You are currently browsing the daily archive for April 2, 2009.
အနှစ်နှစ်ဆယ်ဆီသို့
အထက်ပါ စာပိုဒ်မှာ ဗိုလ်မှုးချစ်ကောင်း ရေးခဲ့သည့် အနှစ်နှစ်ဆယ် စာအုပ်၏ အဖွင့် စာပိုဒ်ပင် ဖြစ်ပါသည်။ ၁၉၈၈ခုနှစ် လူထုအုံကြွမှုကြီးမှ စခဲ့သော စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီ ရရှိရေး လှုပ်ရှားမှုများ၏ ကာလသည်လည်း လာမည့် ဩဂုတ်လ (၈)ရက်နေ့တွင် အနှစ်နှစ်ဆယ် တင်းတင်းပြည့်တော့မည် ဖြစ်ပါသည်။
အနှစ်နှစ်ဆယ်ကြာ တိုက်ပွဲခရီးရှည်ကြီးထဲမှာ ကျဆုံးသူတွေလဲ ကျဆုံးကုန်ကြရပါပြီ။ ကိုဖုန်းမော် တို့လို သမိုင်းဝင်ခဲ့သူတွေ ရှိသလို၊ နအဖမီးသဂြိုလ် စက်တွေထဲမှာ လူမသိသူမသိ ပြာကျခဲ့ရ သူတွေ၊ တောတောင်တွေထဲမှာ တိုက်ပွဲဖြစ်ရင်း ငှက်ဖျား နှိပ်စက်ရင်းဖြင့် ခေါင်းချခဲ့ရသူတွေ၊ နအဖရဲ့ စစ်အကျဉ်းထောင်ထဲမှာ နှိပ်စက် ညှင်းပန်းမှုတွေကို အံတုကြံ့ကြံ့ခံရင်း ကျဆုံးခဲ့ရသူတွေ ယခုတိုင် အကျဉ်းထောင်များထဲတွင် ဒူးထောက်အညံ့ မခံပဲ ဆက်လက် တိုက်ပွဲဝင်နေသူတွေ ရှိနေ သလို အချို့လဲ လူသားချင်းစာနာတဲ့ ကမ္ဘာ့နိုင်ငံအနှံ့အပြားကို ရောက်ရှိနေကြပြီး အချို့ကလည်း နယ်စပ်ဒေသတွေမှာပဲ အားခဲလို့ ရပ်တည် ရုန်းကန်နေကြဆဲ တိုက်ပွဲဝင်နေကြဆဲပင်၊ ပြည်တွင်းရှိ ရဲဘော်များကလည်း ဟိုပုန်းဒီခိုနဲ့ အလံမလှဲ စတမ်း တိုက်ပွဲဝင်နေကြဆဲပင်။ ထိုအင်အားစုများ ကြောင့်လဲ ဒီမိုကရေစီတိုက်ပွဲရဲ့ အရှိန်အဟုန်ဟာ အဆက်မပြတ် ဆက်လက် ဖြစ်ပေါ်နေတယ် လို့လဲ ဆိုနိုင်ပါတယ်။
ကျွန်တော်ကိုယ်တိုင်သည်ပင် နှစ်နှစ်ဆယ်အတွင်း ဘဝပေါင်းစုံကျင်လည်ရင်းမှ Migrant ကျောင်းလေး တခုမှာ အနာဂတ်ရဲ့ မျိုးဆက်သစ် လူငယ်တွေကို ပညာသင်ပေးရင်း ဘဝကို ရုန်းကန်နေရဆဲပါ။
နေ့စဉ်နံနက် ကျောင်းတက်ချိန်တိုင်း ကျောင်းရှေ့ အလံတိုင်မှာ ထိုင်းအလံကိုတင်၊ ထိုင်းနိုင်ငံတော်သီချင်းကို သီဆိုနေကြရတဲ့ ခလေးငယ်တွေကို ကြည့်ရင်းပင် “ဩော် ဘယ်တော့ များမှ ငါတို့ခလေးတွေ ကိုယ့်အမိမြေပေါ်မှာ ခြေချလို့ အမိနိုင်ငံတော် အလံကို အလေးပြုခွင့် ရကြမှာလဲ” လို့ တွေးရင်း အမြဲ ကြေကွဲခဲ့ ရပါတယ်။
တကယ်တွေးကြည့်တော့လဲ ဒီကလေးတွေကမှ အေးချမ်းစွာ ပညာသင်ခွင့် ရနေပါသေးတယ်။ နာဂစ်မုန်တိုင်းကြောင့် ကျောင်းပါ ပျောက်ခဲ့ရတဲ့ကလေးတွေ၊ မတရားကြီးမြင့်နေတဲ့ ကုန်ဈေးနှူန်းနဲ့ အလှူငွေအမျိုးမျိုးတွေကြောင့် ကျောင်းတောင် မတက်နိုင်တော့တဲ့ ကလေးတွေက ပြည်တွင်းမှာ အများကြီးပါ။ ဒီလိုဘဝတွေ မပြီှးဆုံးနိုင်သေးတဲ့ တာဝန်တွေနဲ့ အတူ ကျွန်တော်တို့ (၈၈)မျိုးဆက် ကျောင်းသားတွေ ဟာလည်း အသက်လေးဆယ်တန်းတွေ ရောက်လာခဲ့လို့ နောက်မျိုးဆက် ကျောင်းသား လူငယ်တွေက မပြီးသေးတဲ့ တာဝန်တွေကို ဆက်လက် ယူနေကြရပါပြီ ။
ကျွန်တော်တို့တွေ ဘယ်အထိ ခရီးပေါက်ခဲ့ပါပြီလဲ?
အမြင်မှာတော့ တပြည်လုံးမှာ မကြာခဏဆိုသလို ကန့်ကွက်ဆန္ဒ ပြမှုတွေဖြစ်လို့ တကမ္ဘာလုံးက ဝိုင်းဝန်း ကန့်ကွက်ရှုံ့ချကြလို့ နအဖဟာ အကျဉ်းအကျပ်မျိုးစုံနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုနိုင်ပါတယ်။ တနည်းပြောရရင် အခြေစိုက်စခန်းတွေကို တခုပြီးတခု လက်လွတ်ရပြီး နောက်ဆုံး ခံကတုတ်ကနေ မီးကုန်ယမ်းကုန် ခုခံနေရတဲ့ပုံပါပဲ။
တကယ်ကော ကျွန်တော်တို့ အနိုင်ရနေတယ်လို့ ယူဆနိုင်ပါသလား ?
အဆင့်ဆင့် အလျော့ပေးလာခဲ့တယ်လို့ ယူဆတယ်ဆိုရင် နအဖရဲ့ ရိုးဖြောင့်တဲ့ လိုက်လျောမှု တခုလေမျုား တွေ့ကြပါသလား။ ၁၉၈၈ ခုနှစ်စက်တင်ဘာလ အာဏာသိမ်းပြီးတဲ့ အချိန်က နိုင်ငံရေးပါတီ ဖွဲ့ခွင့်ပေးမယ် ရွေးကောက်ပွဲ လုပ်ပေးမယ်၊ အနိုင်ရမယ့် လူကို အာဏာလွှဲပေးပြီး စစ်တပ်ဟာ စစ်တန်းလျားပြန်ရုံပဲလို့ ဦးစောမောင်ပြောခဲ့တာကို မှတ်မိကြဦးမှာပါ။
တကယ်တန်းကျတော့ ရှိသမျှ နိုင်ငံရေးပါတီတွေကို အမျိုးမျိုးသပ်ရှိုဖြိုခွဲ၊ နိုင်ငံရေးပါတီ တွေရဲ့ အရေးပါတဲ့ ခေါင်းဆောင်တွေကို ဖမ်းပြီးမှ ရွေးကောက်ပွဲ ကျင်းပ ပေးခဲ့တာပါ။ ချည်ပြီးတုတ်ပြီး အပိုင်တွက်ထားတဲ့ ရွေးကောက်ပွဲမှာ ပြည်သူလူထုတရပ်လုံးက NLDကို တခဲနက် ထောက်ခံလိုက်တဲ့ အခါကျမှ ပြူးတူးပြဲတဲဖြစ်ပြီး ဦးစောမောင်ကို ဖြုတ်ချလို့ ဦးသန်းရွှေနဲ့ အစားထိုးတာပါ။
တနည်းဆိုရင် ဦးစောမောင် ပြောချင်တာပြောခဲ့တာတွေကို နောက်လူတွေ တာဝန်ခံမှာ မဟုတ်ဘူးဆိုတဲ့ သဘောပါ။ ကိုယ်ပြောတဲ့ စကားတောင် ကိုယ်တာဝန်မယူနိုင်တဲ့ လူတွေက သူတို့ကိုယ် သူတို့ အစိုးရလို့ ဆိုချင်ကြပါသေးတယ်။
နောက်တခါ ROAD MAP (၇)ချက်ဆိုတာကို ဦးခင်ညွန့်က ရေးဆွဲပြီး အမျိုးသား ညီလာခံကို ကျင်းပလို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲကြပြန်ပါတယ်။ ရပ်လိုက် သွားလိုက်နဲ့ အချိန်ဆွဲ လုပ်လာတဲ့ အဲဒီညီလာခံတောင် မပြီးသေးဘူး အချင်းချင်း စားခွက်လုရင်း ဦးခင်ညွန့် ပြုတ်သွားပြန်ပါတယ်။ သူလုပ်ခဲ့တာတွေ အားလုံးထဲက သူတို့ အကျိုးရှိနိုင်တဲ့ ဟာတွေကလွဲရင် ကျန်တာတွေအားလုံး လှစ်လျှူရှုလိုက် ပြန်ပါတယ်။
အမျိုးသား ညီလာခံကို (၁၅) နှစ်ကြာကျင်းပပြုလုပ် အားရအောင် အချိန်ဆွဲပြီးမှ သူတို့ အလိုကျ ရေးဆွဲထားတဲ့ အခြေခံဥပဒေကို အတည်ပြုဖို့ ရွေးကောက်ပွဲလုပ်ဖို့ ဆိုပြီး ကြေငြာချက်တွေ ထုတ်ပြန်တဲ့အခါ အဲဒါဟာ ကောင်းတဲ့ဘက်ကို ရှေ့ရှုတဲ့ အပြောင်းအလဲလို့ ဘယ်လိုမှ ယူဆစရာမရှိပါဘူး။
(၁) ရွေးကောက်ပွဲလုပ်ခဲ့တယ် “၁၉၈၈ မှ ၁၉၉၀ အထိ ”
(၂) အခြေခံဥပဒေရေးဆွဲ “ ၁၉၉၂ မှ ၂၀၀၇ အထိ” ပြီးမှ
(၃) လူထုဆန္ဒခံယူပွဲနှင့်ရွေးကောက်ပွဲ “၂၀၀၇ မှ ၂၀၁၀ အထိ”ဆိုပြီး န အ ဖ ကတော့ ၂၀၁၀ အထိ အချိန်ဆွဲဖို့ အဆင်သင့် ပြင်ထားပြီးပါပြီ ။
၂၀၁၀ ရွေးကောက်ပွဲပြီးရင်ရော ဘာဖြစ်လာမှာပါလဲ ? အခုလူတွေထဲက အချို့ကို ယူနီဖောင်း ချွတ်ပြီး လွှတ်တော်တက်ခိုင်း၊ နောက်က ကာကွယ်ရေးဦးစီးချုပ်က လိုသလို ကြိုးဆွဲသွားမယ့် စစ်အာဏာရှင်အလိုကျ အစိုးရကိုပဲ ကျွန်တော်တို့ ရကြမှာပါ။ ကုလားကြီးနဲ့ အရာကြီး အခေါ်ဝေါ်သာ ပြောင်းသွားမယ် ဒါကဒါပါဘဲ ။
ကျွန်တော်တို့ဖက်က လက်ရှိအခြေအနေကရောဘယ်လိုပါလဲ ?
ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင် ၊ အပါအဝင် NLD ခေါင်းဆောင်တွေ၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာစတဲ့ ကျောင်းသား ခေါင်းဆောင်တွေ၊ အရှင်ဂမ္မီရတို့လို သံဃာတော်တွေ ၊ လူမျိုးစု ခေါင်းဆောင်တွေ၊ ဒီမိုကရေစီ လှုပ်ရှားတက်ကြွသူတွေ အားလုံး ဖမ်းဆီး ချုပ်နှောင်ခံနေရဆဲပါ။ ဥပဒေမရှိပဲ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် တနှစ် သက်တမ်းတိုးလိုက် ပြန်ပါပြီ။ ဘာများ တုံ့ပြန် နိုင်ပါသလဲ?
ဒီပဲယင်းမှာ အကြမ်းဖက် သတ်ဖြတ်ခံရတဲ့သူတွေ ၊ လူမိုက်မွေးပြီး ရိုက်သတ်ခံရတဲ့ ရဲဘော်တွေ ၊ ထောင်ထဲမှာ မတရားနှိပ်စက်ခံရရင်း လက်လွန် သေဆုံးသွားသူတွေ ၊ အခုပြီးခဲ့တဲ့ စက်တင်ဘာမှာ ရိုက်နှက် သတ်ဖြတ် ၊ ဖမ်းဆီင်္းခံရသူတွေ အတွက်၊ တရားမျှတမှုတွေ ဘယ်မှာပါလဲ ?
ပြီးခဲ့တဲ့ REFERNDUM မှာ ထည့်သမျှ ကန့်ကွက်မဲတွေအားလုံးကို မဲလိမ်ပြီး ဘယ်နိုင်ငံမှာမှ မကြုံစဖူး ရာခိုင်နှုန်း(၉၀) ကျော်နိုင်ပါတယ်လို့ ကြေငြာသွားခဲ့ပြီးပြီ ။အမှန်တရားက ဘယ်မှာပါလဲ? နာဂစ်မုန်တိုင်းမွှေလို့ သိန်းချီသေပြီး သန်းချီ ဒုက္ခရောက်နေရတဲ့ ပြည်သူတွေကို ကူညီချင်ကြသူတွေ အပေါ် အမျိုးမျိုး ကန့်သတ်မှုတွေ လုပ်လို့ ဒုက္ခသည်တွေကို ကူညီတဲ့ ပစ္စည်းတွေကို အမျိုးမျိုး အမြတ်ထုတ်နေကြတာ ကျွန်တော်တို့ ဘာများ လုပ်နိုင်ကြပါသလဲ? ကန့်ကွက်ရှုံ့ချရုံမှတပါး အခြားဘာမှ မလုပ်နိုင်ခဲ့ပါ။
ထိုအခြေအနေ အားလုံးအတွက် မည်သူ့တွင် တာဝန်ရှိပါသနည်း?
စီးပွားရေး နယ်ပယ်တွင်တော့ ရှင်းပါသည်။ ကုမ္မဏီကြီးတခုတွင် စီးပွားရေး ပေါ်လစီမှား၍ အရှုံးပေါ် လာခဲ့ပါလျှင် စီမံခန့်ခွဲကြသော CEO နှင့်တကွ ဘုတ်အဖွဲ့အားလုံး နှုတ်ထွက်ကြရုံသာ ရှိပါသည်။ ဥပမာတခု ဆိုရလျှင် ယခုပြုခဲ့သော REFERENDUM တွင် ကျွန်တော်တို့ ပြည်သူလူထုကို မဲရုံကိုသွား၍ ကန့်ကွက်မဲ ပေးကြပါဟု ဦးဆောင်မှု ပေးခဲ့သည်။ ထိုပေးခဲ့သော ကန့်ကွက်မဲ အားလုံးကို နအဖတို့က မဲလိမ်၍ ထောက်ခံမဲ လုပ်လိုက်ပါသည်။
၉၂ရာခိုင်နှုန်း ကျော်ဆိုသည်မှာ မဲရုံသို့ သွားရောက်မဲပေးသူ အားလုံးနီးပါး ဖြစ်ပါသည်။ ထိုပြည်သူလူထုမဲများ အလိမ်ခံရမှုတွင် မဲရုံသွားခိုင်းသူနှင့် မဲလိမ်သူ နှစ်ဦးတွင် မည်သူပို တာဝန်ရှိပါသလဲ?
သူခိုးကို ခေါင်းပေါင်းပေါင်း၍ တိုက်ပုံနှင့် ချိတ်ပုဆိုးဝတ်ရုံမျှဖြင့် လူကြီးလူကောင်းဟု မည်သူက ယူဆကြပါမည်လဲ? သူတိုက်ပုံတွေ ဘာတွေ ဝတ်ထားတာပဲ စိတ်ချရ ပါတယ်ဟု ပြောသဖြင့် ဂေါပကလူကြီး ခန့်မိသောအခါ ကျမှ ဘုရား အလှူငွေများ ခိုးပြေးသွားသည့်အခါ သူခိုးကို စိတ်ဆိုးရမည်လား၊ ဒါမှမဟုတ် ယုံကြည်စွာ အပ်နှံခိုင်းသူကို အပြစ်တင်ရပါမည်လား? သို့သော် တိုက်ပွဲဝင်နေကြသော ယခု အခြေအနေမှာတော့ ဘယ်သူကိုမှ အပြစ်မပုံချနိုင်ပါ၊ ဖြစ်လာသော အခြေအနေ ပေါ်တွင် အကောင်းဆုံး မည်သို့ ဆက်လက် လုပ်ဆောင်မည်ကှို စဉ်းစားရန်သာ ရှိပါသည်။
လူထုလှုပ်ရှားမှူများနှင့် တာဝန်ခံမှူ
လူထုတိုက်ပွဲများ အရှိန်မြှင့်တင်ကြသည့် အခါ အထိအခိုက် အရှအနာများစွာ ရှိပါသည်။ ရိုက်နှက်သတ်ဖြတ် ဖမ်းဆီးခံရသူများအတွက် တရားမျှတမှု ဖြစ်စေရန် ကြိုးစား ဆောင်ရွက်ပေးရ န်လှုံ့ဆော်သူတို့မှာ တာဝန်ရှိသလို၊ လှုပ်ရှားမှုများ ကြောင့် နေမရသဖြင့် ထွက်ပြေး တိမ်းရှောင်လာရသူများ အတွက် တာဝန်ယူ ရန်မှာလည်း လှုံ့ဆော်သူတို့ တာဝန်ပင် ဖြစ်ပါသည်။
ပေးဆပ်ခဲ့ရသော အသက်များ၊ ဘဝများစသည့် အရင်းအနှီးများ အတွက် တိုက်ပွဲကို ဆက်လက် အရှိန်အဟုန်မြှင့်ပြီး အောင်ပွဲရသည်အထိ တိုက်ပွဲဝင်ရန်မှာလည်း လှုံ့ဆော်သူများ၏ တာဝန်ပဲဖြစ်ပါသည်။ သို့မှသာ ယုံကြည်စွာ အသက်ပေး၊ ဘဝပေး တိုက်ပွဲဝင်ခဲ့သူတို့ အတွက် တာဝန်ကျေပါလိမ့်မည်။ ဤနေရာတွင် နိုင်ငံရေး ခေါင်းဆောင်များကို အလေးအနက်တင် ပြချင် ပါသည်။
နိုင်ငံခြား သွားချင်သဖြင့် ဆန္ဒဝင်ပြခဲ့သူ ဟူ၍ မရှိပါဟု ကျွန်တော်ရဲရဲကြီး ဆိုရဲပါသည်။ နိုင်ငံခြားသွားချင်သဖြင့် ဒီရောက်မှ ဆန္ဒပြခဲ့ဖူး သူလိုလို ရောယောင် ဟန်ဆောင်သူတို့တော့ ရှိချင်ရှိပါလိမ့်မည်။ ပြည်တွင်း၌ နေကြသူများသည် ထိုကိစ္စများကို မသိကြပါ။
လွတ်ရာနယ်မြေ ရောက်မှ ဘာနိုင်ငံရေး လှုပ်ရှားမှုမှ လုပ်ခွင့်မရကြပဲ တတိယ နိုင်ငံသွားသည့် တံခါးတပေါက်သာ ဖွင့်ထားပေးသည့် အနေထားမျိုးသည် မဖြစ်သင့်ဟု ဆိုချင်ပါသည်။ သွားချင်သူတွေ သွားကြသလို နိုင်ငံရေး ဆက်လုပ်ချင်သူတွေလည်း ရှိကြပါသည်။သို့သော် ဒီနေရာတွင် ဘာရွေးချယ်ခွင့်မှ မရပါ။
လုအမျိုးမျိုး အထွေထွေကို စီစစ်ဆောင်ရွက်ရန်၊ ထိမ်းသိမ်း စောင့်ရှောက်ရန် အတွက် ကြီးမားသော အခက်အခဲများ ရှိခဲ့မည်ဆိုသည်မှာ အသေအချာပင် ဖြစ်ပါသည်။ သို့သော် ထိုအကြောင်းပြချက် တခုတည်းဖြင့် လက်ပိုက်ကြည့် မနေသင့်ပါ။ ရှေ့ဆက်တိုက်ပွဲများတွင် ထိုသို့သော အခြေအနေများ ဆက်လက် ကြုံတွေ့ရန် ရှိပါဦးမည်။ အလေးအနက်ထား စဉ်းစားရမည့် အချက်ဖြစ်ပါသည်။
ကျွန်တော်တို့ ဘာလုပ်နိုင်ပါသလဲ?
