You are currently browsing the daily archive for October 1, 2010.

Deadly blasts mar Nigeria celebrationBlast scene in Abuja, screen grab from Reuters

At least eight people are killed as two blasts in Nigeria’s capital, Abuja, mar celebrations to mark 50 years since independence from the UK.

Congo killings ‘may be genocide’

A UN report on killings in DR Congo in the 1990s says Rwandan forces took part in attacks on Hutu civilians which could constitute “crimes of genocide”.

Burma’s Nargis Children Unhappy In Sri Lanka

By SAW YAN NAING
Attempts are being made to repatriate some Burmese children taken to Sri Lanka for care and education after cyclone Nargis.

Censors Bar Reporting of Suu Kyi’s Voting Right

By THE IRRAWADDY
Restrictions on mention of Suu Kyi and other election-related issues in Burma’s private media bode ill for a free and fair election.

Burma Abuzz Over Possible Release of Suu Kyi

By THE ASSOCIATED PRESS
The detention of Burma’s democracy icon Aung San Suu Kyi expires early next month, but only the ruling junta chief knows exactly when she will be granted freedom.

Suu Kyi Won’t Care Another Depayin After Her Release

By BA KAUNG
After she is freed on Nov.13, detained pro-democracy leader will tour the country to rally the faithful and ignore the possibility of attacks similar to the Depayin massacre.

New Intelligence Chief Tries to Plug Leaks

By THE IRRAWADDY
Burma’s new Chief of Military Affairs Security warns his staff about leaking military documents and orders tighter surveillance within military offices and government ministries.

Release Suu Kyi Now: US Congressman
By LALIT K JHA
A key US lawmaker calls on Burma to set Aung San Suu Kyi free and says rumors that she will be released in November are a ploy to gain legitimacy in the upcoming election.

Burmese troops clash with Karen, Shan armies thumbnail

Burmese troops clash with Karen, Shan armies

Fighting erupts with renegade Shan force only hours after the Burmese army loses a soldier to an ambush in Karen state

Bomb blast hits Bago election office thumbnail

Bomb blast hits Bago election office

Burmese state media blames Wednesday’s bomb blast at a Bago office being used by Election Commission officials on ‘political opportunists’

Bizarre allegations surround ‘bogus’ hospital thumbnail

Bizarre allegations surround ‘bogus’ hospital

Allegations of ‘fake’ patients and equipment mires opening of post-cyclone hospital in the Irrawaddy delta’s Labutta township

Invitation letter of B.M.T.A for coming World teacher day 5th Oct , 2010

Dear All

We; our Burmese Migrant teachers’ association (B.M.T.A) want to invite you to come  World teachers’ day celebration at 5th Oct 2010 , (9 am to 4 pm). If you and your INGO, NGO, CBO are concern with education sector or interested in education sector ,we would warmly welcome you to joy with us at the world teachers’ day celebration.

ကြည့်သင့်တဲ့ ဗီဒီယိုလေးပါ

Waihnin Pwint Thon Speaks About her father
value=”http://www.youtube.com/v/34OW3O-3hjo&hl=en_US&feature=player_embedded&version=3“>


(၂၇-၀၉-၁၀)ရက်က ဗြိတိန် လေဘာပါတီ ညီလာခံမှာ )မဝေနှင်းပွင့်သုန်ရဲ့ Speech မြန်မာဘာသာပြန်…..

