်းပြချက်ဖြင့် ထောင်ဒဏ် ၄၈ ရက် ချမှတ်ခဲ့သည်။ အလုပ်သမား အတော်များများတို့မှာ အလုပ်အကိုင်အတည်တကျ မဖြစ်နိုင်သေးခြင်းနှင့် လုပ်ငန်းရှင်တို့က အရေးတယူ လုပ်ကိုင်ဆောင်ရွက်ပေးခြင်း မရှိခြင်းတို့ကြောင့် မြန်မာ အလုပ်သမားများမှာ တရားဝင် ဖြစ်ခြင်း နည်းပါးနေပြန်ပါသည်။
အလုပ်ရုံမှ ကိုယ်စားလှယ်အမည်ခံ (ပွဲစား)များနှင့် အလုပ်ရှင်အတော်များများတို့မှာ အလုပ်သမားများ၏ စာရွက်စာတမ်း မပြည့်စုံမှုများကို အခွင့်ကောင်းယူလျှက် အလုပ်သမားများအား နည်းမျိုးစုံဖြင့် ခေါင်းပုံဖြတ် နေကြဆဲဖြစ်သည်။
Photobucket
 

ဒီဇင်ဘာ ၂၂
ဘန်ကောက်မြို့ စမူပါကန် ပါနန်းအရပ်ရှိ ဒိုင်းမွန်း ဆိုဖါ အလုပ်ရုံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမားများအား နယ်ကျော်မှုနှင့် work pamit မရှိ ဟူသော အချက်များဖြင့် ဖမ်းဆီးပြီး တစ်နေ့တည်း တရားရုံးတင်ကာ ထောင်ဒဏ် ၄၈ ရက် ချမှတ်လိုက်သည်။
ခေါင်ကယ်ပိုက်စက်ရုံမှ ပြောင်းရွေ့ လာခဲ့ပြီးနောက် ထောင်ချီရှိသော မြန်မာ အလုပ်သမားများမှာ ယာယီပတ်စပို့ကို လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိခဲ့ကြသော်လည်း work permit ကိုမူ ရယူနိုင်ခြင်းမရှိခဲ့ပါ။ အဆိုပါ အလုပ်သမားများမှာ အလုပ်အကိုင် အတည်တကျမဖြစ်နိုင်ပဲ ဟိုပြောင်းဒီရွေ့ဖြင့် work pamit ကိုလည်း အသစ် လျှောက်ထားနိုင်ခြင်း မရှိကြသေးပေ။
ဖမ်းဆီးထောင်ချခြင်း ခံလိုက်ရပြီး ဖြစ်သော မဖြိုးနှင့် မလွင်လွင်ကြူ တို့က “ ကျမတို့ကို ဒီမနက် အလုပ်ထဲမှာ လာဖမ်းတာပါ။ work permit လုပ်မထားလို့ လို့ပြောပါတယ်။ သူဌေးဆီကလည်း လုပ်အားခမရသေးဘူး။ ထောင် ၄၈ ရက်ချခံရတယ်။ ပြီးတော့ ဘာဖြစ်အုံးမလဲ မသိဘူးရှင်” ဟု ပြောပြ သွားသည်။
အဆိုပါ အလုပ်သမားများ ယနေ့ နေ့လည်ပိုင်းက (ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ) BAT သို့ သတင်းပို့ ပြီး အကူအညီ တောင်းခံခဲ့သည်။ BAT ကလည်း မိတ်ဆွေလုပ်ဖေါ်ကိုင်ဘက် ထိုင်းအင်ဂျီအိုအဖွဲ့ တစ်ခုနှင့် ဆယ်သွယ် ကူညီရန် ပြင်ဆင်ခဲ့သည်။
ထိုင်းအင်ဂျီအိုမှ မြန်မာဘာသာပြန်နှင့် ထိုင်းရှေ့နေတို့ နှစ်ဦး အဆိုပါ အလုပ်သမားများ ပေးထားသည့် ဖုန်းများကို ဆက်သွယ်ပြီး ၄င်းတို့ ညွှန်ပြသည့် ရဲစခန်းသို့ လာရောက်ခဲ့သော်လည်း ရှာဖွေ မတွေ့ရှိခဲ့ပေ။ ဖုန်းများကိုလည်း မည်သို့ မှ ဆက်သွယ်၍ မရရှိခဲ့ပေ။
ညနေ ၄နာရီခန့်တွင်မှ မဖြိုးတို့ က ဖုန်းကို ထိုင်းရဲများကသိမ်းလိုက်ကြောင်း၊ တစ်လုံးကို ဖွက်ထားပြီး အိမ်သာထဲတွင် ထည့်ထားကြောင်း အဆိုပါဖုန်းဖြင့် ဆက်သွယ်လာခဲ့သဖြင့် အလုပ်သမားများအား ထောင်ချလိုက်ကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်။ အဆိုပါ အလုပ်သမား ၃၃ဦးအနက်၊ မိန်းကလေး ၁၄ဦး ဖြစ်သည်။
ထို ၃၃ဦးထဲတွင် လူ၃၀မှာ ယာယီပတ်စပို့ ရှိသူများဖြစ်ပြီး ၃ဦးမှာ ဘန်ကောက်မြို့ ဝိုင်းဝိုင်းယဉ် အရပ်မှ ဖြစ်သဖြင့် (ဘတ်) နယ်ကျော်သည်ဟု ဆိုခါ တခါတည်း ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်းသိရှိရသည်။ ထိုင်းအလုပ်သမား ဥပဒေအရ တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့် ဘတ်ရှိသူများအနေဖြင့် သတ်မှတ် ထားသော မြို့နယ်အား ကျော်လွန်ပြီးအလုပ်လုပ်ကိုင် သွားလာပါက ဒဏ်ငွေ ဘတ်၅၀၀ ပေးဆောင်ရမည် ဖြစ်သည်။ ယာယီပတ်စပို့ လုပ်ကိုင်ထားသူများ အနေဖြင့် ပတ်စပို့လုပ်ပြီး တစ်လအတွင်း work pamit လျှောက်ထားရမည် ဖြစ်သည်။