တိုက်ပွဲကာလ နှစ်သက်တမ်း ရှည်လာတာနှင့်အမျှ အထိအခိုက် အရှအနာ အဆုံးအရှုံးတွေက များလာပါသည်။ အခြေအနေ ပြောင်းလဲနိုင်တဲ့ နိုင်ငံရေးတိုက်ပွဲ၊ လူထုတိုက်ပွဲများကို ပြင်ဆင်တဲ့အခါ ပြီးခဲ့တဲ့ အမှားတွေကို ပြန်သုံးသပ် ရှောင်ရှားရင်း အဆုံးသတ် တိုက်ပွဲကို ဘယ်လိုပြင်မလဲဆိုတာ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကို ယူထားသူများမှာ ကြီးလေးတဲ့ တာဝန်ရှိနေပါတယ်လို့ ဆိုချင်ပါတယ်။
ရန်သူတွင် လက်နက်အာဏာ ငွေကြေး လူအင်အားစသည်ဖြင့် ပြည့်စုံသည်မှာ မှန်ပါသည်။ နောက်တခါ နာဇီလို၊ ဖက်ဆစ်လို မိမိအမျိုးသားရေးကို ရှေ့တန်းတင် သူမျိုးပင် မဟုတ်ပဲ မိမိကိုယ်ကျိုး စီးပွားမှလွဲ၍ ဘာမှ မစဉ်းစားသည့် လိုအပ်လျှင် ဇတ်တူသားစားရန်ပင် ဝန်မလေး သည့် အာဏာရှုး စစ်အာဏာရှင်ဖြစ်ပါသည်။
ထိုအာဏာရှင်မျိုးကို ခေါင်းလေး ဝင်ပါရစေဦးဆိုသည့် ကုလားအုတ်ပုံပြင် ဇာတ်လမ်းမျိုးဖြင့် ချဉ်းကပ်လျှင် ခေတ်သစ် ကုလားအုတ် ပုံပြင်ထဲကလို အသားပေါ်ခံရရုံသာ ရှိပါသည်။ ထိုလူအမျိုးအစားတွေကို ခဏတဖြုတ် အသုံးကျချိန်တွင် သုံး၍ မလိုချိန်မှာ ချနင်းပစ်လိုက်မှာ အသေအချာပါ။ ရှေ့က ကြိုးစားခဲ့ဘူးသူများကို ကြည့်ပါ။ ဇတ်တူသားစားသည့် သာဓကများကို ကြည့်ပါ။ လက်ရှိ ဝံသာနုNLDလို လူမျိုးတွေ၊ အေးလွင်တို့လို လူမျိုးတွေ၊ ငါးမင်းဆွေတို့လို လူမျိုးတွေ စသည့် ဖော်လံဖား လူတန်းစားများပင် ဘယ်လောက်ခံမည်လဲ ဆိုတာကို စောင့်ကြည့် ပါဦး။
သို့သော် အင်အားကြီးမားသည် ဆိုတိုင်း ကြောက်စရာမဟုတ်ပါ။ လူထု ထောက်ခံမှူမရသော ဘယ်လို မတရားအစိုးရများမှ ရေရှည် မတည်တံ့နိုင်ပါ။ ခိုင်မာသော နိုင်ငံရေး ဦးဆောင်မှူ နောက်တွင် ပြည်သူလူထုများ ညီညွတ်စွာ လိုက်ပါ ဆောင်ရွက်ကြရန်သာ လိုပါသည်။
ဥပမာတခု တင်ပြလိုပါသေးသည်။ တောထဲတွင်အင်အား ကြီးမားလှပါသည် ဆိုသော တောဆင်ရိုင်း အုပ်လိုက်ကြီးပင် တောခွေး ကျင်ငယ်ရည်နံ့ ရသည်နှင့် တဆတ်ဆတ် တုန်အောင် ကြောက်ကြရှာပါသည်။ ဆင်နှင့် တောခွေးများ အကောင်ချင်း ယှဉ်လျှင် နှိုင်းစရာပင် မရှိပါ။
သို့သော် တောခွေးများ၏ ညီညွတ်ခြင်းကို ကြောက်ကြခြင်း ဖြစ်ပါသည်။၎င်းတို့သည် ဆင်ဖြစ်စေ၊ ကျားဖြစ်စေ ၊ မည်သည့် သတ္တဝါဖြစ်စေ တိုက်ခိုက် သတ်ဖြတ်ရန် ဝန်လေးခြင်းမရှိပါ။ သူတို့ သတ်ကွင်းအတွင်း ဝင်လာသည့်အခါ ကျင်ငယ်ရည်ပန်းသည့် အကောင်ကပန်း၊ ရှေ့ကဝင်သည့် အကောင်ကဝင်၊ နောက်ကဆွဲသည့် အကောင်ကဆွဲ၊ အပေါ်မှ ခုန်ချသည့် အကောင်ကချ၊ ရေဆီမရောက်အောင် လမ်းလွှဲသည့် အကောင်က လွှဲဖြင့် နောက်ဆုံး ဆင်ကြီး ဘုန်းဘုန်းလဲကျမှ အောင်သေအောင်သား စားကြပါသည်။
သူတို့တွင် မတိုက်ခိုက်ခင်မှာ ဆင်သေရင် ဘယ်အပိုင်းကိုမှ ငါကယူမယ် ဆိုပြီး ကြိုတင် ဝေပုံချ ထားခြင်းလဲ မရှိပါ။ ငါက အုပ်စုခေါင်းဆောင်မို့ ဝမ်းတွင်းသားတွေကို ငါ့သားသမီးတွေ အတွက် ယူသွားမယ်ဆိုတဲ့ ခေါင်းဆောင်မျိုးလဲမရှိပါ။ ငါကတော့ အန္တရယ်များတဲ့ နှာမောင်းနေရာမှာ နေရလို့ သူကတော့ အနောက်ကပဲ ဝင်ဆွဲလို့ စသည်ဖြင့်လဲ မကွဲပါ။ ဆင်ကောင်ကြီးမှ မသေသေးခင် စားအိုးစားခွက်တွေ ကြိုပြင်ထားတဲ့ အကောင်တွေလဲ မရှိပါ။ တိုက်ပွဲမှာ အချောင်ခိုနေပြီး ဆင်သေချိန်ကျမှ ခေါင်းပေါ် တက်ထိုင်တတ်တဲ့ အကောင်မျိုးလဲ မရှိပါ။ ဒီတိုက်ပွဲမှာ ဆင်ကြီးမသေလို့ စိတ်ဆိုးသွားရင်ငါတော့ မလွယ်ဘူးဆိုပြီး စိတ်ဆိုးအောင် မလုပ်ပဲ နေတဲ့ အကောင်လဲ မရှိပါ။
သူတို့သိသည်မှာ သူတို့ သတ်ကွင်းပြင်ထားသည့် နေရာသို့ ဝင်လာသည့် မည်သည့် သားကောင်မဆို အပြီးအပြတ် ချေမှုန်းစားသောက်ပြီး မျိုးဆက်ကို ထိန်းသိမ်းရန်သာ ဖြစ်ပါသည်။ အရိုင်းဥပဒေမှာတော့ တောခွေးတွေကို သူတို့ရဲ့ စုစည်း ညီညွတ်မှုကြောင့် တောဘုရင်ဆိုတဲ့ အကောင်ကြီးတွေတောင် ဖိန့်ဖိန့်တုန်အောင် ကြောက်ကြရပါသည်။ ကျွန်တော်တို့ဟာ တောခွေးတွေထက် အဆပေါင်းများစွာ အသိဥာဏ် မြင့်မားသော လူသားများ ဖြစ်ကြပါသည်။ မြန်မာပြည်ရဲ့ များစွာသော ပြည်သူလူထုက နအဖကို လက်မခံဘူး ဆိုတာ ၁၉၉၀ပြည့် ရွေးကောက်ပွဲနဲ့ သက်သေပြပြီးပါပြီ။ ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်တဲ့ နည်းလမ်းများစွာနဲ့ သက်သေပြခဲ့ပြီးပါပြီ။
၂၀၀၇ စက်တင်ဘာလက ဖြစ်ပွားခဲ့တဲ့ သံဃာတော်များနဲ့ ကျောင်းသား ပြည်သူများရဲ့ ရွေဝါရောင် တော်လှန်ရေးကြီးဟာ ကမ္ဘာသိပါ။ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း မြန်မာပြည်သူတွေနဲ့ တသားတည်းရှိတဲ့ အကြောင်း ဆန္ဒတွေ ထုတ်ဖေါ်ပြခဲ့ပြီး ဖြစ်ပါတယ်။
မဖြစ်လာနိုင်သေးတဲ့ ကုလသမဂ္ဂတပ်ကြီးတွေ၊ အမေရိကန်တပ်ကြီးတွေ ဝင်လာဖို့ကို စိတ်ကူးမယဉ်တာ ပိုကောင်းပါတယ်။ ကိုယ့်အားကိုယ်ကိုးပြီး ကျွန်တော်တို့ တကယ်ညီညွတ်ဖို့သာ လိုပါသည်။
အနှစ်နှစ်ဆယ်မှသည်
အနှစ်နှစ်ဆယ် ပြည့်တော့မယ့် အချိန်မှာ ပြည်သူလူထုတွေ အတွက် အလိုအပ်ဆုံးအရာကို ပြောရမယ်ဆိုရင် အရည်အသွေးပြည့်ဝတဲ့ ခေါင်းဆောင်မှုနဲ့ ပီပြင်တဲ့ နိုင်ငံရေး ဦးဆောင်မှုဟာ အရေးတကြီး လိုအပ်နေပါတယ်။ အဲဒီနောက်က ဒီမိုကရေစီအရေး လှူပ်ရှားသူအားလုံးရဲ့ ညီညွတ်မှုနဲ့ လူထုအင်အား ပေါင်းစပ် လိုက်မယ်ဆိုရင် မအောင်မြင်စရာ မရှိဘူးလို့ ဆိုချင်ပါတယ်။
အတွေ့အကြုံ၊ အတွေးအခေါ် ကြီးမားတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံရေး ဦးဆောင် ပုဂ္ဂိုလ်များဟာ ပိုပြီးမြင်နိုင် ဦးဆောင်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။ ကျွန်တော်တို့မှာ ဒေါ်အောင်ဆန်းစုကြည် တို့လို မြန်မာသိ ကမ္ဘာသိ လူထု ခေါင်းဆောင်တွေ ရှိပါတယ်။ ဒါပေမယ့် အဲဒီ လူထု ခေါင်းဆောင်တွေ ချမှတ်ထားတဲ့ နိုင်ငံရေး ဦးဆောင်မှူ လမ်းကြောင်း အတိုင်း သူတို့ ဖမ်းဆီး ခံနေရချိန်မှာ ဆက်လက် အကောင်အထည် ဖေါ်ပေးမယ့်၊ ဦးဆောင်မှူပေးမယ့် ခေါင်းဆောင် ကောင်းတွေ လိုပါတယ်။
စက်တင်ဘာ အရေးအခင်း ပြီးကာစမှာ အမေရိကန်လူမျိုး မိတ်ဆွေတဦးက ကျွန်တော့်ကို မေးဘူးပါတယ်။ စက်တင်ဘာ အရေးတော်ပုံကြီး ဘာလို့ အခြေမှုန်းခံရလဲ ဆိုတာနဲ့၊ ဘယ်လို အခြေအနေမျိုးဆိုရင် အနိုင်ရနိုင်မလဲ ဆိုတာပါ။
သူမေးတဲ့ စိတ်ဝင်စားစရာ မေးခွန်းတွေကို ဖေါ်ပြပေးချင်ပါတယ်။
(၁) သံဃာ့နာယက အဖွဲ့ခေါင်းဆောင်တွေ ပူးပေါင်းလာရင် အနိုင်ရနိုင်မလား?