ကျွန်မအဖေကို ကျွန်မ ပထမဦးဆုံး မြင်တွေ့ဖူးတာကတော့ သံတိုင်တွေကြားကတဆင့် မြင်တွေ့ရတဲ့ အကျဉ်းထောင်ထဲက အခန်းလေးထဲမှာ ဖြစ်ပါတယ်။ ကျွန်မက ၄ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ သူ့ရဲ့ ၁၉၈၈ ခုမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင် တဲ့ အရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့မှုကြောင့် အကျဉ်းကျခဲ့ပါတယ်။ အခုနောက်ထပ်တခါ၂၀၀၇ ခုနှစ် မှာ ငြိမ်းချမ်းစွာ လှုပ်ရှားခဲ့တဲ့ အရေးအခင်းမှာ ပါဝင်ခဲ့လို့ ထောင်ဒဏ် ၆၅ နှစ်နှင့် ၆ လ အကျခံထားရပါတယ်။ သူက ကျန်းမာရေး တော် တော်မကောင်း ဖြစ်နေပါတယ်။ သူ့မှာ နှလုံးရောဂါရှိပါတယ်။ ဒါပေမဲ့ သူဆက်လက် အသက်ရှင်ဖို့အတွက် လိုအပ်နေတဲ့ ဆေးဝါးကုသခွင့်ကို ငြင်းပယ်ခြင်းခံနေရပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ အဖေဟာ နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်ထဲကမှ တဦးသာ ဖြစ်ပါတယ်။ များစွာသော အကျဉ်းသားတွေဟာ နှိပ်စက်ညှင်းပမ်းခြင်းကို ခံနေရပါတယ်။ သူတို့ဟာ ဆိုရွားလှတဲ့ အခြေအနေအောက်မှာ ရှိနေကြပြီး သမရိုးကျ ဆေးဝါးကုသခွင့်ကိုလည်း မရကြပါဘူး။
ပြီးခဲ့တဲ့ သုံးနှစ်ကာလအတွင်းမှာ နိုင်ငံရေးအကျဉ်းသား ဦးရေဟာ နှစ်ဆနီးပါး တိုးလာပါတယ်။ ဗိုလ်ချုပ်တွေဟာ ဒီမိုက ရေစီ ပြန်လည်တည်ဆောက်နေပါတယ်လို့ ကမ္ဘာကိုပြောနေပါတယ်။ နိုဝင်ဘာမှာ သူတို့က ရွေးကောက်ပွဲပြုလုပ်ဖို့ ရှိပါ တယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲက မြန်မာပြည်ကို စစ်မှန်တဲ့ ပြောင်းလဲမှုကို ဆောင်ကျဉ်းပေးမည့် ရွေးကောက်ပွဲ မဟုတ် ပါဘူး။ ဒီရွေးကောက်ပွဲဟာ စစ်အာရှင်စနစ် ဆက်လက်အာဏာ ချုပ်ကိုင်ထားဖို့အတွက် ပုံဖေါ်ထားတဲ့ ရွေးကောက်ပွဲသာ ဖြစ်ပါတယ်။ စစ်သားတချို့ စစ်ယူနီဖေါင်းက နေ အရပ်ဝတ်လဲလိုက်တဲ့ အပြောင်းအလဲသာ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ဘာမှမကွာခြားသွားတဲ့ အာဏာရှင်တမျိုးတည်းကို အရပ်ဝတ်နဲ့ ပုံစံပြောင်းပြီး ထပ်တွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ ပြည်သူတွေ ခံစားနေရတဲ့ ဝေဒနာတွေက ဆက်လက် ရှိနေဦးမှာ ဖြစ်ပါတယ်။
ပထမဦးဆုံးအနေနဲ့ ဘာတွေဖြစ်နေတယ်ဆိုတာ ကျွန်မ ပြောပြချင်တာက ကျွန်မတို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ဆက်လက်ပြီး အကျဉ်းကျနေပါတယ်။ သူမရဲ့ ပါတီဟာ ဖျက်သိမ်းခြင်း ခံထားရပါတယ်။ စစ်အုပ်စုကို ဆန့်ကျင်ပြီး ဘယ်သူပဲ ဘာပဲပြောပြော အကျဉ်းချခြင်း ခံရပါတယ်။ ဟာသ လုပ်တာတောင်၊ ကဗျာလေး စပ်တာတောင် အကျဉ်းကျခံကြရတယ်။ မီဒီယာ ဆင်ဆာကလည်း များသထက်များလာနေပါတယ်။ မြန်မာပြည် အရှေ့ပိုင်းက တိုင်းရင်းသား လူအနည်းစု ဧရိယာတွေမှာ အရပ်သားတွေကို ၀င်ရောက်တိုက်ခိုက်မှုတွေ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။ စာသင်ကျောင်းတွေကို ဖျက်ဆီးခံရတာ၊ ရွာတွေမီးရှို့ခံရတာနဲ့ ကလေးတွေ၊ ကလေးငယ်ငယ်လေးတွေပါမကျန် ပစ်သတ်ခံရတဲ့ အစီရင်ခံစာတွေကို Burma Campaign UK က လက်ခံရရှိထားတဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၁၅ နှစ်တာကာလအတွင်း ကျေးရွာပေါင်း ၃၅၀၀ ကို ဖျက်ဆီးခြင်း ခံခဲ့ရပါတယ်။ ဒါတွေဟာ စစ် အာဏာရှင်တွေက ကျွန်မတို့နိုင်ငံအတွက် ဒီမိုကရေစီ ဖေါ်ဆောင်တဲ့ လုပ်ရပ်တွေ မဟုတ်ပါဘူး။ ဒါတွေဟာ အာဏာကို သူ့အလိုလို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်တဲ့ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်လှတဲ့ လူသတ်သမားတွေရဲ့ လုပ်ရပ်သာ ဖြစ်ပါတယ်။
ကျွန်မအနေနဲ့ လေဘာပါတီနဲ့ မြန်မာနိုင်ငံအရေးကို ထောက်ခံအားပေးတဲ့ လေဘာအစိုးရကို ကျေးဇူးတင်စကား ပြောကြားချင်ပါတယ်။ လေဘာအစိုးရ (UK) ဟာ ကမ္ဘာပေါ်မှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လက်မခံတဲ့ အကြောင်း ကြေညာတဲ့ ပထမဦးဆုံး အစိုးရဖြစ်ပါတယ်။ သင်တို့အနေနဲ့ ဒီထက်ပိုမို အရှိန်ပြင်းတဲ့ တွန်းအားတွေနဲ့ ဆက်လက် ဦးဆောင်ပြီး မြန်မာနိုင်ငံအပေါ် EU က စီးပွားရေး ပူပေါင်းဆောင်ရွက်မှု ဖြတ်တောက်ရန်၊ ကမ္ဘာလုံးဆိုင်ရာ လက်နက် ရောင်းပေးမှု ဖြတ်တောက်ရန် တို့အတွက် ဖိအားပေးလုပ်ဆောင်ပေးပါ။ ကျွန်မအနေနဲ့ လေဘာအစိုးရ ၀န်ကြီးချုပ်ဟောင်း Mr Gordon Brown, နှင့် နိုင်ငံခြားရေး ၀န်ကြီးဟောင်း Mr David Miliband တို့ကို ကျွန်မတို့ မြန်မာနိုင်ငံ လွတ်မြောက် ရေးအတွက် လုပ်ရှားမှုကို ဘာအကျိုးအမြတ်မှ မရှိဘဲ လှိုက်လှဲစွာ ထောက်ခံအားပေးမှုအတွက် အထူးကို ကျေးဇူးတင် ကြောင်း ကျွန်မ ပြောကြားပါတယ်(လက်ခုပ်သံများ) ။ ဒီအတွက် ကျွန်မတို့ တကယ်ပဲ ၀မ်းမြောက်ရပါတယ်။
ဒါပေမဲ့ ကမ္ဘာကုလသမဂ္ဂကိုတော့ ကျွန်မအနေနဲ့ အခုပြောတဲ့အတိုင်း မပြောနိုင်ပါဘူး။ ကျွန်မတို့မှာ UN အထွေထွေ အတွင်းရေးမှူးဆီက မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်း message တွေမကြာခဏ လက်ခံရရှိပါတယ်။ ဒါပေမဲ့ ဘာလုပ်ဆောင်ချက်မှ မရှိခဲ့ပါဘူး။ မြန်မာစစ်အစိုးရဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်လို့ ထပ်ခါတလဲလဲ ဂတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ ဂတိမတည်ဘူး။ UN ကလည်း အခြေအနေ အပြောင်းအလဲကို စောင့်ကြည့်ရအောင်လို့ ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ အကျဉ်းထောင်ထဲမှာ သေကြရ မည့်အရေးကို ဘာကြောင့် ကျွန်မတို့ စောင့်ကြည့်နေဖို့ လိုသေးလဲ။ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရမည့် အရေးကို