You are currently browsing the daily archive for October 31, 2010.

Yemen holds student in jet bomb probeYemeni security forces block a street in the capital Sanaa, 30 October

Yemeni security forces arrest a female medical student suspected of posting bombs found on cargo jets in Dubai and the UK.

Presidential candidates Dilma Rousseff and Jose Serra together in their final televised debate on 29 OctoberBrazil to choose next president

Brazilians are set to elect a president to replace Luiz Inacio Lula da Silva, with the governing party’s Dilma Rousseff favoured to defeat rival Jose Serra.

Relief Efforts Slow to Reach Arakan’s Devastated Coast

By BA KAUNG
Local relief groups report the government is downplaying the extent of the damage from Cyclone Giri.

Hanoi Holiday for the Junta

By SIMON ROUGHNEEN
The Asean Summit in Hanoi publicly appears to have dropped the issue of Burma’s controversial elections.

Views Differ on UN Commission of Inquiry on Burma: US

By LALIT K JHA
The US is conducting discussions with UN member states regarding differing opinions toward a Commission of Inquiry on Burma.

Weekly Business Roundup (Saturday, October 30, 2010)

By WILLIAM BOOT
BANGKOK—A senior American Senator is urging the US government to more actively engage with the Than Shwe regime in order to avoid pushing Burma into becoming a client state of China.

Philippines: Flawed Burma Vote Will Damage Asean

By THE ASSOCIATED PRESS
The Philippines says the Association of Southeast Asian Nations will be undermined if next month’s elections in military-ruled Burma are a sham.

Asia Society Urges Vigilant Engagement
By LALIT K JHA
An updated report by the Asia Society Task Force recommends the US remains vigilant while pursuing an engagement process aimed at political progress in Burma.

News editor tortured, given 13 years

Editor of Karenni-based news journal had been in Insein prison for one year before being charged under a raft of media laws PM’s party claims 18m members thumbnail

PM’s party claims 18m members

Union Solidarity and Development Party set to win more than 50 seats uncontested as candidate rejects accusations of corruption India cautions on ‘adverse’ UN probe thumbnail

India cautions on ‘adverse’ UN probe

Indian diplomat warns that investigation into war crimes in Burma could be counter-productive and adversely affect Burmese citizens Junta poised to hold power until parliaments convened

Htay-OoBurma’s ruling military junta will hold on to power until the country’s various parliaments are convened …

Suu Kyi legal team expects her release before election

assk-0ct15sOpposition leader Aung San Suu Kyi looks set for release before nationwide elections to be held in …

Karenni troops launch attack on Burmese Army outpost

Karenni-Army-training_sKarenni troops launched a full armed assault on a Burmese Army outpost in Loikaw Township, Karenni …

Win Tin slates UN head’s rights report omissions

win-tin-nld00sNLD co-founder and former political prisoner Win Tin expressed extreme disappointment that UN …

Protesters target Air Bagan for boycott over junta links

boycott-air-bagan3sA group of westerners launched a boycott against Air Bagan in northern Thailand yesterday over its …

ကုလ အတွင်းရေးမှူးချုပ် ၀န်ကြီးချုပ် ဦးသိန်းစိန်နဲ့ သီးခြားတွေ့ဆုံ

ရွေးကောက်ပွဲတွေ ပွင့်လင်းမှုရှိဖို့နဲ့ အားလုံးပါဝင်နိုင်ဖို့ မြန်မာစစ်အစိုးရ၀န်ကြီးချုပ်ကို ကုလ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။

သတင်းအပြည့်အစုံ | နားဆင်ရန်

ထိပ်တန်းသတင်းများ

သတင်း အချက်အလက်များ ပြည်ပသို့ မထွက်စေရန် အင်တာနက်ကို နေ့ခင်းဘက် ဖြတ်တောက်
မိုးမခ အထောက်တော်၊ ရန်ကုန်
အောက်တိုဘာ ၃၁၊ ၂၀၁၀

အင်တာနက်က အင်တာပျက် ဖြစ်နေသောကြောင့် ဆိုင်အတွင်း ဂိမ်းကစားခြင်းသာ ပြုလုပ်နိုင်သည်။

ယခုလ ၂၅ ရက်နေ့ ၀န်းကျင်မှ စတင်ကာ အင်တာနက် ဆက်သွယ်မှုကို နေ့ခင်းပိုင်းတွင် ဖြတ်တောက်ထားပြီး ညဦးပိုင်းနှင့် ညနက်ပိုင်းတွင်သာ ဖွင့်ပေးလျက်ရှိသည်ကို တွေ့ရသည်။ ထို့အပြင် အခြား နယ်မြို့များတွင် လုံးဝ နီးပါး ပြတ်တောက်နေသည်ဟုလည်း မွန်ပြည်နယ် မော်လမြိုင်မြို့မှ သုံးစွဲသူများ၏ ပြောဆိုချက်အရ သိရှိရသည်။
အပြည့်အစုံသို့ …

