You are currently browsing the daily archive for April 7, 2009.

Photobucket

မျိုးမြင့်ချို

အမေရိကန်ကြီး စီးပွားပျက်နေပြီတဲ့။ အမျိုးမျိုးပြောကြတယ်။ အမေရိကန်ဆိုတာကလည်း ကမ္ဘာပေါ်မှာ ပညာရှင်ဆိုသူတွေ အပေါဆုံး တိုင်းပြည်တွေထဲက တခုမဟုတ်လား။ ပြောမှပေါ့..။ ကောင်းနေတုန်းကတော့ စီမံခန့်ခွဲမှု ညံ့တယ်လို့ လေသံတောင်မဟ ခဲ့သူတွေက “ပျက်မှာပေါ့ အစိုးရစီမံခန့်ခွဲမှုစနစ်ညံ့တာကိုး”လို့ ပြောပြန်တယ်။
ကွန်မြူနစ်ဘက် လှည့်ထားတဲ့ ပြောင်းဦးကို အကြမ်းဖက်ဝါဒီတွေဘက် ထိုးချိန်လိုက်တော့ ဒါမှ တို့ခေါင်းဆောင်ကွလို့ သံကုန်ဟစ်သူတွေက အခုတော့ “ပျက်မှာပေါ့ အကြမ်းဖက် တိုက်ဖျက်ရေးဆိုပြီး တမိုးလုံး ဖျောက်ဆိပ်လုပ်တာကိုး” လို့ ဆိုကြတယ်။ “ရီပတ်ဘလီကင်တွေ သွေးဆာလို့တိုင်းပြည်ပျက်တာ” လို့ ပြောသူတွေကို “ရီပတ်ဘလီကင် ဖြစ်ဖြစ် ဒီမိုကရက်ဖြစ်ဖြစ် အရင်းရှင်စနစ်ဆိုတာ ဒီအတိုင်း ဖြစ်ကိုဖြစ်ရမှာ”ဆိုပြီး “စကတည်းက ငါမပြောလား သမားတွေ” က ပညာရှိလေသံနဲ့ တရားပြတယ်။ “ပြည်တွင်းက ဘဏ္ဏာအရင်းရှင်ကြီးတွေ၊ စီးပွားရေး သမားတွေနဲ့ လုပ်ငန်းရှင်တွေ မသမာလို့” ဆိုပြီး “အတွင်းပြန်ခတ်”တဲ့ သူက ခတ်တယ်။ အရင်တုံးက အမေရိကန်တွေကို ကျားကန်ပြီးအားသန်လာခဲ့သူတွေက အခုတော့ အမေရိကန်ဆို ကန်တန်တန် လုပ်ပြချင် နေပြီ။ “ဆရာလောက်ဆိုတော်ရောပေါ့.. ဆရာကြီးလို့ အခေါ်မခံချင်ပါနဲ့တော့” “ဒေါ်လာနေရာမှာ တခြားခိုင်မာတဲ့ ငွေတခုခု ပြောင်းသုံးကြရင် ဘယ့်နှယ်လဲ” လို့ မေးဆတ်သူတွေလည်း ဆတ်နေပြီ။ တခါတုန်းက အာရှတိုက်ရဲ့ လူမမာကြီးလို့ ကင်ပွန်းတပ်ခံခဲ့ရဖူးတဲ့ နဂါးကြီးကလည်း အမြီးတရမ်းရမ်းနဲ့ မီးပန်းတွေ မှုတ်မှုတ် ပြနေချိန်ဆိုတော့..အင်း..။