ရက်ပေါင်း ၉၀ ပြည့်သည့် အခါ လူဝင်မှုကြီးကြပ်ရေး ရုံးတွင် တံဆိပ်တုံး ထုရမည်ဖြစ်သည်။ ယာယီပတ်စပို့ မှာ ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာ ခရီးသွားလာခွင့်ရှိသည်။ work pamit မရှိပဲ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့် မရှိပေ။ ပြစ်ဒဏ်အဖြစ် ဒဏ်ငွေချမှတ်ပြီး နယ်စပ်သို့ ပြန်လည် ပို့ဆောင်ရမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

(ကိုကျော်သောင်းမှ ပေးပို့ပါသည်။)

ဘီဘီစီ အောက်တိုဘာ ၂၇
ထိုင်းနိုင်ငံအတွင်း တရားမ၀င် အလုပ်သမားများအား ဖမ်းဆီးနှိမ်နင်း အရေးယူနိုင်ရေးအတွက် ထိုင်းစစ်တပ်၊ ထိုင်းရဲနှင့် ဌာဆိုင်ရာ တာဝန်ရှိသူတို့အား တာဝန်ပေးအပ်ပွဲကို ယမန်နေ့က ဘန်ကောက်မြို့ရှိ အလုပ်သမား ၀န်ကြီးဌာနတွင်ကျင်းပခဲ့သည်။
ယခင်နှစ်က မြန်မာ၊ ကမ္ဘောဒီယားနှင့် လောနိုင်ငံသား၊ တရားဝင်နိုင်ငံခြားသား အလုပ်သမား ပေါင်း ၁၄သိန်းကျော် ရှိခဲ့သော်လည်း၂၀၁၀နှစ်အတွက် အလုပ်သမား သက်တမ်းတိုးသည့်အခါ စုစုပေါင်းအလုပ်သ မား ၅သိန်းကျော် လျော့နည်းနေခဲ့သည်။
အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှုးထနွန်နွိုင် က “ မှတ်ပုံတင်သက်တမ်း လာမတိုးတဲ့ ဒီအလုပ်သမား ၅သိန်းကျော်ဟာ ထိုင်းနိင်ငံအတွင်းမှာ အလုပ်လုပ်နေတုန်းပဲလား၊ ဒါမှမဟုတ် နေရပ်ရင်းကို ပြန်သွားကြပြီလား၊ ဒါကိုအတိအကျသိနိုင်ဖို့အတွက် ရဲ၊စစ်တပ်နဲ့ ဌာနဆိုင်ရာတွေကို တာဝန်ပေးရတာ ဖြစ်ပါတယ၊် ဒါမှ တရားမ၀င် အလုပ်သမားတွေကိုရော၊ တရားမ၀င် အလုပ်သမားတွေကို ငှါးရမ်းတဲ့ သူဌေးတွေကိုပါ အရေးယူနိုင်မှာဖြစ်ပါတယ်” ဟု ဘီဘီစီကို ပြောသည်။
လာမည့် ဇန္န၀ါရီလ၁ရက်နေ့တွင် စတင်မည့် အလုပ်သမား သက်တမ်းတစ်နှစ် ထပ်တိုးပေးအတွက် ဖိအားပေးဆောင်ရွက်ခြင်းလည်း ဖြစ်ကြောင်း၊ အလုပ်သမားအသစ်များအတွက် တရားဝင် ကဒ်ပြားထုတ်ပေးရေးကို အလုပ်သမားဝန်ကြီးဌာန အနေဖြင့် စတင်ဆောင်ရွက်နေပြီ ဖြစ်သော်လည်း အစိုးရ၀န်ကြီးများက အတည်ပြုပေးရန် လိုအပ်နေသေးသည်။
အလုပ်သမားဝန်ကြီးဌာနမှ ချမှတ်ထားသော နေရပ်ရင်းပြန်ပို့ စရိတ် ဘတ်၂၄၀၀ ကို ဒီဇင်ဘာလမှစတင် ကောက်ခံတော့မည်ဖြစ်သည်။ တစ်လလျှင် ဘတ်ငွေ၄၀၀နှုန်းဖြင့် ၆လ ကောက်ခံသွားမည်ဖြစ်သည်။
တရားဝင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၃သိန်းကျော်တို့အား ယာယီပတ်စပို့  ထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း ညွှန်ကြားရေမှူးကပြောသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။
May 2024
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
Photobucket

OUR LOGO

Photobucket

"တပ်မတော် အပေါ်မှာ စိတ်ကောင်း စေတနာကောင်း ကလွဲပြီး ဘယ်လိုမှ သဘော မထားပါဘူး။ အဲဒီ အစွဲဟာ ဒီတပ်မတော်ဟာ ကျမ ဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော် ဖြစ်နေတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်"

လာလည်ကြသူများ

ဘယ်နိုင်ငံက လာကြသလဲ

Enter your email address to subscribe to this blog and receive notifications of new posts by email.

Join 4 other subscribers

ရေးပေးခဲ့ချင်တာရှိရင်

ဒီမှာနှိပ်ပြီးရေးပေးခဲ့ပါ View shoutbox
ShoutMix chat widget