ဆက်ဖတ်ရန် …

နာဂစ် ဖွဲ့စည်းပုံနှင့် ဂီရိ ရွေးဂေါက်ပွဲ

နာဂစ် ဖွဲ့စည်းပုံနှင့် ဂီရိ ရွေးဂေါက်ပွဲ ဖိုးရှုပ်။     ။ ဦးရုက္ခစိုး … ကြည့်စမ်းပါဦး။ နေပြည်တော် မီးလောင်နေပြီထင်တယ်။ရုက္ခစိုး။     ။ မဟုတ်ဘူးဟ။ ချိုကုပ်ဒူးကြီး စတိတ်ရှိုးဆိုမလို့ မီးခိုးမှိုင်းတိုက်တာ ဖြစ်မယ်။

ဆက်ဖတ်ရန် …

CoI ဖွဲ့စည်းရေး မထောက်ခံရန် တရုတ် စည်ရုံး

စစ်အစိုးရ၏ စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများကို စစ်ဆေးရန် စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့စည်းရေးကို မထောက်ခံကြရန် နယူးယောက်မြို့ရှိ ကုလသမဂ္ဂ

ရွေးကောက်ပွဲကြောင့် အပြောင်းအလဲ မဖြစ်နိုင်ဟု တိုင်းရင်းသားများပြော

စစ်အစိုးရက ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲရလဒ်မှ မည်သည့် နိုင်ငံရေးပြောင်းလဲမှုမျှ ဖြစ်လာမည်မဟုတ်ဟု ပြည်ပအခြေစိုက် တိုင်းရင်းသား အဖွဲ့အစည်းများက ပြောဆိုလိုက်သည်။မြန်မာ့အရေး

ဒေါ်အောင်ဆန်းစုကြည်အမှု နေပြည်တော်တွင် ကြားနာ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် အယူခံအမှုကို နေပြည်တော်ရှိ တရားရုံးချုပ်က ယနေ့ လက်ခံကြားနာ စစ်ဆေး

ရန်ကုန်တွင် မဲမပေးလိုသူ ၇၀ ရာခိုင်နှုန်းရှိ

မကြာသေးမီက ကောက်ယူထားသော လူထုစစ်တမ်းအရ ကျင်းပရန် ရက်ပိုင်းမျှသာ လိုတော့သည့် ရွေးကောက်ပွဲတွင် မဲမပေးလိုသူ ၇၀ ရာခိုင်နှုန်းခန့် ရှိသည်ဟု သိရသည်။ ဆန္ဒမဲပေးရန် အမည်စာရင်းကို

ဂီရီကြောင့် ဆန်နှင့် ကြက်သွန် ဈေးတက်

ဂီရိ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် ဆန်များကို ပြည်တွင်း ဈေးကွက်သို့ တင်ပို့နိုင်ခြင်း မရှိသည့်အတွက် ဆန်ဈေးနှုန်း မြင့်တက်သွားကြောင်း သိရသည်။ရခိုင်ပြည်နယ်မှ ထွက်သည့်

CoI ဖွဲ့စည်းရေး အမေရိကန် ဖိအား ထပ်ပေးမည်

မြန်မာ စစ်အစိုးရ၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ပြစ်မှုများကို စစ်ဆေးရန် စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့စည်းရေးအတွက် အမေရိကန် အစိုးရက ဆက်လက်


 

more

more

more

more

more

 

 

more

more

more

နိုင်ငံခြားသားများ အဲပုဂံကို ဆန့်ကျင်ဆန္ဒပြ

boycott-air-bagan-placardsssssမြန်မာစစ်အစိုးရနှင့် နီးစပ်သော စီးပွါးရေး ပတ်သက်မှုများရှိသည့် စီးပွါးရေး လုပ်ငန်း …

 

ဒေါ်အောင်ဆန်းစုကြည် လွတ်လိမ့်မည်ဟု မျှော်လင့်နေ

assksရွေးကောာက်ပွဲမတိုင်မီ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် …

2010-10-30

စစ်မှန်တဲ့ရွေးကောက်ပွဲ မြင်တွေ့လိုကြောင်း နယူးဇီလန်နဲ့ ဖိလစ်ပိုင် ပြောကြား

2010-10-30
မြန်မာစစ်အစိုးရ ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတလိမ့်မယ်လို့ မယုံကြည် ကြောင်း ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပ ပြီးစီးသွားတဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ နယူးဇီလန် ဝန်ကြီးချုပ် John Key က ဒီကနေ့ ပြောလိုက်ပါတယ်။
2010-10-30

တိုင်းရင်းသားဒေသက လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အထူးအစီအစဉ်

ရွေးကောက်ပွဲ မတိုင်ခင် တိုင်းရင်းသား ဒေသအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေနဲ့ ရွေးကောက်ပွဲလွန် ကာလမှာ ဘယ်လို ဆက်ဖြစ်လာနိုင်သလဲဆိုတာကို တိုင်းရင်းသားတွေရဲ့ အတွေ့အကြုံ အမြင်တွေနဲ့ ယှဉ်တွဲတင်ပြထားပါတယ်။