(၂) အခြားဘာသာရေး ခေါင်းဆောင်များ ပူးပေါင်းပါဝင်လာရင် အနိုင်ရနိုင်မလား?
(၃)စစ်တပ်က ပူးပေါင်းလာမယ်ဆိုရင် အနိုင်ရနိုင်မလား? အနိုင်ရနိုင်မယ် ဆိုရင် ဘယ်အဆင့် လောက်ထိ ပူးပေါင်း ဆောင်ရွက်မှုလိုမလဲ၊ ဥပမာ အောက်ခြေ အဆင့် အထိလား၊ စစ်ဗိုလ်အဆင့်လား၊ ဒုဗိုလ်မှုးကြီးအဆင့်လား၊ ဒါမှမဟုတ် လက်ရှိ အုပ်ချုပ်ရေးပိုင်း ထဲက တယောက်ယောက် ပါဝင်ပူးပေါင်းဖို့ လိုလားစတဲ့ မေးခွန်းတွေပါ။
ကာယကံရှင်ဖြစ်တဲ့ ကျွန်တော်တို့ တတွေဟာ ဒီထက်မက ကိုယ့်ကိုကိုယ် မေးခွန်းတွေ ထုတ်ဖို့ လိုပါလိမ့်မယ်။ ဘဝတွေ အသက်တွေနဲ့ ရင်းရတဲ့ တိုက်ပွဲတွေအတွက် အပြန်ပြန် အလှန်လှန် သုံးသပ်ဖို့ လိုပါလိမ့်မယ်။
ကျွန်တော့်အနေနဲ့ အချုပ်ဆိုရရင်တော့ ပီပြင်တဲ့ နိုင်ငံရေး ဦးဆောင်မှုနဲ့ လူထုအင်အား (ဆရာလူထုဦးစိန်ဝင်း စကားနဲ့ပြောရရင် PEOPLE POWER) နဲ့ ညီညွတ်မှုသာ အဆုံးသတ်တိုက်ပွဲကို အဆုံးအဖြတ်ပေးလိမ့်မယ် ဆိုတာပါပဲ။
ဘယ်လို အသွင်မျိုးနဲ့ လူထုတိုက်ပွဲလဲ၊ ဘယ်အတိုင်းအတာ အထိ တိုက်ကြမလဲ ဘယ်လိုပုံစံမျိုးနဲ့ ဖေါ်ဆောင်ကြမလဲ ဆိုတာကိုတော့ နိုင်ငံရေးဦးဆောင်သူတွေ ဆုံးဖြတ်ပေးရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေက သူတို့အတွက် ဒီမိုကရေစီ ဖေါ်ဆောင်ဆောင်ပေးနိုင်မယ်လို့ ယူဆသူတွေကို သူတို့ဆန္ဒနဲ့ ရွေးချယ်ထား ပြီးသားပါ။ ပြတ်သားတဲ့ မူတရပ်နဲ့ အတူ လူထုကို ဦးဆောင်ကြ စေချင်ပါတယ်။
အနှစ်နှစ်ဆယ်မှသည် အဆုံးသတ် တိုက်ပွဲဆီသို့ ကျွန်တော်တို့ ဦးတည်မလား? အနှစ်နှစ်ဆယ်မှသည် အင်ဖန်နတီဆီသို့ ဦးတည်မလား? ဆိုတာ ရွေးချယ်ကြဖို့ အချိန်ကျ ရောက်ပါပြီလို့ တင်ပြလိုက်ရပါတယ်။
ဤဆောင်းပါးကို ၂၀၀၈ခုနှစ် ဂျွန်လ ၃၀ရက်နေ့က http://saffrontoward.blogspot.com တွင် ဖေါ်ပြခဲ့ပြီး ဖြစ်ပါသည်။
D-Wave
NEJ / ဧပြီလ(၃) ရက်၊ ၂၀၀၉
နအဖနှင့် ငြိမ်းချမ်းရေးရယူထားသည့် ကရင်ခွဲထွက်အဖွဲ့များအပါအ၀င် ငြိမ်းချမ်းရေးအဖွဲ့များအားလုံး နအဖ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် လက်နက်များ ဖြုတ်သိမ်းမည်မဟုတ်ဘဲ နယ်ခြားစောင့် တပ်များအဖြစ် ပြန်လည်ဖွဲ့စည်းပေးမည်ဟု နအဖ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်က ….အပြည့်အစုံသို့
လေဘေးသင့်ပြည်သူများ မိုးကျခါနီး နေစရာအတွက် စိုးရိမ်
NEJ / ဧပြီလ(၃) ရက်၊ ၂၀၀၉ မိုးရာသီ ဝင်ရောက်ချိန် နီးလာပြီ ဖြစ်သည့်အတွက် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း မြို့နယ်အချို့ရှိ လေဘေးသင့် ပြည်သူအများစု ၎င်းတို့ လက်ရှိနေထိုင်သည့် တဲသာသာ အိမ်များ၏ ခိုင်ခန့်မှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်နေကြကြောင်း ဒေသခံပြည်သူများက ပြောသည်။ ဧရာဝတီတိုင်း လပွတ္တာ ခရိုင်၊ ပြင်စလူမြို့နယ်ခွဲ ဗိုင်းဒေါင့်ချောင်း…အပြည့်အစုံသို့
ရန်ကုန်မြို့လယ်မှ နှစ်လောင်းပြိုင်လူသတ်မှု
NEJ / ဧပြီ်လ(၃) ရက်၊ ၂၀၀၉ ရန်ကုန်တိုင်း ဗိုလ်တထောင် မြို့နယ် ဗိုလ်တထောင်လမ်းသွယ် (၄) လမ်းတွင် ယမန်နေ့က နှစ်လောင်းပြိုင် လူသတ်မှုတခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဗိုလ်တထောင်လမ်းသွယ် (၄) လမ်း တိုက်အမှတ် (၆-၈) (၄) လွှာ ….အပြည့်အစုံသို့
more |
more |
more |
more |
more |
NEJ /ဧပြီလ(၂) ရက်၊ ၂၀၀၉
အမေရိကန်သမ္မတ အိုဘားမား ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲတက်ရန် လန်ဒန်ရောက်နေစဉ် မည်သည့်အကြမ်းဖက်မှုမျိုးမျှ မဖြစ်ပွားစေရန် နှင့် သမ္မတကြီးအား မှဲ့တပေါက် မစွန်းစေရန် အိမ်ရှင် ဗြိတိသျှအစိုးရ က တာဝန်ယူထားသည်။ အိုဘားမားနှင့်အတူ အရာရှိ (၅၀၀) ၊ အထူးထောက်လှမ်းရေး (၂၀၀) နှင့် ဆရာဝန်သူနာပြု….အပြည့်အစုံသို့
ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်အမှု
မေတ္တာရပ်ခံချက်ထပ်တင်မည်
မင်းနိုင်သူ / ဧပြီ်လ(၂) ရက်၊ ၂၀၀၉ နအဖဘက်က တစုံတရာအကြောင်းပြန်ကြားမှုမရှိ သေးသော်လည်း ၀န်ကြီးချုပ်ထံ နှစ်ကူးနှုတ်ခွန်းဆက်စာ နှင့်အတူ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ချထားမှုကို ထပ်မံမေတ္တာရပ်ခံစာပေးပို့သွားမည်ဟု ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။ “သင်္ကြန်မတိုင်မီ နှစ်သစ်ကူးနှုတ်ခွန်းဆက်လွှာလည်း..အပြည့်အစုံသို့
လမ်းတံတား လေလံကြေး အလွန်မြင့်
ကုန်ဈေးနှုန်း မကျနိုင်
NEJ / ဧပြီလ(၂) ရက်၊ ၂၀၀၉ ပြီးခဲ့သည့် မတ်လ (၃ဝ) ရက်က ရန်ကုန်တိုင်း အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီရုံးတွင် လမ်းတံတား အသုံးပြုခ ကောက်ခံ ရေးဂိတ်များအတွက် လေလံပွဲပြုလုပ်ခဲ့ရာ လေလံကြေးများ စံချိန်တင်မြင့်တက် ခဲ့ခြင်းကြောင့် လမ်းတံတား..အပြည့်အစုံသို့
ကာတွန်း နာရီ – မြန်မာပြည်က “ဂျီ” များအကြောင်း
ဧပြီ ၁၊ ၂၀၀၉
ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ
ဂျာနယ်ဂြိုလ် သာဂိ
မတ် ၃၁၊ ၂၀၀၉
ကျိုက်ထီးရိုးက ဂမုန်းများ တရုတ်က အ၀ယ်လိုက်။ စာရေးဆရာ၊ ဗိန္ဒောဆောင်းပါးရှင် သာဂဒိုး ဇနီးသည် ဒေါ်တင်တင်အေး (၇၈ နှစ်) ကွယ်လွန်။ လျှပ်စစ်မီးအလှည့်ကျ ပေးဝေခြင်း မပြောင်းလဲသေး။ သတင်းစာဆရာကြီး ဦးခင်မောင်လေး၊ ဖိုးသောကြာ (ခေတ်+မိုး) ကိုယ်ရေးအကျဉ်း။ ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းကပ်လှူမှု မတ်လကုန်တွင် ပြီးစီ်းမည်။ မရမ်းတလင်းတောတွင် လူအရိုးစုများတွေ့။ မန္တလေးအထွေထွေရောဂါကုဆေးရုံ အလှူရှင်များအလှူဖြင့် ၅ ထပ်အဆောင်သစ်ဖွင့်။ ရန်ကုန် ၂၇ မြို့နယ်က အသံနဲ့ အနံ့ရှိလုပ်ငန်းများ မြို့ပြင်ရွေ့ရမည်။ အင်္ဂလိပ်က မြန်မာပြန်ဆိုနိုင်မည့် အခမဲ့ဆော့ဝဲ ရနိုင်ပြီ။ ဒီဇယ်ဆီဈေး တပီပါ ၁ သိန်း၊ တဂါလံ ၃၀၀၀ ပေါက်လာပြီ။ ဟောဒီမှာ ဖတ်ပါ့ …။
မြန်မာပြည်တွင် အင်တာနက် မြန်နှုန်း နိမ့်လွန်းသဖြင့် ခရီးသွား လုပ်ငန်း ကိုယ်စားလှယ်များ၊ ပို့ကုန် လုပ်ငန်းရှင်များ အထူး ထိခိုက်ပြီး အင်တာနက် ကဖေးများတွင်လည်း ဖောက်သည်များ လျော့နည်းသွားသည်။
အျပည့္အစုံသိုႛ … |
မတ္လ စာကုိး စကားကုိး
မတ် ၃၁၊ ၂၀၀၉
|
|
အျပည့္အစုံသိုႛ … |
ရန်ကုန်မြို့တွင်း မီးပေးဝေမှုကို စကြ်ာပုံဇယားကွက်ဖြင့် တွက်ချက်နိုင်ပြီ မြို့သူ မြို့သားတို့ မျက်စိလည်သော်လည်း အနည်းဆုံး တပတ်လျင် မီး ၅ နာရီရ ဟုဆို မိုးမခ အထောက်တော် (ရန်ကုန်) မတ် ၃၁၊ ၂၀၀၉ ရန်ကုန်မြိ့တော်အား လျှပ်စစ်ပေးဝေမှုကို ဇုန် ၄ ဇုန်ခွဲခြားပြီး ပေးဝေနေကြောင်း ခွဲတမ်းအချိန်စာရင်းကို ၂၄ ပစ္စည်းရှင်းသည့် စကြာပုံသဏ္ဍာန်ဇယားကွက်နှင့် ရှင်းလင်းထားကြောင်း ပြည်တွင်းဂျာနယ်များတွင် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ |
|
အျပည့္အစုံသိုႛ … |
အင်တာနက် မြန်ဆန်နိုင်မည့်ရက် ထပ်မံရွှေ့ဆိုင်း
မြန်မာပြည်တွင်းရှိ အင်တာနက် အသုံးပြုနိုင်မှု အခြေအနေများ ဧပြီ ၃ ရက်နေ့တွင်မှ ကောင်းမွန်နိုင်မည်ဟု မြန်မာ့ ဆက်သွယ်ရေးက ထပ်မံကြေညာ လိုက်သည်။
မြန်မာ့အရေး ၆ ပွင့်ဆိုင် ဆွေးနွေးရန် အမေရိကန် အဆိုပြု
မြန်မာ့အရေး ကြားဝင် ဖြေရှင်းရာတွင် မြောက်ကိုရီးယား နျူကလီးယား အရေးတွင် နိုင်ငံတကာ၏ ခြောက်ပွင့်ဆိုင် ညှိနှိုင်း ဆွေးနွေးသည့် နည်းလမ်းကို အသုံးပြုရန် စဉ်းစားနေသည်
သင်္ကြန်ကာလအတွင်း နိုင်ငံရေးနှင့်ဆိုင်သည့် အ၀တ်များမ၀တ်ရ
၂၀၀၉ ခုနှစ် နှစ်ကူး အတာသင်္ကြန် ပွဲတော်ကာလအတွင်း မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် သရုပ်ပျက် ဝတ်စားဆင်ယင်ခြင်းနှင့် တေးသီချင်း သီဆိုခြင်းများ မပြုလုပ်ရန်အပြင်
သာသနာ့ နယ်မြေအနီးရှိ ဟိုတယ်ဖယ်ရှားရန် လက်မှတ်ထိုးတောင်းဆို
ရန်ကုန်တိုင်း တွံတေးမြို့နယ် ဆံတော်လေးဘုရား သာသနာ့ နယ်မြေအနီးရှိ နိုက်ကလပ်၊ ကာရာအိုကေ ခန်းများ ပါဝင်သည့် ပုဂံဧရာ ဟိုတယ်အား ဖယ်ရှားပေးရန် အတွက် ဒေသခံများက
မောင်တောမှ အိမ်တချို့ကို အတင်းပြောင်းရွှေ့ခိုင်း
4/2/2009
မင်းးဆက်ခိုင် (နိရဉ္စရာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကညင်ချောင်း ကျေးရွာမှ အိမ်တချို့ကို စစ်တပ်မှ ပြောင်းရွှေ့ရန် များမကြာမှီက အမိန့် ထုတ်ပြန်လိုက်သည်ဟု ရွာသား တဦးက ပြောသည်။အပြည့်အစုံသို့
more |
ဒုံးကျည်ပစ်လွှတ်မှုကို ဟန့်တားရင် မြောက်ကိုရီးယား အင်အားသုံး တုံ့ပြန်မည်
မြန်မာ့အရေးအတွက် အာရှနိုင်ငံများနှင့် ပူးပေါင်း ချဉ်းကပ်မည်ဟု အမေရိကန် ပြောမြန်မာ့အရေးကို ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်မှုနှင် အပြုသဘောဆောင်သော ချဉ်းကပ်မှုကို လိုလားပြီး ဩဇာရှိ နိုင်ငံတစု၏ ကစားပွဲလေးတခု အဖြစ် ပြန်လည် မဖန်တီးမိအောင် ရှောင်လွှဲစေလိုကြောင်း အမေရိကန် လက်ထောက်… |
မြန်မာ့ စီးပွားရေး တိုးတက်ဟု ဝန်ကြီးချုပ်ပြောကမ္ဘာနှင့်အဝန်း စီးပွားရေး ကျဆင်းမှုဂယက်နှင့် ရင်ဆိုင် ကြုံတွေ့နေရသော်လည်း မြန်မာနိုင်ငံမှာ စီးပွားရေးမှာ ဖွံ့ဖြိုး တိုးတက်ခဲ့သည်ဟု စစ်အစိုးရ ဝန်ကြီးချုပ်… |
အနည်းဆုံး မုန်တိုင်း ၆ လုံး ၂ဝဝ၉ တွင် ဖြစ်ပွားနိုင်မုန်တိုင်း ၆ လုံးနှင့် အထက် ၂ဝဝ၉ ခုနှစ် အတွင်း တိုက်ခတ်လာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူးချုပ်… |
|
Leaders of group of 20 major economies are meeting in London at summit aimed at drafting solutions to global economic crisis
|
|||||||||
More Stories from VOA |
to tackle the global financial crisis.
US President Obama and South Korea’s Lee Myung-bak agree a “stern, united response” to any North Korea rocket launch.
|
Chinese security officials launch a campaign to improve the treatment of prisoners, after at least five die while in custody.