အမေရိကန်ပြည်ထောင်စုနဲ့ ငွေကြေး၊ စီးပွားရေးစတာတွေမှာ တိုက်ရိုက် ချိတ်ဆက် ထားတဲ့ နိုင်ငံတွေလည်း မသက်သာလှဘူး။ ဘယ်သူ လက်ခံခံ မခံခံ အမေရိကန် ဒေါ်လာဟာ ကမ္ဘာသုံးငွေလိုဖြစ်နေတာဆိုတော့ တိုင်းပြည်တိုင်းလိုလို အနည်းနဲ့ အများတော့ အဖျားခတ်မိကြတာချည်းပါပဲ။ ဘယ်လိုဘဲဖြစ်ဖြစ် အမေရိကန် တွေကတော့ ကျွဲထက် ပိုမပိန် အောင် ဘီုသီဘတ်သီနဲ့ ပြန်အဖတ်ဆည် နေတာလည်း အမှန်ပါပဲ။ ထူးခြားတာက ကျနော်တို့ ဗမာနိုင်ငံက စစ်ဗိုလ်တွေကတော့ အေးဆေးပါတဲ့။ ဘာမှ မဖြစ်ပါဘူးတဲ့။ သူတို့ကို မထိခိုက်ပါဘူးတဲ့။
ဒီနေရာမှာ သူတို့ပြောတဲ့ “သူတို့” ဆိုတာ ဘယ်သူ့ကို ပြောတာလည်းဆိုတာတော့ အားလုံးလည်းသိပြီးသားမို့ ဘာမှမပြောလိုပါဘူး။ ထားပါတော့လေ။ ကျနော် စိတ်ဝင်စားတာက ဒီမှာ (အမေရိကားမှာ) ရောက်နေကြတဲ့ ကျနော်တို့ အပေါ်ရော ဒီဂယက်က ဘယ်အထိ ပွတ်တိုက် နေသလဲလို့ စစ်ကြည့်မိတယ်။ ကျနော်တို့လို့ ဆိုတဲ့နေရာမှာလည်း ပညာနဲ့အခြေခံလုပ်ရတဲ့ လုပ်သားတွေကို မဆိုလိုပါဘူး။ စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့ သူတွေကိုပြောတာပါ။ အရင်ကဆို အထည်ချူပ် စက်ရုံမှာ လျှောက်မယ့်သူက အထည်ချူပ်တတ်ရင်၊ သန့်ရှင်းရေး အလုပ်လျှောက်မယ့် သူက သန့်ရှင်းရေး လုပ်တတ်ရင်၊ စက်ပစ္စည်းတွေကို ကိုင်တွယ် မောင်းနှင်ရတဲ့ အလုပ်လျှောက်မယ့်သူက အဲဒါတွေကို ကိုင်တွယ်မောင်းနှင်တတ်ရင် ရပြီ။ မတတ်သေးရင်လည်း အလုပ်လုပ်ရင်း သင်ပေးသေးတာ။ ရွေးချယ်စရာတွေလည်း အထိုက်အလျောက်ရှိတယ်။ ဒီမှာ မကြိုက်သေးရင် ဟိုမှာ.. ဟိုမှာ မကြိုက်တော့ရင် ဒီမှာ..ပြောင်းဖို့လည်း သိပ်မခက်ဘူး ဆိုပါတော့။ အင်္ဂလိပ် စကား ပြောတတ်လား.. ဆိုတာကတော့ မေးရိုးမေးစဉ်အနေနဲ့ မေးတာလောက်ပါ။

အခုတော့ ဒီလိုမဟုတ်တော့ဘူး အာလူးကြော်စက်ရုံမှာ အလုပ်သွားလျှောက်လျှောက်၊ တည်းခိုခန်းလိုဟာမျိုးမှာ သန့်ရှင်းရေး အလုပ် သွားလျှောက်လျှောက် အရင်ဆုံးမေးတဲ့ စကားက အင်္ဂလိပ်စကားပြောတတ်လား..တဲ့။ ခက်တော့တာပေါ့။ ကဗျာဆရာ “မြေနု” ပြောသလို တသက်လုံး “စစ်မက်နဲ့ကြီးပြင်း၊ ပြေးလွှားရင်းစာငတ်၊ ဘာတတ်လို့လဲ.. ဆရာရယ်”ဆိုသူတွေကို အင်္ဂလိပ်စာတတ်လား ဆိုတော့။ ခမျာများ လက်ပူတိုက် အင်္ဂလိပ်စာလေး၊ စကားလေး အပြေးအလွှား သင်ယူကြရှာပါရဲ့။