2010-10-30

ရွေးကောက်ပွဲဆန့်ကျင် အစီရင်ခံစာ ထွက်

မြန်မာစစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲ ဘန်းပြထားတဲ့ အာဏာရှင်စနစ် Competitive Authoritarianism ကို အစပြုလိုက်တာ ဖြစ်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ လှည့်ဖြားထားတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်ကို ကျော်လွှားသိမြင်ဖို့ ဝတ္တရားရှိတယ်လို့ ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် Burma Independence Advocates အဖွဲ့က အစီရင်ခံစာတစောင် မနေ့က ထုတ်ပြန်ပါတယ်။

2010-10-30

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လူထုကို ခြိမ်းခြောက်

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်သူတွေကို ငွေပေး စည်းရုံးနေသလို သူတို့ ပါတီကို မဲမထည့်မနေရ ဆိုပြီး ခြိမ်းခြောက် စည်းရုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2010-10-30

မြန်မာရွေးကောက်ပွဲ စင်္ကာပူ အတိုက်အခံပါတီ လက်မခံ

စင်္ကာပူနိုင်ငံ ဟွန်လင်း ပန်းခြံမှာရှိတဲ့ Speakers’ Corner မှာ စင်ကာပူ အတိုက်အခံပါတီက ဦးဆောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံကြောင်း ကန့်ကွက်ပွဲတခု ကျင်းပခဲ့ပါတယ်။

2010-10-30

ဟီလာရီ ကို မြန်မာ့အရေးအတွက် HRW က ကြိုဆို

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က မြန်မာ့အရေး ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံလိုက်တဲ့ အတွက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ကြိုဆိုလိုက်ပါတယ်။