|
FM Radio Station in Sittwe for 2010 Election
4/1/2009
Sittwe: A FM radio station has been set up for the first time in Sittwe, the capital of Arakan State, by a private company with the support of the military junta in order to help organize Arakanese people for the 2010 election, said a teacher from Sittwe. full story
Change is needed from the outsideFrancis WadeApr 2, 2009 (DVB)–Last week was a confusing week for the ruling regime in Burma, normally comfortable behind the thick veil woven by its hermit tendencies. – more |
Refugees protest against cuts in UN support Apr 2, 2009 (DVB)–A Burmese refugee family staged hunger strike outside a United Nations office in the Bangladeshi capital Dhaka earlier this week in protest against the UN decision to halt financial support to families. – more |
Murder near China-Burma border being linked to child traffickingApr 2, 2009 (DVB)–Locals in a Chinese border town have said there could be a link between a young Burmese boy found murdered on Monday and increased incidences of child trafficking on the China-Burma border. – more |
US wants common Burma strategy with AsiaApr 2, 2009 (AFP)—The United States wants to forge a common strategy with Asia to coax military-run Burma out of isolation, a senior official said Wednesday, suggesting six-way talks with North Korea could be a model. – more |
Children and the poor hit by cholera outbreak Apr 2, 2009 (DVB)–Authorities in central Burma have been distributing medicine after an outbreak of cholera began to take its toll on young children and people living in poor housing. – more |
Migrant workers denied medical careApr 1, 2009 (DVB)–Two Thai-based organisations have urged the United Nations to provide assistance to Burmese migrant workers in Thailand whose labour rights were being denied by their employers. – more |
Opposition members jailed for bomb plot Apr 1, 2009 (DVB)–Seven members of opposition party National League for Democracy accused of a bomb plot were sentenced on Monday to five years imprisonment despite a distinct lack of evidence, said the wife of one. – more |
Exiled lawyers call for abolishment of USDA Apr 1, 2009 (DVB)–A government-backed social organization alleged to have been implicated in the 2003 Depayin massacre is fast becoming a political party and must be abolished, said an exiled Burmese lawyers group. – more |
Malaysian Prime Minister Resigns |
By THE ASSOCIATED PRESS |
Malaysia’s prime minister submits his resignation to the country’s constitutional monarch before handing power to his deputy following 5½ years of largely ineffectual rule. |
<!– –>
Thai Protesters Gather for 7th Day of Protests |
By AMBIKA AHUJA |
Thousands of demonstrators have vowed to continue surrounding the Thai prime minister’s office until the government resigns. |
Singapore, Malaysia Ban Burmese Pickled Tea |
By MIN LWIN |
Burma’s neighbors slap bans on ready-made pickled tea that contains a dangerous chemical dye as a coloring agent. |
Internet Slowdown to Continue at Least One More Day |
By LAWI WENG |
A spokesperson for Burma’s state-run Internet service provider said that extremely slow connection speeds should end by April 3, but users have their doubts. |
Philippines urges Burma to Protect Human Rights |
By JIM GOMEZ |
Burma should free all political prisoners and fulfill a long-standing pledge to democratize, says the Philippine foreign secretary. |
Singapore Bans Imports of Laphet |
By MIN LWIN |
The Singaporean food authority has ordered a ban on the sale and import of laphet, a popular Burmese delicacy, after samples were found to contain a chemical dye. |
Medical specialist to launch private airline
Reports say famous liver disease specialist Dr. Khin Maung Win is trying to establish a private airline for operation inside Burma. It is envisioned that airplanes will be leased from…
U.S. advocates for a common approach to Burma
Deputy U.S. Secretary of State James B. Steinberg gave notice yesterday during a conference in Washington D.C. that the United States wants a “collaborative and constructive” approach on
Indian armed forces withhold cooperation in trial of Burmese rebels
India’s Ministry of Defense has failed to cooperate in the Central Bureau of Investigation’s (CBI) case concerning the detention of 34 Burmese freedom fighters currently lodged in Kolkata’s Presidency…
US wants common Myanmar strategy with Asia |
||
When Burma Policy is Really China Policy The Washington Independent – Washington,DC,USA “Clearly, the path we have taken in imposing sanctions hasn’t influenced the Burmese junta,” she told students at Tokyo University. Today, Sen. … See all stories on this topic |
||
Indian armed forces withhold cooperation in trial of Burmese rebels Mizzima.com – New Delhi,Delhi,India Akshay Kumar Sharma, a lawyer who represents 34 Arakanese and Karen rebels from Burma, on Monday said that the key witnesses, two CBI officers who were … See all stories on this topic |
||
Service planned for murdered Briton |
||
Rohingya, not Bengali (Burma) Himal Southasian – Kathmandu,Nepal Yet again, the situation surrounding the ethnic Rohingya community of Burma has burgeoned from a national disgrace to a regional shame. … See all stories on this topic |
||
Burma and Bangladesh look to boost trade Mizzima.com – New Delhi,Delhi,India by Siddique Islam Dhaka (Mizzima) – The third Burma-Bangladesh Joint Trade Commission (JTC) meeting, aimed at boosting bilateral trade between the … See all stories on this topic |
||
Standing firm on Burma Boston Globe – United States By Judd Gregg SECRETARY OF STATE Hillary Clinton recently announced that the administration will undertake a Burma policy review. … See all stories on this topic |
||
Burma: Last Senior US Official Meeting with Burmese Foreign Minister US Department of State – Washington,DC,USA Question: When was the last time that a senior US official (equivalent to Stephen Blake) from Washington visited the Foreign Minister of Burma? … See all stories on this topic |
||
Pacific Gateway Center opens new cafe Bizjournals.com – Charlotte,NC,USA The daily lunch menu includes dishes from Singapore, Indonesia, Laos and Burma. Pacific Gateway Center, formerly known as the Immigrant Center, … See all stories on this topic |
||
Businessmen Urged To Run Radio Free Asia – Washington,DC,USA In the run-up to Burma’s first elections in 20 years, the junta is urging loyal businessmen to stand as candidates. BANGKOK—Burmese authorities have … See all stories on this topic |
ဗွမ်း .. ဗွမ်း .. ဗွမ်း .. (ဦးရုက္ခစိုးကြီး တယောက် ကမ်းခြေတွင် မကူးတတ်ကူးတတ် ဟိုယက် သည်ယက် လုပ်နေ သောကြောင့် ထွက်ပေါ်လာသော အသံဖြစ်သည်)