ဘာကြောင့် ကျွန်မတို့ စောင့်ကြည့်နေဖို့ လိုသေးလဲ။ နောက်ထပ် ရွာတွေထပ်ပြီး မီးရှို့ခံရမည့်အရေးကို ဘာကြောင့် ကျွန်မတို့ စောင့်ကြည့်ဖို့လိုသေးလဲ။ မျိုးဆက်တခုပြီးတခု ကလေးတွေဟာ ငတ်မွတ်ခေါင်းပါးကာ ကြောက်လန့်တကြားနဲ့ ကြီးပြင်းလာခဲ့ရတယ်။ သူတို့ရဲ့ ကလေးတွေကို ဆုံးရှုံးခဲ့ရတယ်။ UN နဲ့ တခြားတိုင်းပြည်ရဲ့ အစိုးရတွေဟာ ဒါကို လစ်လျူ ရှုကာ ဘာမှမလုပ်ပေးနိုင်ဘဲ နေမြဲတိုင်း နေနိုင်တယ်။ ဒီလို အဖြစ်ဆိုးတွေကို ဆက်လက်ပြီး လက်ခံနေလို့ မဖြစ်ဘူး။
မှန်ကန်တဲ့ ဖိအားမျိုးကို ပေးနိုင်ခြင်း မရှိခဲ့တဲ့အတွက် မြန်မာပြည်က ဗိုလ်ချုပ်တွေဟာ ဖိအားဆိုတာကို လုံးဝဂရုမစိုက်ဘူး။ နိုင်ငံတကာ ဖိအားဆိုတာ တကယ်ပဲ မရှိမဖြစ် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ အသုံးပြုလို့ ရသမျှ ဖိအားမှန်သမျှကို ကျွန်မတို့ အသုံးပြုဖို့ လိုပါတယ်။ ဗိုလ်ချုပ်တွေကို ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ သုံးပွင့်ဆိုင် ဆွေးနွေး ရေး ဖြစ်လာအောင် ဖိအားပေးဖို့ လိုအပ်ပါတယ်။ ကျွန်မတို့ ပိုမိုပြင်းထန်ပြီး ပိုမိုကောင်းမွန်တဲ့ စီးပွားရေး ပိတ်ဆို့မှုကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။ စစ်အုပ်စုကို ဒီလို စေ့စပ်ရေးအတွက် ဖိအားပေးဖို့ UN ဦးဆောင်တဲ့ စေ့စပ် ဆောင်ရွက်ရေး အောက်မှာ ကျွန်မတို့ ကမ္ဘာကြီး တခုလုံး ညီညွတ်ဖို့ လိုအပ်ပါတယ်။ UN ကော်မရှင်ကသွားပြီး စစ်အုပ်စုရဲ့ လူသား တွေအပေါ် ကျူးလွန်တဲ့ ကမ္ဘာ့ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးကို ဆောင်ရွက်ဖို့ လိုပါတယ်။
ဒီရွေးကောက်ပွဲကြီး ပြီးသွားရင် ကျွန်မအဖေတို့ကို ထောင်ထဲ သွင်းထားတဲ့ ဥပဒေတွေ အပါအ၀င် စစ်အာဏာရှင်စနစ်ကို ထောက်ပံ့ပြီး မတရား ဖိနှိပ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေ အားလုံး တရားဝင် ဖြစ်သွားလိမ့်မယ်။ တခါတလေ ကျမမှာ မျှော်လင့်ချက်ကင်းမဲ့သလောက်နီးပါး ခံစားရမိပါတယ်။ တခါတလေ ကျမအဖေကို ကျမတသက် ဘယ်တော့မှ ပြန်တွေ့ နိုင်တော့မှာ မဟုတ်တော့ဘူးလို့ ထင်မိတယ်။ ဒါပေမယ့် ကျမဟာ ကျမအဖေရဲ့ ရဲစွမ်းသတ္တိရှိမှုကို အမှတ်ရနေပါတယ်။ သူဟာ ဘယ်လောက်ပဲ ဝေဒနာ ခံစားနေရပါစေ သူဘယ်တော့မှ ယုံကြည်ချက်ကို စွန့်လွှတ်မှာ မဟုတ်ဘူး ဆိုတာ ကျွန်မ သိနေတယ်။ ကျွန်မတို့ဟာ လွတ်လပ်မှုရဲ့ အောင်ပွဲကို ဆင်နိုင်မယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဒီအတွက် သင်တို့ရဲ့ အကူအညီကို လိုအပ်ပါတယ်။ သင်တို့ဟာ တောင်အာဖရိကကို အကူအညီပေးဖို့အတွက် ရောက်ခဲ့ပါတယ်။ ထို့အတူ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှုအတွက်လည်း အကူအညီပေးကြပါ။ ကျေးဇူးတင်ပါတယ်။