(၁) ၈၈ အရေးတော်ပုံကြီးရဲ့ မဟာသူရဲကောင်း ရဟန်းပြည်သူ၊ ကျောင်းသားအပေါင်းတို့ နိုးထကြလော့။
(၂) စစ်အာဏာရှင်အလိုကျ ပြင်ဆင်ထားသော ရွေးကောက်ပွဲကို မပါဝင် မပူးပေါင်း၊ မဲမပေးဘဲနေခြင်းဖြင့် သပိတ်မှောက်ကြလော့။ အကယ်၍ မဲမပေးမဖြစ် မဲပေးရပါက ပယ်မဲများဖြစ်အောင် လုပ်ကြကုန်လော့။
(၃) သင်တို့ အသီးသီးက တဦးချင်းစီဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ ၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကို သစ္စာရှိစွာဖြင့် နီးစပ်ရာ ရဟန်းရှင်လူ ပြည်သူ၊ ကျောင်းသား၊ တပ်မတော်သားတို့ကို စည်းရုံးပြီး ရှင်းပြကြကုန်လော့။ သပိတ်တိုက်ပွဲမှာ ပါဝင်နိုင်အောင် အားထုတ်ကြကုန်လော့။
(၄) ကိုယ်ကိုးကွယ်သည့် ဘုန်းကြီးကိုပင် ကိုယ်ပြန်သတ်ခဲ့တဲ့ စစ်အစိုးရ၊ ကိုယ့်တိုင်းရင်းသားများ၊ ကိုယ့်လူမျိုး၊ ကျောင်းသားများကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သော စစ်အာဏာရှင် သက်ဆိုးရှည်ရေးကို အတည်ပြုပေးရာ ရောက်သည့် မဲပေးခြင်းအလုပ်ကို ကန့်ကွက်ရှုတ်ချကြလော့။
(၅) လူထုက ဘယ်ပါတီကို မဲပေးပေး အဓိက အာဏာရသွားမှာနဲ့ ဆက်အုပ်ချုပ်မှာကတော့ စစ်တပ်ကိုယ်တိုင်နဲ့ စစ်တပ်ကထောင်ထားတဲ့ (ကြံ့ဖွံ့)ပါတီပါပဲ။
(၆) ကျန်တဲ့ အရပ်သားအမည်ခံ အချောင်သမားတွေ၊ သစ္စာဖောက်တွေကတော့ အရိုးအရင်း ကိုက်ကြပေါ့။ လွှတ်တော်ရဲ့ ခုံကြိုခုံကြားကနေ ‘ဝေလေလေ’ အော်ရသူ အဆင့်လောက်ပါ။ သင်္ကြန်အမြောက် ဖောက်ကြပေါ့။
(၇) ဘာကြောင့် ဒီလိုပြောရတာလည်း ဆိုရင် လွှတ်တော်ကိုယ်စားလှယ် (၁၁၇၁) နေရာမှာ စစ်တပ်က ၂၅% ယူထားပြီး စစ်တပ်ပါတီ(ကြံ့ဖွံ့)က ပြိုင်ဘက်မရှိ နေရာ (၅၄) နေရာ ယူထားကြပြီ။ (၂၈၃ + ၅၄ = ၃၃၇ နေရာ)
(၈) ဒါကြောင့် န.အ.ဖရဲ့ မျက်လှည့်ဝိုင်းမှာ (စစ်ဘီလူးရဲ့ လူယောင်ဆောင်ပွဲကြီးမှာ) နိုင်ငံရေးနားမယောင်ကြပါနဲ့။ မဲပေးသင့်မသင့် သေချာစဉ်းစားကြပါ။
(၉) ဒီမိုကရေစီ ဘက်တော်သားတို့ ကြားထိုင်နေရမယ့်အချိန်၊ တွေဝေနေရမယ့် အချိန်မဟုတ်တော့ဘူး။
ပြတ်ပြတ်သားသား ဆုံးဖြတ်ရမယ့် အချိန်ရောက်ပြီ။
(၁၀) န.အ.ဖ စစ်အာဏာရှင်နဲ့ ဒီမိုကရေစီဘက်တော်သားတို့ အားပြိုင်ပွဲ၊ မကြမ်းမဖက် အနုနည်းနဲ့ တိုက်ပွဲကြီးစလေပြီ။
(၁၁) ကြိုက်တဲ့နည်းနဲ့ သူတို့အနိုင်ယူပါစေ၊ မဲမပေးတဲ့သူများရင် တို့နိုင်ပြီး စစ်အာဏာရှင်ရှုံးပြီ။
(၁၂) ပြည်တွင်း ပြည်ပမှာ အရှက်ကွဲပြီ။ သူတို့ကို တရားဝင်အုပ်စိုးမှု (Legitimacy) ကို ပြည်သူတွေများစုက မကျေနပ်ကြတာပေါ်သွားပြီ။
(၁၃) နောင်တိုက်ရမယ့် ဒီမိုကရေစီရေးတိုက်ပွဲတွေအတွက် စစ်အာဏာရှင်တို့ ပွဲဦးထွက် အကြီး အကျယ်ရှုံးပြီ။
(၁၄) ပြည်သူတို့ တွေဝေမနေကြနဲ့။ န.အ.ဖ စစ်အာဏာရှင်ကို အကြမ်းမဖက်၊ အနုနည်းနဲ့ ရွေးကောက်ပွဲ သပိတ်မှောက်သောနည်းဖြင့် တိုက်ပွဲဝင်ကြလော့။
(၁၅) သင့်မဲများဖြင့် စစ်အာဏာရှင်တို့ကို ပြည်တွင်းနဲ့ နိုင်ငံတကာမှ အသိအမှတ်ပြုစေမည့် အလုပ်မျိုး မလုပ်မိကြပါစေနဲ့။
(၁၆) ဤသို့ သပိတ်မှောက် ဆန္ဒပြနည်းနဲ့ ဒီမိုကရေစီဘက်တော်သားများ၊ တိုင်းရင်းသားများနှင့် စစ်အာဏာရှင်တို့ တွေ့ဆုံဆွေးနွေးပွဲဖြစ်အောင် တိုက်ပွဲဝင်ကြပါစို့။
(၁၇) လူထုခေါင်းဆောင် ‘ဒေါ်အောင်ဆန်းစုကြည်’ ရဲ့ အောက်ပါ အမှာစကားလေးကို တင်ပြရင်း တပ်လှန့်နှိုးဆောက်လိုက်ပါတယ်။
နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်ရှိသလို၊ မဲမပေးဘဲ နေပိုင်ခွင့်လည်းရှိသည်။ အတင်းအဓမ္မမဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်။
(သပိတ်တိုက်ပွဲများ ကော်မီတီ)