ပင်လယ်ရေက ကြည်ပြာရောင် .. ကောင်းကင်ကြီးကလည်း ကြည်ပြာရောင် .. ကဗျာတောင် စပ်ဖို့ ကောင်းနေပြီ .. ဟူ၍ ဦးရုက္ခစိုး စိတ်ကူးယဉ်နေမိသည်။
ရေကူးရတာ မဝပေမယ့် အစည်းအဝေးမှာ လေ့လာသူအဖြစ် အဖိတ်ခံထားရတော့ ဝင်ထိုင်ရပေဦးမည်။ အစည်းအဝေးက အလွန်သာယာသည့် မော်လဒိုက်ကျွန်းလေးမှာ ဆိုတော့လည်း ရောက်ဖူးချင်မိသည်။ အစည်းအဝေးကိစ္စကတော့ အလွန်ကြောင်၏။ မြန်မာပြည်မှာ အပြောင်းအလဲအတွက် ကြိုတင် ပြင်ဆင် ထားခြင်း တဲ့။ မြန်မာ့အရေး ဆွေးနွေးကြမည်ဖြစ်သည်။
သဝေထိုး။ ။ သာယာလိုက်တဲ့ နေရာ လေးဗျာ ..။ ဒီလိုနေရာမှာ အကြောင်း မထူးမယ့် မြန်မာ့အရေး လာဆွေးနွေးရတာ မတန်ဘူး။ ဘီကီနီဝတ် မဒီလေးတွေနဲ့ လာနှပ်ရမှာ .. ။
ရုက္ခစိုး။ ။ ဒီလိုလည်း ဘယ်ဟုတ်မလဲကွ .. Relax လုပ်ပြီး မြန်မာ့အရေး ဆွေးနွေးမှ Solution ကောင်းတွေ ရမှာပေါ့ ..။
ဦးရုက္ခစိုးက မြန်မာ့အရေးလေ့လာသူ ငါးဘတ်တက္ကသိုလ်ဆင်းများ၏ လေသံအတိုင်း ဘိုလို ညှပ်ပြောလိုက်ရာ သဝေထိုးကို တံတွေးစဉ်သွားသည်။
သဝေထိုး။ ။ ဒါတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကျနော်ဖြစ်ချင်တာ ပြောတာပါ .. (ပြောရင်း မျက်စိက လုံးဝ အနားမပေး ..။ ဘီကီနီဝတ် အဖြူမလေးများကို တယောက်မှ မလွတ်ရအောင် လိုက်ကြည့်သည်)
ဒီနေ့က အစည်းအဝေးရဲ့ ဒုတိယနှင့် နောက်ဆုံးနေ့ ..။ ပထမနေ့ ဆွေးနွေးသည့် ခေါင်းစဉ်က “မယောင်ရာ ဆီလူး .. မထူးတဲ့ မြန်မာပြည်” ဟု အမည်ရသည်။ ဒီနေ့မှာတော့ “တောင်စဉ်ရေမရ ဒီမိုကရေစီ” ဆိုသည့် ခေါင်းစဉ်ကို “တံတွေး” ပိဿာချိန် ၂၀ ရသည်အထိ ဆွေးနွေးဖို့ စီစဉ်ထားသည်။
ဦးဆောင် ဆွေးနွေးမည့် သူများကတော့ မြန်မာ့အရေးကို စိုက်လိုက်မတ်တပ်ကော၊ ထိုင်လျှက်ကော၊ လျှောက်လျှက်ပါ လေ့လာ လိုက်စား၊ လိုက်သောက်ကာ ကျမ်းပြုနေသည့် ပညာရှင်ကြီးများ၊ မြန်မာ့အရေး လှုပ်ရှား ကမ်ပိန်းထုသည့် မြန်မာ မဟုတ်သူများ ပါဝင်သည်။
မြန်မာများကတော့ ထုံးစံအတိုင်း ဘေးထိုင်ဘုပြောကြသည်။ ဝင်မပြော မဆွေးနွေးကြ။ ပညာရှင်ကြီးများ ဆွေးနွေး ငြင်းခုန်နေသည်ကို ပါးစပ်အဟောင်းသားနှင့် နားထောင်နေကြသည်။
ရောဘတ်ထွေလာ။ ။ ကျနော့်မှာ ဘုရား နှစ်ဆူရှိပါတယ်။ (အားလုံး နားရွက်များထောင်သွားသည်)
ဦးနေဝင်းနဲ့ ဒေါက်တာ မောင်မောင်ပါ။ အလွန် လေးစားကြည်ညိုဖို့ ကောင်းတဲ့ လူကြီးတွေပါ။
ဂျနီဗာ ဂွက်ထော်။ ။ (မြန်မာ့အရေး လှုပ်ရှားသူပီပီ .. ရန်တွေ့သံနှင့်) ကိုထွေလာ … ရှင် ထွေလာ တိုင်း ပေါက်ကရ လျှောက်မပြောပါနဲ့ .. ရှင်က မြန်မာဗိုလ်ချုပ်တွေကို ဖားပြီး စာရေးစားနေတဲ့သူ .. ရှင့်ရဲ့ အတ္တတွေကို အကောင်အထည်ဖော်ဖို့ ရန်ကုန်မှာနေပြီး Scholar Prostitute လုပ်စားနေပြီးတော့ .. ။
ရုက္ခစိုး။ ။ (မျက်လုံးပြူး မျက်ဆံပြူးနှင့် ဖိုးရှုပ်နားသို့ကပ်ကာ) ဟ .. ဒီပွဲက ကြမ်းလှချည့်လား ..။
ဒဲရစ် ထိုးချင်။ ။ ဒီမှာ ဂွက်ထော် .. မြန်မာ့အရေးကို နားမလည်ဘဲ မျက်စိလည် လမ်းမှားပြီး ဟိုအော် သည်အော် ဝင်အော်၊ သံရုံးရှေ့ ဆန္ဒပြပြီး မြန်မာပြည်ကို လာချစ်ပြမနေနဲ့။ အမှန်တရားကို ကြည့် .. ကြည့်သောသူ မြင်၏တဲ့။ ဗိုလ်ချုပ်ကြီးတွေကို သနားကြင်နာစွာ လေ့လာပါ။
ရောဘတ်ထွေလာ။ ။ ဝုတ်ဒယ် .. ဝုတ်ဒယ် .. ထိုးချင်ပြောတာ မှန်တယ်။ ဒီမိုကရေစီတွေ အောင်ဆန်းစုကြည် လွတ်လပ်ရေးတွေ လုပ်မနေနဲ့ ..။ တို့ဗိုလ်ချုပ်တွေက တလမ်းမောင်းပဲ။ ငါ စာအုပ်တွေ အများကြီးရေးပြီးပြီ။ သိတယ်။
ဂွက်ထော်။ ။ ရှင်က မြန်မာ စကော်လာသာ ပြောတယ်။ မြန်မာလိုလည်း မဖတ်တတ်၊ မရေးတတ်။ ဘာသာပြန်တာကို စောင့်ပြီး ရှင့်စာအုပ်ထဲ အကုန်ခိုးချနေပြီးတော့ ..။
ဂွက်ထော်က အလစ်ချောင်းတိုက်ခိုက်လိုက်ရာ ထွေလာ ရှုးရှုး ရှဲရှဲဖြစ်သွားသည်။ သူ့နာမည်အတိုင်း ထွေလာလျှင် ဒေါသကြီးပြီး မြန်မာ့အရေးကို ပေါက်ကရဆွေးနွေးလေ့ရှိသဖြင့် ဒီတခေါက်လည်း ဝိုင်း သမတာ ခံနေရခြင်း ဖြစ်သည်။
ရုက္ခစိုး။ ။ (ကိုဘိတ်နှင့် ကိုသဝေထိုးတို့ ဘက်ကို စိတ်မသက်မသာ ကြည့်ရင်း) ဒီခေတ်ကြီးမှာ ဒီလို ပေါက်ကရတွေ ပြောမှ လူတွေ အထင်ကြီးမှာကွ။ မင်းတို့လည်း တချီတမောင်း ဝင်ကြဲကြည့်ပါလား။
သဝေထိုး။ ။ (လေသံလေးဖြင့်) မလုပ်နဲ့ ..။ ကျနော်တို့တွေက အိမ်ကျယ်တွေ .. မဖြစ်ဘူး။ လူကြားထဲကျရင် .. အီးတောင် ကျယ်ကျယ် ပေါက်ရဲတာ မဟုတ်ဘူး။
ရုက္ခစိုး။ ။ ဒါဆိုရင် .. ဒီကောင်တွေက တောင်စဉ်ရေမရ .. မယောင်ရာဆီလူး၊ အရေမရ ကိစ္စတွေကို ပြောစားပြီး မြန်မာပြည်မှာ လုပ်စားနေတဲ့ စကော်လာကြီးတွေပေါ့နော်။
ဒဲရစ်ထိုးချင်။ ။ (အတိုက်အခံများက သူ့ကိုထိုးချင်နေသောကြောင့် တွင်လာသည့် နာမည် ဖြစ်သည်) ကျနော်တို့လည်း အလုပ်မရှိ အကိုင်မရှိ ပင်စင်စားဘဝမှာ .. ၁၀၉ – ၁၁၀ ဖြစ်နေမယ့်အစား ပေါက်ကရတွေ ဝင်ပြောလွန်းလို့ ဟိုလူကခေါ်တွေ့ .. ဒီလူက ခေါ် စကားပြောနဲ့ .. မြန်မာ့အရေးမှာ လူရာဝင်နေပါပြီဗျ။
ရုက္ခစိုး။ ။ ဘာတွေ ဆွေးနွေး ပြောဆိုလေ့ရှိတယ် ဆိုတာလေး ပြောပါဦး ဦးထိုးချင်ရဲ့။
ဒဲရစ်ထိုးချင်။ ။ ၁၉၉၀ ရွေးကောက်ပွဲဟာ Valid မဖြစ်တဲ့ အကြောင်းပြောပြီး အောင်ဆန်းစုကြည် ဆိုတဲ့ လေဒီလေး ထောင်သက်ရှည်အောင် လော်ဘီလုပ်ပေးရတာပေါ့ဗျာ။
ဂွက်ထော်။ ။ ရှင်တို့ တော်တော်လွန်လာပြီနော်။ ကျမတို့ရဲ့ လူထု ခေါင်းဆောင်ကို မစော်ကားနဲ့ ..။ သူလွတ်မြောက်ရေးအတွက် ကျမတို့အော်နေရတာ လည်ချောင်းတောင်ကွဲနေပြီ။ သူလွတ်လာရင်လည်း ကျမသာလျှင် သူ့ရဲ့ တဦးတည်းသော Messenger လုပ်ဦးမှာ .. လုပ်ဦးမှာ။
ကိုဘိတ်။ ။ (ခေါင်းကို တဗြင်းဗြင်း ကုတ်ရင်း) ဒုက္ခပါပဲ .. သူတို့လုပ်ပုံနဲ့တော့ အဘွားကြီးကို သောက်မြင် ကပ်ပုဒ်မနဲ့ နေအိမ်အကျယ်ချုပ် နှစ်ထပ်တိုးတော့မယ် ထင်တယ်။
ဂွက်ထော်၊ ထွေလာနှင့် ထိုးချင်တို့ မယောင်ရာဆီလူးနေစဉ် တခြားသော မြန်မာ့အရေး ကျွမ်းကျင်သူ ဘိုးအေများ၊ မြန်မာ့အရေး လုပ်စားသူ ပေါက်စများက စကားများ ငြင်းခုန်နေကြသည်။
“၂၀၁၀ ရွေးကောက်ပွဲကြီးကတော့ အခွင့်အလမ်းတခုရဲ့ တံခါးပေါက်ပဲဗျ”
“၂၀၁၀ ကိုမကြည့်နဲ့ ၂၀၁၅ ကိုကြည့်။ မြန်မာပြည်မှာ ဒီမိုကရေစီရဲ့ လမ်းစကို မြင်နေရပြီ”
“Road Map ကို ဗရုတ်ဗရက် လုပ်လို့မရဘူးဗျ။ အတိုက်အခံနဲ့ ဘုန်းကြီးတွေက မေတ္တာသုတ်ပဲ ရွတ်တတ်တာ .. သေနတ်မှ မပစ်တတ်ဘဲ”
“သန်းရွှေကြီးက တကယ်ကို စမတ်ဖြစ်တာဗျ ..။ သူက အတိုက်အခံပြောတာကို .. အဝှာ ကြားထဲတောင် ညှပ်တာမဟုတ်ဘူး။ သူလုပ်ချင်ရာလုပ်တာနော်”
“ဟုတ်တယ် ဟုတ်တယ် .. တော်လှန်ရေးနေ့က ပြောသွားတာလေး ဘယ်လောက်လှလဲ .. ။ ခုရေတွင်း တူး ခု ရေကြည်သောက်လို့မဖြစ်ဘူးဆိုတာလေ။ ဒီမိုကရေစီ မပေးချင်တဲ့အကြောင်းကို ကဗျာဆန်ဆန် ပြောသွား တာ ကြားတယ်မဟုတ်လား”
လေ့လာသူ ဦးရုက္ခစိုးကြီး စိတ်ဓာတ်အကြီးအကျယ်ကျသွားသည်။
ဦးရုက္ခစိုး။ ။ ဟေ့ ဟေ့ ငါတို့ အပြင်ခဏထွက်ပြီး လေလေးဘာလေး ရှူရင်ကောင်းမယ်ထင်တယ်။
မြန်မာ ထုံးစံအတိုင်း ကျေလည်း မကျေနပ်၊ ဝင်လည်းမပြောရဲသဖြင့် ခပ်ကုပ်ကုပ် ထွက်လာခဲ့ကြသည်။ အပြင်ဘက်တွင် ကိုဘိတ်က ကြိုရောက်နှင့်နေသည်။
ဂျောက်ဂျက် .. ဂျောက်ဂျက် .. ဂျောက်ဂျက် .. ဂျောက်ဂျက်
သဝေထိုး။ ။ ဘာလုပ်နေတာလဲ ကိုဘိတ် ..။
ကိုဘိတ်။ ။ တရုတ်ပေသီးတွက်နေတာလေ။ ၂၀၀၀၊ ၃၀၀၀၊ ၄၀၀၀ .. ။
ရုက္ခစိုး။ ။ ဘာတွေလဲဗျ … ။
ကိုဘိတ်။ ။ မြန်မာပြည်မှာ ဖမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ စာရင်းပါ ..။
ရုက္ခစိုး။ ။ တနှစ် တနှစ်ကို ခင်ဗျားတို့ ထောက်ပံ့နေတာ ဘယ်နည်းမလဲနော်။
ကိုဘိတ်။ ။ (ဂျောက်ဂျက်၊ ဂျောက်ဂျက် .. ) မလောက်ဘူးဗျ။ အလှူရှင်တွေက မေးထားတယ်။ နောက်နှစ် အဖမ်းအဆီးစာရင်းကို ဖြစ်နိုင်ချေ တွက်ပေးပါတဲ့။ အဲဒါ စုစုပေါင်း ၄၀၀၀ ကို Estimate လုပ်ပေးထားတယ်။ မလောက်ဘူးဗျို့ မလောက်ဘူး။
သဝေထိုး။ ။ ကိုဘိတ်၊ ကိုဘိတ်စာရင်းကို နည်းနည်း ထပ်တိုးလိုက်ပါလား။ ဟို အစည်းအဝေးခန်း ထဲက လူတွေပါ ထည့်လိုက်ရင်ကောင်းမယ် ထင်တယ်။
ကိုဘိတ်။ ။ (ကွမ်းတံတွေးကို ထောင်ဝါဒါများကဲသို့ ဗျစ်ကနဲ ထွေးလိုက်ပြီး) သူတို့ကို ထည့်လိုက် ရင်တော့ ငါ့ဘတ်ဂျက် သုံးလေးဆ တိုးမှာပေါ့ကွ။ ဒိန်ခဲတွေ၊ ဒိန်ချဉ်တွေ ပို့ရမယ်။ ငါးပိနဲ့ တို့စရာနဲ့တင် မရဘူးလေ။
ထိုသို့ စကားကောင်းနေစဉ် ပင်လယ် ဒီရေများ တဖြည်းဖြည်း မြင့်တက်လာသည်ကို အားလုံး သတိပြုမိ လိုက်သည်။ မော်လဒိုက်က ပင်လယ်ရေမျက်နှာပြင်၏ အနိမ့်ဆုံးနေရာတွင် ရှိနေကာ ရေလွှမ်းနိုင်ကြောင်း သတိပေးထားသည်ကိုး .. ။
“ပင်လယ်ရေတွေ တက်လာပြီဟေ့ ပြေးကြ .. ပြေးကြ ..”
ရေတက်လာပုံက မြန်သည်။ ရုန်းရင်း ဆန်ခတ် ပြေးလွှားကြသည်။ “ကိုဘိတ် .. ကိုဘိတ် ခင်ဗျား ဂျောက်ဂျက်ကြီး မမေ့နဲ့ဦး” ဟု သဝေထိုးက အော်သည်။
ဝုန်း … ဒိုင်း ..