မေးလ်မှရရှိသည်။

(ဘာသာပြန်သူအားမှတ်တမ်းတင်ကျေးဇူးတင်ရှိပါသည်။)

အောက်တိုဘာ ၁
ကိုတီး။ ထိုင်းဘာသာပြန်(ရခိုင့်တံခွန်ဂျာနယ်)
ယာယီပတ်စပို့ လုပ်ခ ၄၅၀၀ ဘတ်ထက်ပိုယူပါက ဖုန်းနံပါတ် ၁၅၀၆ သို့ တိုင်ကြားနိုင်ကြောင်း ထိုင်း အလုပ်သမား ၀န်းကြီး စလုန်ချိုင်း chlermchai က ၀န်ကြီးဌာန ဆွမ်းကျွေးပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား တွင် ပြောကြားလိုက်သည်။
ထိုင်းနိုင်ငံအတွင်း စာရွက်စာတမ်းမပြည့်စုံသော ရွေ့ပြောင်းအလုပ်သမား နှစ်သန်းကျော်တို့အား တရားဝင် ပြုလုပ်ပေးတော့မည် ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ၁၇နှစ်မြောက်ဆွမ်းကျွေးပွဲနေ့နှင့် ၀န်ထမ်း ကောင်းများ ဆုချီးမြှင့်သည့် အခမ်းအနားတွင် အလုပ်သမား ၀န်ကြီးအသစ်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။
တစ်နေ့ ကိုယာယီပတ်စပို့ ၂၀၀၊၃၀၀ခန့်သာ ပြီးစီးနေခြင်းကိုလည်း တစ်နေ့ အနည်းဆုံး၁၀၀၀ ပြီးစီးအောင် မြှင့်တင် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၀န်ကြီးက ပြောဆိုသည်။
အလုပ်သမားဝန်ကြီးဌာနမှ လုပ်ကိုင်ဆောင်ရွက်လိုက်သဖြင့် နိုင်ငံခြားသို့ ထွက်ခွာပြီး အလုပ်လုပ် ကိုင်ကြသည့် ထိုင်းလူမျိုးများအတွက် စရိတ်စက အထူးသက်သာ ချောင်ချိသွားပြီးဖြစ်သည်။ ယခင်က ဘတ်သိန်းချီပေးရသည့် နိုင်ငံခြားထွက် အလုပ်လုပ်ကိုင်သည့် ကိစ္စရပ်အတွက် ဘတ်ငွေနှစ်သောင်းမှ သုံးသောင်းအထိသာ ကုန်ကျပါတော့သည်။ တရားမ၀င် အလုပ်သမားများ ပို့ဆောင်ပေး နေသော ကုမ္ပဏီ ၅ခုတို့ အားလည်း အပြစ်ပေး အရေးယူနေဆဲဖြစ်သည်။
ထိုင်းနိုင်ငံသားများလည်း အခြားနိုင်ငံများသို့ ထွက်ခွာ အလုပ်လုပ်ကိုင်နေသကဲ့သို့ အခြားနိုင်ငံကလည်း ထိုင်းနိုင်ငံ အတွင်းသို့ လာရောက် အလုပ်လုပ်ကိုင်နေကြဆဲ ဖြစ်သဖြင့် ကိုယ်ချင်းစာကြောင်း ၀န်ကြီးက ပြောဆိုသည်။
ပြီးခဲ့ ၂၆ ရက်ထုတ် ဒေလီးနယူးသတင်းစာတွင်ရေးသားဖေါ်ပြထားသော သတင်း ဖြစ်ပါသည်။
Photobucket