ပြည်တွင်းမှ မေးဖြင့်ပေးပို့လာသဖြင့် ထပ်ဆင့်ဖြန့်ဝေခြင်းဖြစ်ပါသည်။

(၁) ၂၀၁၀ ခု၊ နိုဝင်ဘာ(၇)ရက်နေ့တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲများဆိုသည့် အတုအယောင် ရွေးကောက်ပွဲကြီးကို ကျင်းပတော့မည် ဖြစ်ပါသည်။
(၂) ယင်းရွေးကောက်ပွဲများတွင် အောက်ပါ ပါတီအဖွဲ့အစည်းများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပါတီများသည် ပြည်သူတို့၏ တန်ဖိုးမဖြတ်နိုင်သော မဲလက်မှတ်များကို ပေးသင့်သည့် ပါတီများ မဟုတ်ကြောင်း အောက်ပါအတိုင်း တင်ပြအပ်ပါသည်။
(က) “ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ”
ယင်းပါတီသည် စစ်အာဏာရှင်တစုတို့က နိုင်ငံတော်အာဏာကို အလွဲသုံးစားပြုကာ ကြီးမှူးတည်ထောင်ခဲ့သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကြီးကို ဖျက်သိမ်း၍ ယင်းအသင်း၏ ရန်ပုံငွေများ၊ ပိုင်ဆိုင်ပစ္စည်းများ၊ လုပ်ပိုင်ခွင့်များကို တရားဥပဒေမဲ့ သိမ်းယူကာ တည်ထောင်ထားသည့် ပါတီဖြစ်ပါသည်။ ယင်းပါတီသည် စစ်အာဏာရှင်များက “စွမ်းအားရှင်” အမည်ခံ လူဆိုးလူမိုက်များကို လက်သပ်မွေးပြီး ရဟန်းသံဃာတော်များ၊ ဒီမိုကရေစီအင်အားစုများကို ရက်စက်စွာ သတ်ဖြတ်ညှဉ်းပန်း နှိပ်စက်စေခဲ့သော ပါတီဖြစ်ကြောင်း ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြုမှု၊ ဒီမိုကရေစီရေးတောင်းဆို ဆန္ဒပြုမှု၊ ၂၀၀၇ခု၊ သံဃာတော်များ၏ ပြည်သူများခံစားနေရသည့် ဒုက္ခအပေါင်းမှ လွတ်မြောက်စေရန် မေတ္တာပို့သ လှည့်လည်ဆန္ဒဖော်ထုတ်မှု စသော အရေးတော်ပုံများတွင် ကြံ့ခိုင်ရေးပါတီဝင်များနှင့် လက်ပါးစေ “စွမ်းအားရှင်” များ၏ ရက်စက်စွာ ဒီမိုကရေစီဘက်တော်သားများကို သတ်ဖြတ်ရိုက်နှက်မှုများက သက်သေခံလျက်ရှိပါသည်။
(ခ) “တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တ.စ.ည)”
စစ်အာဏာရှင် ဗိုလ်နေ၀င်းဦးဆောင်၍ ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်အာဏာကို မတရားသိမ်းယူလျက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မ.ဆ.လ)ကို တည်ထောင်ခဲ့ပါသည်။ ယင်း မ.ဆ.လ ပါတီလမ်းစဉ်ကြောင့် တတိုင်းပြည်လုံး ဒုက္ခတွင်းနစ်၍ ကမ္ဘာတွင် အဆင်းရဲဆုံး (ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး) နိုင်ငံဖြစ်ပြီး ယနေ့တိုင် ထိုင်း၊ မလေးရှား၊ စင်ကာပူ စသည့် နိုင်ငံများတွင် ပြည်သူများသည် ကျွန်ခံနေရခြင်း၊ ပြည့်တန်ဆာဘ၀ရောက်ရခြင်း စသော အဖြစ်ဆိုးများကို ဖြစ်ပေါ်စေခဲ့ပါသည်။ မ.ဆ.လ ပါတီသည် ကျောင်းသား၊ အလုပ်သမားများစွာကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော ပါတီဖြစ်ပါသည်။ ယင်း တ.စ.ည ပါတီသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီပိုင် တနည်းအားဖြင့် နိုင်ငံတော်ပိုင် ငွေကြေးများ။ ပစ္စည်းများနှင့် တစ်ကွ အဆိုပါ မ.ဆ.လ ပါတီ၏ မူဝါဒများကို ဆက်ခံထားသော ပါတီဖြစ်ပါသည်။
(ဂ) “ဒီမိုကရေစီ ဘက်တော်သားအမည်ခံ ခါတော်မှီ နိုင်ငံရေးပါတီများ”