ဒါပေမယ့် အလုပ်ရှာရတာဟာ “ကျောက်စရစ်တောမာ ခေါင်ခေါင်မှာ၊ အတောင်ပံ ကျွတ်သည့် ကြိုးကြာ၊ ရေရှာ၍ မရသကဲ့သို့” ဆိုတာလောက် မခက်ပေမယ့်၊ လွယ်တော့ မလွယ်လှပါဘူး။ ပြဿဒ်က စလောင်တဲ့မီးကိုး။ ဒီမှာညည်းကြတယ်။ တချို့များ ချူသံတောင်ပါရဲ့။ ထိုင်း လိုနိုင်ငံတွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေ အဖြစ် လုပ်နေကြတဲ့ ဗမာ အလုပ်သမားတွေနဲ့ ပြည်တွင်းက ဗမာ အလုပ်သမားတွေသာ ကြားရင် ဘယ်လိုနေမလဲ မပြောတတ်ပါဘူး။ ဘယ်နားသွားသွား မကြားချင်ချင်.. ကြားချင်ချင် ကြားရတတ်တဲ့ အသံပါ။

တချို့ကတော့ ဒီစီးပွားပျက်လှိုင်း ကိုယ့်ကိုယ်ဆောင့်လာရင်တောင် အသာလေး ရှောင်ပေးလိုက်ရုံဘဲလို့ ပေါ့ပါ့ပါးပါး ခံယူထားသူတွေ အသံလည်းကြားရတယ်။ ကောင်းပါတယ်။ ငရဲကလာသူအတွက် ပြာပူဆိုတာ အေးဆေးပါဆိုတဲ့သဘော။ တချို့ကတော့ နေသေးသပ ချုံထဲကလို့ ကြုံးဝါးပြီး ပြန်ကောင်းလာချိန်ကို မျှော်တလင့်လင့် နဲ့ပါ။ ဒါလည်းမဆိုးပါဘူး။ အားမတန်ချိန်မှာ မာန်လေးနည်းနည်း လျှော့ထား သလိုပေါ့၊ တချို့လည်း ခြိုးခြံချွေတာရေး အစီအစဉ်လေးတွေဆွဲလို့။ ဒါလည်း ကောင်းတာပါပဲ။ ရှိတာလေးနဲ့ ဝအောင်စား ဆိုတဲ့ အစဉ်အလာ ဆိုဆုံးမမှုကနေ သွေဖည် မသွားသေးဘူးလို့ ယူစရာပါ။

ကျနော်ကလည်း ဒီကို မုန့်ဝေချိန်နဲ့လွဲပြီး တုတ်ဝေချိန်နဲ့ တည့်တည့်တိုး ရောက်သူဆိုတော့ “မုန့်ဝေချိန် ရွှေထီးဆောင်း ဇာတ်လမ်း” တွေ ပြန်ကြားရတယ်။ ဝမ်းသာတာပေါ့။ ကိုယ့်လူမျိုးတွေ ကောင်းစားခဲ့တာဘဲဟာ။ ဒုက္ခသည်(အစစ်)တွေ အနေနဲ့ ရောက်လာ ကြပြီး ဒီလိုနိုင်ငံမှာ ကိုယ်ပိုင်အိမ်နဲ့၊ ကားကောင်းကောင်းနဲ့၊ အလုပ်ခိုင်ခိုင်နဲ့ နေနိုင်ဖို့ ဆိုတာ လွယ်မှမလွယ်ပဲကိုး။ ကိုယ့်လူမျိုးတွေထဲက တချို့နေနိုင်တာမြင်တော့ ပီတိ ဖြစ်မိတယ်။ “တုတ်ဝေချိန် ဗိန်းဘောင်းတိုက်သံ” တွေကိုတော့ မရောက်လာခင် ကတည်း နားစွန်နားဖျားတွေ ကြားခဲ့ရပါတယ်။ရောက် ရောက်ချင်းလည်း ဆောက်နဲ့ထွင်း ခံခဲ့ရပါတယ်။