ရန်ကုန် ၊ စက်တင်ဘာ ၂၇၊ ၂၀၁၀ ။
ရွေးကောက်ပွဲကော်မရှင်မှ ပါတီမှတ်ပုံမတင်သဖြင့် ပျက်ပြယ်ပြီဟု ကြေငြာထားသော်လည်း ရန်ကုန်မြို့ရှိ NLD ဒုတိယ ဥက္ကဌ ဦးတင်ဦး၏နေအိမ်တွင် ပါတီဝင် ၁၅၀ ခန့်က NLD ဖွဲ့စည်းခြင်း ၂၂ နှစ်မြောက် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ပါသည်။
ထိုအခမ်းအနားတွင် NLD ဒုတိယဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးနှင့် ဗဟိုကော်မတီဝင် ဦးဝင်းတင် တို့က ဒီမိုကရေစီရေး ကြိုးပန်းဆောင်ရွက်မှုများကို ဆက်လက်အားမြှင့်ဆောင်ရွက်သွားရန် တိုက်တွန်းခဲ့ ပါသည်။
NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ရွေးကောက်ပွဲကော်မရှင် အနေနှင့် NLD ပါတီကို ပျက်ပြယ်သွားစေရန် ပြုလုပ် နိုင်သော လုပ်ပိုင်ခွင့် မရှိကြောင်းပြောဆိုခဲ့သည်။
ထို့ကြောင့် ဦးဝင်းတင်နှင့် ပါတီခေါင်းဆောင်များသည် နိုင်ငံအနှံအပြားရှိ ပါတီရုံးများသို့ သွားရောက်ခဲ့ပြီး ပါတီဝင်များနှင့် NLD ကိုထောက်ခံသူများကို NLD ၏ဆိုင်းဘုတ်အောက်တွင် စုစည်းညီညွတ်စွာဖြင့် ဆောင်ရွက်ကြရန် ဆွေးနွေးပြောဆိုခဲ့ကြသည်ဟု လည်းဆိုပါသည်။
ဒေါ်အောင်ဆန်းစုကြည်လည်း ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်ကို ပယ်ဖျက်ပေးရန် ဗဟို တရားရုံးချုပ်သို့ လျှောက်ထားရန် ပြင်ဆင်နေသည်ဟု ဆိုပါသည်။

ထို့အတူ NLD ၏ ၂၂ နှစ်မြောက် အခမ်းအနားများကို ထိုင်းနိုင်ငံ မဲဆောက်နှင့် အခြားဒေသများတွင်လည်း ကျင်းပ ပြုလုပ်ခဲ့ကြသည်ဟု သိရပါသည်။

ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)

October 2010
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
Photobucket

OUR LOGO

Photobucket

"တပ်မတော် အပေါ်မှာ စိတ်ကောင်း စေတနာကောင်း ကလွဲပြီး ဘယ်လိုမှ သဘော မထားပါဘူး။ အဲဒီ အစွဲဟာ ဒီတပ်မတော်ဟာ ကျမ ဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော် ဖြစ်နေတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်"

လာလည်ကြသူများ

ဘယ်နိုင်ငံက လာကြသလဲ

Enter your email address to subscribe to this blog and receive notifications of new posts by email.

Join 4 other subscribers

ရေးပေးခဲ့ချင်တာရှိရင်

ဒီမှာနှိပ်ပြီးရေးပေးခဲ့ပါ View shoutbox
ShoutMix chat widget