ယင်းပါတီများသည် ပြည်သူများ၏ ဒုက္ခအဖုံဖုံနှင့် ငိုကြွေးမြည်တမ်းနေရသော သောက၊ ပရိဒေ၀များကို မျက်ကွယ်ပြုလျက် တိုင်းပြည်အား ထာဝရ စစ်ကျွန်ပြုမည့် ၂၀၀၈ခု၊ အခြေခံဥပဒေကို “ လေးစားလိုက်နာပါမည်” ဟူသော ကတိကို စစ်အာဏာရှင်များထံ ရိုကျိုးစွာ ပေးအပ်ပြီး တည်ထောင်ခဲ့ကြသော အချောင်သမား၊ ကိုယ်ကျိုးရှာ ပြည်သူ့သစ္စာဖောက်များ၊ “အရိုးကလေးပဲ ကိုက်ရကိုက်ရ” စစ်အာဏာရှင်၏ လက်ဝေခံပြုလုပ်လိုသူများဖြင့် ဖွဲ့စည်းထားသော ပါတီများဖြစ်ပါသည်။ မိုးသံကြား၍ ထအော်ကြသော ဖားများဖြစ်၍ သီလကြောင်၊ အကျင့်ပျက် အခွင့်အရေးသမားများဖြင့် ပြည့်နှက်နေသော ပါတီများဖြစ်ပါသည်။ လွှတ်တော်တွင် တစုံတရာကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်စွမ်း မရှိမှန်းသိလျက် ပြည်သူ့မဲကို လိမ်ညာယူရန် ကြံဆောင်နေကြသော လူလိမ်လူညာများပိုင် ပါတီများဖြစ်ပါသည်။
(ဃ) “တသီးပုဂ္ဂလများ”
ယင်းပုဂ္ဂိုလ်များတွင် အများစုသည် တိုင်းပြည်ဒုက္ခရောက်ချိန်တွင် စစ်အာဏာရှင်နှင့် ပူးပေါင်းပြီး ကိုယ်ကျိုးရှာ၊ ချမ်းသာလာခဲ့ကြသောသူများ၊ စစ်အာဏာရှင်ကို မျက်လုံးစုံမှိတ် ထောက်ခံကာ “ဘယ်သူသေသေ ငတေမာပြီးရော” ဆိုသည့် စကားနှင့်အညီ စစ်အာဏာရှင်၏ ဒေါက်တိုင်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။
(၃) မည်သူ့ကိုမျှ မဲမပေးဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သောကြောင့် ဒီမိုကရေစီပန်းတိုင်သို့ ရောက်ခဲ့သော နိုင်ငံများ အများအပြားရှိခဲ့ပါသည်။
(၄) ရွေးကောက်ပွဲသပိတ်မှောက်ခြင်းကြောင့် အောက်ပါ နိုင်ငံများသည် စစ်မှန်သော ဒီမိုကရေစီကို ရရှိခဲ့ကြပါသည်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အစိုးရက ပြုလုပ်ပေးခဲ့ကြရပါသည်။
(က) ၁၉၉၇ ခုနှစ်၊ အင်ဒိုနီးရှား ရွေးကောက်ပွဲသပိတ်အပြီးတွင် ရွေးကောက်ပွဲဥပဒေနှင့် သမ္မတ အာဏာဆိုင်ရာ ပြောင်းလဲမှုများ ထွက်ပေါ်ခဲ့ပါသည်။
(ခ) ၂၀၀၀ ပြည့်နှစ်၊ ဟေတီရွေးကောက်ပွဲသပိတ်အပြီးတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ စီမံခန့်ခွဲရေးအဖွဲ့အစည်းတခု ပေါ်ထွက်လာခဲ့ပါသည်။
(ဂ) ၁၉၉၆ ခုနှစ်၊ ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲသပိတ်အပြီးတွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲမျာွးမတိုင်မီ ကြားနေအိမ်စောင့်အစိုးရ ကြိုတင်ဖွဲ့စည်းရေးဆိုင်ရာ ဥပဒေထွက်ပေါ်လာပါသည်။
(ဃ) ၁၉၉၇ ခုနှစ်၊ မောရစ်တေးနီးယား ရွေးကောက်ပွဲသပိတ်အပြီးတွင် နိုင်ငံရေးပါတီများက ပြည်သူ့ဘဏ္ဌာငွေသုံးစွဲခွင့်ဘတ်ဂျက် ချမှတ်ခြင်း ပြုလုပ်နိုင်ခဲ့သည့် ဥပဒေ ပေါ်ထွက်ခဲ့ပါသည်။
(၅) စစ်အာဏာရှင်၏ “၂၀၀၈ ခု၊ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်” ဟူသော စစ်ကျွန်ခံကတိကိုပြုပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ခြင်းမှတပါး အခြားမရှိဟူသော လိမ်ညာလှည့်စားမှုများကို ပြုခဲ့ကြသော ကိုယ်ကျိုးရှာသမားများသည် အထက်ပါနိုင်ငံများ၏ ဒီမိုကရေစီရေးဖြစ်ပေါ်တိုးတက်မှုကို မျက်ကွယ်ပြု၍ လူထုကို လိမ်ညာ “မဲ” တောင်းနေကြကြောင်း ထင်ရှားသိသာပါသည်။
(၆) အထက်တွင် ဖော်ပြခဲ့သော ပါတီများ၊ ပုဂ္ဂလိကများနှင့် ပတ်သက်သည့် သမိုင်းရေးဆိုင်ရာ အကြောင်းပြချက်များကြောင့် ယင်းပါတီများနှင့် ပုဂ္ဂလိကများကို မဲပေးရန် မဲရုံသို့ မသွားသင့်ပါ။ လူယုတ်မာ၊ လူရမ်းကားများနှင့် အချောင်သမားများအား အားပေးအားမြှောက်မလုပ်သင့်။ မိမိပေးသော မဲဖြင့် မိမိကိုယ်ကို စစ်ကျွန်ပြုရန်၊ စစ်အာဏာရှင်လက် “၀ကွက်အပ်သည့် အလုပ်” ကို မလုပ်ကြပါနှင့်။