အမေရိကန်အနေနဲ့ “ကိုင်သမျှမြေ ရွှေပြန်ဖြစ်ဖို့” ကို သိပ်မျှော်လင့်မထားဘဲ ရောက်လာသူ ဆိုတော့ နေသာဖြေသာရှိပါတယ်။ ကြာတော့ “မုန့်ဝေချိန် အလွမ်းဇာတ်”တွေ ပြန်ကတာမြင်ရင် အထည်ကြီးပျက် ပျက်ပြနေလားလို့ တွေးမိချင် လာတယ်။ တခါတခါ စိတ်အချဉ်တောင် နည်းနည်းပေါက်မိတယ်။ ပြောတော့ မပြောမိခဲ့ပါဘူး။

“ဟိုတုန်းကများ ကားဆို ဇီးရိုးမိုင်းလေ့ဂ်ျမှ Zero Mileage ဆိုတာက ကားအသစ် ကျပ်ချွတ်ကို ပြောတာပါ။ သူများစီးပြီးသား တပတ်ရစ်တွေ မသုံးဘူးဆိုတဲ့သဘော)၊ “ပစ္စည်း ဆိုရင်လည်း ဘယ် အမှတ်တံဆိပ်မှ” တို့ “ဈေးဝယ်ရင် ဘယ်ကုန်တိုက်ကြီး တွေမှ” တို့၊ “အပြင်ထွက်စားရင်လည်း ဘယ်ဆိုင်မှာမှ” တို့ “ကိုယ့်အိမ်နဲ့ ကိုယ်နေတာ၊ အပတ်မင့်န် တွေမှာမနေဘူး”တို့ ဘာတို့ညာတို့ပေါ့လေ။ အဲဒါတွေကြားမိတော့ အပြောဝံ့ လှပါလားလို့တော့ တွေးမိပါတယ်။

လက်ထဲရှိတဲ့ ငွေယားလေးနဲ့ ဘဏ်ကအတိုးနဲ့ ချေးယူလိုက်တာလေးနဲ့ ပေါင်းပြီး လက်ငင်း ပေးတန်သလောက်ပေးထား၊ ကျန်တာကို လစဉ်အရစ်ကျလေးသွင်းပြီး နေလိုက်ရင် (အလုပ်ကလည်း မြဲနေမယ်ဆိုရင်ပေါ့လေ) ဘယ်လောက်ဆို ကိုယ်ပိုင်အိမ် လေးနဲ့နေနိုင်ပြီ။ စမတ်ကျကျလေးဖြစ်သွားပြီ ဆိုတဲ့ အိပ်မက်လှလှလေးတွေ တိမ်ဖြစ်သွားတာ မြင်ရတော့ စိတ်မကောင်းဖြစ်မိတယ်။ ကားဖိုး၊ အိမ်ဖိုးတွေ မပေးနိုင်တော့လို့ ကားတွေ အိမ်တွေပြန်အပ်ရလိုက်ရတာကို ဘဝတခု စာအပျက် အမှတ်နဲ့ “သိမ်ငယ်သံ” တွေကြားတော့ ဘာပြောရမှန်း မသိသလိုဖြစ်မိတယ်။လူမည်း မိသားစုတစု အဲသလိုကြုံရတဲ့ဒဏ်မခံနိုင်လို့ ဆိုပြီး တမိသားစုလုံး သတ်သေသွားကြတဲ့ အကြောင်း တီဗီထဲ ကြားလိုက်တော့ ဒီလူတွေ တို့လောက် ခံနိုင်ရည် မရှိဘူးလို့ ကြံဖန်တွေးမိတယ်။