အစည်းအဝေးခန်းမကြီးလည်း လဲပြိုပြီး ရေထဲ ပါသွားသည်။ ဦးရုက္ခစိုးတို့တသိုက် မိရာကို ဆွဲပြီး ရေထဲမှာ အသက်လုနေကြသည်။
ရောဘတ်ထွေလာ၊ ဂွက်ထော်နှင့် ထိုးချင်တို့ကတော့ ရေထဲ မျောနေတာတောင် မြန်မာ့အရေးကို ငြင်းလို့ ခုန်လို့ မပြီးနိုင်သေး။ ဦးရုက္ခစိုးက ပင်လယ်စောင့်နတ်ကို တိုင်တည်လိုက်သည်။ သဝေထိုးကလည်း အားကျမခံ သစ္စာဆိုသည်။
သဝေထိုး။ ။ တပည့်တော် သတင်းအမှားတွေပဲ ရေးခဲ့တာပါ။ ဤမှန်သော သစ္စာစကားကြောင့် မိုးဟေကို ဘီကီနီလေးနဲ့ စပိဘုတ်လေးစီးပြီး လာကယ်ပါစေ ဘုရား။
ဦးရုက္ခစိုး။ ။ ဘယ့်နှယ် မိုးဟေကိုရမှာလဲ သဝေထိုးရဲ့ .. မေခလာလုပ်စမ်းပါ။
သဝေထိုး။ ။ မေခလာက အသက်ကြီးပြီဗျ။ ဒီလောက် သစ္စာဆိုထားရတာ .. လာမယ့်လာတော့ မိုးဟေကိုပဲ လာပါစေဗျာ။
ဗွမ်း .. ဗွမ်း .. ဗွမ်း .. (ယက်ကန်ယက်ကန် ကူးနေသံ)
ထိုစဉ် ကောင်းကင်ပေါ်က ကြိုးတချောင်းနှင့် တစုံတခုကျလာတာကို ရိပ်ခနဲ တွေ့လိုက်ရသည်။
ကိုဘိတ်။ ။ ဟာ .. တာဇံဟေ့ ..။
ထိုတစုံတခုထံမှ အသံထွက်လာသည် .. “ကျမ မေခလာပါ။ တာဇံမဟုတ်ပါဘူး။ ကျမနဲ့ လိုက်မှာလား မလိုက်ဘူးလား”
အားလုံး။ ။ ဟာ လိုက်မယ်၊ လိုက်မယ်။ တယောက် ဘယ်လောက်လဲ။
မေခလာ။ ။ ကြားကားဆိုတော့ တယောက် ၃၀၀ ကျတယ် .. အာ ယောင်ကုန်ပါပြီ။ ပိုက်ဆံ မပေးရဘူးရှင့် ..။
မေခလာက သုံးယောက်ပူးကြီး ကုတ်ကဆွဲမကာ ပွေ့ချီလိုက်သည်။
သဝေထိုး။ ။ (ကိုဘိတ်ကိုလှမ်းကြည့်ရင်း) မေခလာက လေးဆယ်ကျော်သာ ဆိုတယ် အလတ်ကြီး ရှိသေးတယ်နော် ဟီးဟီး။
ကိုဘိတ်။ ။ ဟေ့ကောင် နောက်မနေနဲ့ … ဒါ အဆိုတော်မေခလာ မဟုတ်ဘူး။ မဏိမေခလာကွ .. ခေါင်းမှာ ဟိုဟာကြီးပါတယ်။
မရတော့ပါ။ ခြေလွန်လက်လွန်ဖြစ်သွားသည်။ သဝေထိုးက မည်ကဲ့သို့ ပြုလုပ်လိုက်သည် မသိ မေခလာ လန့်အော်လိုက်သည်။ ပြီးတော့ စိတ်ဆိုးမာန်ဆိုးဖြင့် “ကိုသဝေထိုး ရှင့်ကို ပစ်ချလိုက်ရမလား” ဟု မေးလိုက်သည်။
သဝေထိုး။ ။ (မချိုမချဉ်ပြုံးကာ) ကန်တော့ .. ကန်တော့ .. လက်က အကျင့်ပါနေလို့ပါ .. သီချင်းဆိုတဲ့ မေခလာနဲ့ မှားသွားလို့ …။
မေခလာ။ ။ ကဲ …. ကဲ .. ရောက်ပြီ .. ဒီ ပန်းဆိုးတန်းမှာပဲ ချခဲ့တော့မယ်။ ခဝဲခြံကို ၄၈ စီးပြီး ပြန်ကြ တော့။
ဦးရုက္ခစိုးက ကျေးဇူးတင်စကားပြောသည်။ မေခလာက သဝေထိုးကို သိပ်မကြည်ချင်။ ကိုဘိတ်ကတော့ ရေထဲမှာ ကျန်ခဲ့သူများကို သတိရကာ စိတ်မကောင်းဖြစ်နေသည်။ “ရေထဲမျောမယ့် အစား ထောင်ထဲ ထည့်လိုက်ရလျှင် ဘတ်ဂျက်တိုးနိုင်တယ်” ဟု စိတ်ကူးနေသည်။ စိတ်ကူးရင်းအားမရသဖြင့် ပါးစပ်က ထုတ်ပြောလိုက်သည်။
ကိုဘိတ်။ ။ ရေထဲ မျောသွားတဲ့သူတွေအတွက် စိတ်မကောင်းဘူးဗျာ ..။
ဦးရုက္ခစိုးက တဟားဟား အော်ရယ်ကာ လက်သီးလက်မောင်းတန်း၍ အော်ပြောလိုက်၏။
ဦးရုက္ခစိုး။ ။ ဟေး .. တတောရှင်းပြီကွ။ ခုမှ မြန်မာပြည် ဒီမိုကရေစီရဖို့နဲ့ မှန်မှန်ကန်ကန်ပြောင်းလဲဖို့ နီးစပ်ပြီ။ နီးစပ်ပြီကွ ..။
|
NEJ /ဧပြီလ(၁) ရက်၊ ၂၀၀၉
မြန်မာနိုင်ငံ စီးပွားရေးသည် ၂၀၀၈-၂၀၀၉ ခုနှစ်၌ (၁၀.၇) ရာခိုင်နှုန်း တိုးတက်ရန် လျာထားသည်ဟု ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က နေပြည်တော် ကုန်သည်ကြီးများအသင်း နှစ်ပတ်လည်အစည်းအဝေးမှာ ပြောသော်လည်း အမှန်တကယ် စီးပွားရေးတိုးတက်မှုမှာ (၅) ရာနှုန်းဝန်းကျင်သာရှိနိုင်သည်ဟု မကြာခင်က ထုတ်ပြန်သည့် ….အပြည့်အစုံသို့
|
|
||||
|
|
နယ်စပ် ခြံစည်းရိုး ကာရန်မည့် ပစ္စည်းအမြောက်အများ သဘောင်္ကြီးများဖြင့် မောင်တောမြို့သို့ ရောက်ရှိ4/1/2009 |
မင်းဆက်ခိုင်(နိရဉ္စရာ) ဘင်္ဂလာနှင့် ဆက်စပ်နေသော မြန်မာနိုင်ငံနယ်စပ် တလျှောက်လုံးကို ခြံစည်းရိုးကာရန်အတွက် ဘားဝါယာများ၊ ဘိလပ်မြေ အိပ်များနှင့် တခြား ပစ္စည်း အမြောက်အများ မောင်တောမြို့တွင် ရောက်ရှိနေကြောင်း မြို့ခံ တဦးအပြောအရ သိရှိရသည်။အပြည့်အစုံသို့ |
နယ်စပ်ခြံစည်းရိုး ခံတပ်အဖြစ်ကာရံခြင်းမဟုတ်ဟုမြန်မာသံအမတ်ဆို4/1/2009 |
မောင်သန်းစိန် (နိရဉ္စရာ) မြန်မာ-ဘင်္ဂလာဒေ့ရှ်နယ်စပ်၌ ခြံစည်းရိုးကာရန်မည့်အစီအစဉ်မှာ မှောင်ခိုလုပ်ငန်းများနှင့် လူကုန်ကူးမှုများကို ဟန့်တားကာကွယ်နိုင်ရန်အတွက်သာဖြစ်ပြီး ခံတပ်အဖြစ်တည်ဆောက်နေခြင်းမဟုတ်ကြောင်း ဘင်္ဂလာဒေ့ရှ်ဆိုင်ရာမြန်မာသံအမတ် ဖေသန်းဦးက အင်္ဂါနေ့ကပြောကြားခဲ့သည်။အပြည့်အစုံသို့ |
more |
more |
more |
more |
more |
more |
more |
ဆိုးဆေးပါ လက်ဖက်များကို စင်္ကာပူက ပိတ်ပင်
စင်္ကာပူသို့ မြန်မာပြည်မှ တင်သွင်းသည့် လက်ဖက် အမျိုးအစား ၂၀ တွင် အ၀ါရောင် ဆိုးဆေး (Auramine O)များ ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိ ရသည့်အတွက် အာဏာပိုင်များက
ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများ ဆက်ဆံရေး ကောင်းမွန်ရမည်
စစ်အစိုးရက ကြံ့ဖွံ့အဖွဲ့ဝင်များ အပါအ၀င် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်အရွေးချယ် ခံခိုင်းမည့် ကိုယ်စားလှယ် လောင်းများကို အများပြည်သူနှင့် ကောင်းမွန်သည့် ဆက်ဆံရေး
ထိုင်းက အလုပ်သမား လေးသိန်းကျော် ခေါ်မည်
ပြည်ပ အလုပ်သမား လေးသိန်းကျော်ကို တရားဝင် နေထိုင် အလုပ်လုပ်ခွင့် ပြုရန် အလုပ်သမား ဝန်ကြီး ဌာနက စီစဉ်နေကြောင်း ထိုင်းနိုင်ငံထုတ် သည်နေရှင်း (The Nation) သတင်းစာ
မြန်မာ့ စီးပွားရေး တိုးတက်ဟု ဝန်ကြီးချုပ်ပြောကမ္ဘာနှင့်အဝန်း စီးပွားရေး ကျဆင်းမှုဂယက်နှင့် ရင်ဆိုင် ကြုံတွေ့နေရသော်လည်း မြန်မာနိုင်ငံမှာ စီးပွားရေးမှာ ဖွံ့ဖြိုး တိုးတက်ခဲ့သည်ဟု စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ပြောကြား …… |
သင်္ကြန် မဏ္ဍပ်ဆောက်လုပ်ခွင့် စီးပွားဖြစ်မြန်မာ့ရိုးရာ နှစ်ကူးချိန် နီးလာသည်နှင့်အမျှ ရန်ကုန်တွင် သင်္ကြန် မဏ္ဍပ် ဆောက်လုပ်ခွင့် ရသူများက ခွင့်ပြုအမိန့်ကို ကျပ် သိန်း… |
ရွှေလီတွင် မြန်မာကလေးတဦး သတ်ဖြတ်ခံရ၊ ညီငယ် ပျောက်ဆုံးတရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့ တံတားတစင်း အောက်တွင် အသက် ၉ နှစ်အရွယ် မြန်မာ ကလေးတဦး အသတ်ခံရပြီး… |
Recent Comments