You are currently browsing the category archive for the ‘ထုတ်ပြန်ကြေငြာချက်’ category.
တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျာ။
အမျိုးသားခေါင်းဆောင်ကြီးနှင့်လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားညီအကိုများမှီတင်းနေထိုင်ရာ ပြည်နယ်တချို့မှာ လတ်တလော တောက်လောင်နေတဲ့ စစ်မီးတောက်များ ငြိမ်းအေးသွားစေရေးအတွက် ကိုယ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက်ပေးလိုတဲ့စေတနာနဲ့ သက်ဆိုင်သူများထံ အိတ်ဖွင့်ပေးစာတစ်စောင် ဒီကနေ့ ပေးပို့၊ ထုတ်ပြန်လိုက်ပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေ အမြန်ဆုံးရပ်ဆိုင်းဖို့ ၊ ပြသနာ တွေကိုတွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ အနုးအညွတ် တိုက်တွန်း ပန်ကြားထားပါတယ်။ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ဒီအိတ်ဖွင့်ပေးစာကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တရားဝင် လမ်းကြောင်းက ပေးပို့ပြီးဖြစ်ပါတယ်။ ကျန်ပုဂ္ဂိုလ်များကတော့ ဆက်သွယ်ရန် လမ်းကြောင်းမရှိတဲ့အတွက် အဖွဲ့ချုပ်ပြန်ကြားရေးကပဲ ထုတ်ပြန်ထားပါတယ်။ ရယူလေ့လာဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံပါတယ်။

ဦးအုန်းကြိုင်
သတင်းနှင့်ပြန်ကြားရေးဌာန
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
Recent Comments