 

(၇) အထက်တွင် ဖော်ပြခဲ့သော အကြောင်းပြချက်များ၊ ဖြစ်ရပ်များကြောင့် စစ်မှန်သော ဒီမိုကရေစီကို မြတ်နိုးကြသော လူထုကြီးသည် ၂၀၁၀ ခု၊ ရွေးကောက်ပွဲကို လုံးဝသပိတ်မှောက်ကြပါ။ ဒီမိုကရေစီရေးနှင့် အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ကြပါ။
(၈) မဲဆန္ဒရှင် ပြည်သူများ မည်သူ့ကိုမျှ ကြောက်စရာမလိုပါ။ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ – ၂(ဍ္ဎ) အရ မဲပေးခြင်းမပြုဘဲ နေနိုင်ပါသည်။ ပုဒ်မ – ၆၁ (ခ) (ဂ) တို့အရ အတင်းအကျပ်မဲပေးစေလျှင် ထောင်ဒဏ်တစ်နှစ်၊ ငွေဒဏ် ကျပ်တသိန်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါသည်။
ရဟန်းရှင်လူ ကျောင်းသားပြည်သူများ တပ်ပေါင်းစု

ပြည်တွင်းမှမေးဖြင့် ပေးပို့လာသဖြင့် ထပ်ဆင့်ဖြန့်ဝေပေးခြင်းဖြစ်ပါသည်။

အောက်တိုဘာ၂၈
အာဆီယံနိုင်ငံအစိုး၇များက ဖွဲ့ စည်းထားခဲ့သော Asean Inter-gevental Commission on Human Rights AICHR ( အာဆီယံအစိုးရ လူ့အခွင့်အရေးမြှင့်တင်ရေး ကော်မရှင်)၏ လုပ်ငန်းဆောင်တာ ညံ့ဖျင်းမှုများအား အာရှတိုက်နှင့် အရှေ့အာရှအတွင်းရှိ အစိုးရမဟုတ်သော South Asia People’s Adlvocacy (SAPA) အဖွဲ့က ဒေသတွင်း လူ့အခွင့်အရေးချိုးဖေါက်မှုများအား အကာအကွယ် မပေးနိုင်သေးကြောင်း ဝေဖန်ပြောဆိုသည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်အား ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များ ကလပ်တွင် ယမန်နေ့က ကျင်းပခဲ့သည်။
၂၀၀၉ ခုအောက်တိုဘလက စတင်ဖွဲ့စည်းခဲ့သော၊ AICHR အဖွဲ့၏ သက်တမ်းတစ်နှစ်ပြည့်ကာလ၊ အကောင်အထည် ဖေါ်နိုင်စွမ်းမရှိသည်ကို၊ လူထုအခြေပြု အဖွဲ့အစည်းဖြစ်သော SAPA က ဝေဖန် လိုက်ခြင်းဖြစ်သည်။ (SAPA) South Asia People’s Adlvocacy မှာ တရုတ်၊ အာဖဂန်နယ်စတန်အပါအ၀င် နိုင်ငံပေါင်း ၁၀၀ ကျော်တို့ စုပေါင်းဖွဲ့ စည်းထားသော အဖွဲ့ ဖြစ်သည်။
အာဆီယံနိုင်ငံများအတွင်း လူ့အခွင့်အရေးကော်မရှင်များကို အစိုးရက စိတ်ကြိုက်ရွေးချယ်ထားသူများဖြင့် ဖွဲ့စည်းထားသဖြင့် မည်သည့်လုပ်ငန်းစဉ်ကိုမှ လုပ်ကိုင်နိုင်စွမ်းမရှိကြောင်း လူထုအခြေပြု အဖွဲ့အစည်းပေါင်းစုံမှ ကိုယ်စားလှယ်များက ပြောကြသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးပညာပေးဌာနက မချယ်ရီစာဟောင်း က “ဘာဖြစ်လို့ အကောင်အထည် မဖေါ်နိုင်တာလဲဆိုရင်၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံ၂ခုမှာသာ လူထုအခြေပြု အဖွဲ့အစည်းတွေက လွတ်လွတ်လပ်လပ် ရွေးချယ်ထားကြတာဖြစ်ပါတယ်။ အခြားရှစ်နိုင်ငံမှာတော့ အစိုး၇ကိုယ်တိုင် စိတ်ကြိုက်လူတွေနဲ့ ဖွဲ့ပေးထားတယ်။ ကျမတို့နိုင်ငံမှာဆိုရင် ဦးကျော်တင့်ဆွေရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် သံအမတ်ဟောင်းဖြစ်တယ်။ ဘာမှမလုပ်နိုင်ခဲ့ဘူး။
သတင်းစာရှင်းလင်းပွဲတွင် (SAPA) ၏ မန်နေဂျာ၊ အင်ဒိုနီးရှားနိုင်ငံသူ Atnike Nova Sogiro ၊ ဖိလစ်ပိုင်နိုင်ငံမှ Ryan Silverio ၊ ထိုင်းနိုင်ငံမှ အာရှ၊ဖစ္စိဖိတ် အမျိုးသမီးများအဖွဲ့  ဥပဒေရေးရာနှင့် ဖွံ့ဖြိုးရေးတိုးတက်ရေးမှ ထိုင်းနိုင်ငံသူ Wanee Thitiprasert နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးပညာပေးဌာန က မချယ်ရီစာဟောင်းတို့က ပင်တိုင်ဆွေးနွေး တင်ပြခဲ့ကြသည်။
ယခုကျင်းပသော သတင်းစာရှင်းလင်းပွဲသို့ အာရှလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့၊ အမျိုးသမီးများအဖွဲ့နှင့် သတင်းဌာနအချို့တို့ မှ တက်ရောက်ခဲ့ကြသည်။
By abma | October 26, 2010
 