ဒီကို ဘယ်လိုပုံစံနဲ့ ရောက်လာရောက်လာ အလုပ်သမားတွေအဖြစ်နဲ့ စက်ရုံ အလုပ်ရုံ တွေမှာ လုပ်ကိုင်နေကြ ရသူတွေရဲ့ လုပ်ငန်းခွင်အခြေအနေနဲ့ အလုပ်ကရတဲ့ခံစားခွင့်၊ အလုပ်ကြောင့်ရရှိလာတဲ့အကျိုး စတာတွေ မှာလည်း ထိုင်းက ဗမာ အလုပ်သမား တွေနဲ့ရော ဗမာပြည်က ဗမာအလုပ်သမားတွေနဲ့ရော မတူပါဘူး။ နိုင်းယှဉ်ချက်အရ ပြောကြကြေးဆိုရင်တော့ ဒီမှာက အပုံကြီးသာပါတယ်။ တနာရီကို ၈ဒေါ်လာ လောက်ရတဲ့ အလုပ်ကလေးတခုလောက် ပုံမှန်ရသွားပြီ၊ မြဲသွားပြီဆိုရင် ကားလေးတစီးလောက်တော့ အရစ်ကျချေတဲ့စနစ်နဲ့ ဝယ်လို့ ရသွားပြီ။ (ကားဆိုတာကလည်း ဒီမှာတော့ မရှိမဖြစ် လူ့အသုံးအဆောင်ပစ္စည်းပါ) အပတ်မင့်န် ကောင်းကောင်းလေးတွေမှာ ရေပူရေအေးနဲ့ လေပူလေအေးနဲ့(ဒါလည်း ရာသီဥတုလိုအပ်ချက်အရ) နေပြီး၊ ပုံမှန်လေး စားလို့ သောက်လို့ နေနိုင်နေပါပြီ။ နောက်ပြီး အလုပ်ကအခြေအနေ မကောင်းလို့ အနားပေး လိုက်တယ် Lay off ပေါ့လေ) ဆိုရင်လည်း အလုပ်လက်မဲ့ ကြေးလေးလျှေက်ပြီး စားနေလို့ ရသေးတယ်။ ဒီလို Lay off စားနေချိန်မှာ အစိုးရက အိမ်လခ မီးလခ(လျှပ်စစ်ခ) ထောက်ပံ့ပေးတဲ့ ရုံးတွေသွားပြီး လျှောက်ကြမယ် ဆိုလည်း တစိတ် တပိုင်းတော့ ရနေကြ သေးတယ်။ ပညာအခံရှိသူတွေကျတော့ (လူရည်လေးလည်း လယ်မယ် ဆိုရင်) Lay off စားချိန်ဆို ကျောင်းလေးဘာလေး တက်လိုက်ရင် ပညာသင် ချေးငွေတို့ ထောက်ပံ့ကြေးလေး တို့နဲ့ ဖူဖူလုံလုံလေးရှိကြပါတယ်။ဒီအချိန်အတွင်းမှာ နောက်ထပ် အလုပ်သစ်ပြန်ရှာရင်း စားလို့နေလို့ ရနေသေး ပါတယ်။

ဆိုလိုတာက အလုပ်လက်မဲ့ဖြစ်တာချင်း အတူတူ ပူစရာတော့နည်းသေးတယ်၊ ဆင်းရဲတာချင်းအတူတူ ကိုယ်ပိုင်ကားလေးနဲ့ ဆင်းရဲတယ်၊ အနှိမ်ခံရတာချင်းအတူတူ လူလို့တော့ အသိအမှတ်ပြုခံကြရသေးတယ်။ ဘာပဲပြောပြော ကိုယ့်မြေမဟုတ်ပေမယ့် ရပ်နေလို့ ရသေးတယ်။ ကိုယ့်ရေမဟုတ်ပေမယ့် အဝသောက်လို့ ရတယ်။ ကိုယ့်လေ မဟုတ်ပေမယ့် အဆုတ်တွေ ပြည့်သွားအောင် ရှူရှိုက်ခွင့်ရှိတယ်။ ကုန်ကုန် ပြောရရင် လွတ်လပ်တဲ့ ကောင်းကင်တခု အောက်ကနေ မနက်ဖြန်တွေကို မစားရဝခမန်း ယုံလို့ ရနေပါသေးတယ်။