တရားမမျှတသော နအဖ စစ်အာဏာရှင်များ၏ ၂၀၁၀-ရွေးကောက်ပွဲအား မထောက်ခံကြောင်း 

သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့ (MSMA) ၏

ထုတ်ပြန်ကြေငြာချက်ကို မေမေ့သား ရှင်ဝါ ဖတ်ကြားနေစဉ်

 

မြန်မာကျောင်းသား ရဟန်းတော်များ နအဖ အလံသစ်အား မီးရှို့နေစဉ်


Photobucket
အမေရိကန်က မြန်မာနိုင်ငံတွင် တိုက်ခတ်ခဲ့သော ဂီရိ မုန်တိုင်းဒဏ်ခံခဲ့ရသော ဒုက္ခသည်များ ပြန်လည် ထူထောင်ရေးအတွက် အမေရိကန် ဒေါ်လာတစ်သန်း ထောက်ပံ့ကူညီမည်ဖြစ်ကြောင်း အမေ ရိကန် သံရုံးက ယနေ့ ကြော်ငြာချက် ထုတ်ပြန်ကြေငြာခဲ့ပါသည်။

ထုတ်ပြန်ချက်ကို ဖော်ပြပေးလိုက်ပါသည်။

ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

ရန်ကုန် ၊အောက်တိုဘာ ၂၆ ။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲဥပဒေများကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ယနေ့ညနေပိုင်းက ထုတ်ပြန်ကြော်ငြာခဲ့ပါသည်။
ထိုစတိတ်မန့်တွင် NLD အနေဖြင့် ၁၉၈၈ ခုနှစ်ကတည်းက နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခဲ့ပြီး ဖြစ်သဖြင့် ဆက်လက် တည်ရှိနေသည်ဟုလည်း ဆိုပါသည်။ ထို့အတူ ပါတီအနေဖြင့် ၂၀၀၈ရွေးကောက်ပွဲ ဥပဒေကို လက်မခံနိုင်သဖြင့် မှတ်ပုံမတင်ခဲ့သော်လည်း ပါတီဝင်အချို့ကမူ NDF အနေဖြင့် သီးခြားမှတ်ပုံတင်ခဲ့ပြီး ပါတီ၏ အထိမ်းအမှတ်ဖြစ်သော ခမောက်ကို ခွင့်ပြုချက် မရရှိပဲ သုံးစွဲနေသည်ဟု ဆိုပါသည်။
၁၉၉၀ ရွေးကောက်ပွဲကတည်းက သုံးစွဲခဲ့သော ခမောက်အမှတ်အသားကို သုံးစွဲခြင်းကြောင့် ပြည်သူ လူထုများအနေနှင့် NLD မှ ဝင်ရောက်ယှဉ်ပြိုင်သည်ဟု အထင်မမှားစေလိုကြောင်း ထုတ်ဖော် ပြောဆို ခဲ့သည်ဟု သိရပါသည်။
ထုတ်ပြန်ကြော်ငြာချက်က ၂၀၀၈ အခြေခံဥပဒေသည် တိုင်းရင်းသား လူမျိုးစုများအတွက် အခွင့်အရေးနှင့် ပြည်သူလူထုအားလုံး၏ လိုလားချက်နှင့် အခွင့်အရေးများကို ဖော်ဆောင်ပေးနိုင်မည် မဟုတ်ဟုလည်း ဆိုပါသည်။
ထိုကြောင့် လာမည့်ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲ ဖြစ်လာမည် မဟုတ်ဟုဖော်ပြခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သော လူတိုင်းတွင် လွတ်လပ်စွာမဲပေးခွင့် ရှိသလို၊ မဲမပေးပဲနေနိုင်ခွင့်ရှိသည် ဆိုသည့် အချက်ကိုလည်း ပြန်လည်ဖေါ်ပြခဲ့ပါသည်။

ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

October 2010
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
Photobucket

OUR LOGO

Photobucket

"တပ်မတော် အပေါ်မှာ စိတ်ကောင်း စေတနာကောင်း ကလွဲပြီး ဘယ်လိုမှ သဘော မထားပါဘူး။ အဲဒီ အစွဲဟာ ဒီတပ်မတော်ဟာ ကျမ ဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော် ဖြစ်နေတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်"

လာလည်ကြသူများ

ဘယ်နိုင်ငံက လာကြသလဲ

Enter your email address to subscribe to this blog and receive notifications of new posts by email.

Join 4 other subscribers

ရေးပေးခဲ့ချင်တာရှိရင်

ဒီမှာနှိပ်ပြီးရေးပေးခဲ့ပါ View shoutbox
ShoutMix chat widget