ဆုံးရှူံးစရာ ကျန်သေးတဲ့ ဆုံးရှူံးမှုတွေကို ကြုံနေချိန်တွေမှာ ဆုံးရှူံးစရာ ဘာမှ မကျန် တော့အောင် ဆုံးရှူံးနေရ သူတွေ ဘက်ကို ငဲ့ကြည့်လိုက်တော့ “မုန့်ဝေချိန်အလွမ်းဇာတ်” တွေကိုရော၊ “တုတ်ဝေချိန် ဗိန်းဘောင်း တိုက်သံ”တွေ ကိုပါ တဝက်တပျက် ဥပက္ခာစိတ်နဲ့ “နားအဝင် ယဉ်တတ်လာပြီ” လို့သာ ဆိုချင်ပါတယ်။

Photobucket

Rescuers carry a stretcher in the village of Onna, central Italy, Monday, 6 April 2009
အီတလီနိုင်ငံက ငလျင်ကြီး လှုပ်သွားပြီးနောက် ကယ်ဆယ်ရေးဝန်ထမ်းများက အပျက်အစီးပုံ အောက် အသက်မသေ ရှင်ကျန်နေသေးသူများအား ရှာဖွေဖော်ထုတ်နေစဉ် သေဆုံးသူဦးရေ ၁၅၀ ကျော် သွားပါပြီ။


NEJ /ဧပြီလ(၇) ရက်၊ ၂၀၀၉

ပြီးခဲ့သည့် ဧပြီလ (၃) ရက်နေ့က မြစ်ကြီးနားမြို့ အကျဉ်းထောင်တွင် အကျဉ်းကျ ခံနေရသည့် သရုပ်ဆောင်၊ ဒါရိုက်တာ မောင်သူရ ခေါ် ဇာဂနာအား ထောင်ဝင်စာ သွားတွေ့သည့် ခယ်မဖြစ်သူ မငြိမ်းကို အဆိုပါ အကျဉ်းထောင်က ထောင်ဝင်စာ တွေ့ခွင့်မပေးကြောင်း အကျဉ်းဦးစီးဝန်ထမ်းတဦးက….အပြည့်အစုံသို့

ကော့သောင်းမြို့၌ လူမှောင်ခို ပွဲစားများ
ဘုန်းကြီးကျောင်းတချို့နှင့်ပြဿနာဖြစ်

အောင်ထက် / ဧပြီလ(၇) ရက်၊ ၂၀၀၉
မြန်မာနိုင်ငံနယ်စပ်မြို့ဖြစ်သော ကော့သောင်းမြို့၌ လူမှောင်ခို ပွဲစားများ ခြေရှုပ်လျက်ရှိပြီး ၎င်းတို့သည် ဘုန်းကြီးကျောင်း များသို့ သွားပြီး တဖက်နိုင်ငံသို့ သွားရောက်အလုပ်လုပ်မည့် အလုပ်သမားများကို စည်းရုံးသိမ်းသွင်းရန်ကြိုးပမ်းသဖြင့် သံဃာတော်အချို့နှင့် မကြာခဏ အချေအတင် ဖြစ်ကြ ကြောင်း သတင်းရရှိသည်။ ….အပြည့်အစုံသို့

သိန်းနှစ်ထောင်ကျော်တန်ဖိုးရှိ
တရုတ်ကုန်ပစ္စည်းနှင့် ကားများ အသိမ်းခံရ

NEJ / ဧပြီ်လ(၇) ရက်၊ ၂၀၀၉ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှ အကောက်ခွန်မဲ့ တရုတ် ကုန်ပစ္စည်းများ တင်ဆောင်ထားသည့် ယာဉ် (၁၁) စီးအား ဧပြီ (၅) ရက်နေ့တွင် မူဆယ်မြို့နယ် နန့်အွန်ကျေးရွာတွင် အကောက်ခွန်ဌာနက ဖမ်းဆီးလိုက်ပြီး ယာဉ်နှင့် ကုန်ပစ္စည်း တန်ဖိုးမှာ ကာလတန်ဖိုး သိန်းနှစ်ထောင်ကျော်ရှိသည်။ တရုတ်ကုန်ပစ္စည်းများဖြစ်သည့် ဗီစီဒီ၊….အပြည့်အစုံသို့

ဆယ်တန်းစာမေးပွဲ အဖြေလွှာများ စတင်ဖျက်နေ
ဇွန်တွင် အောင်စာရင်း ထွက်ပေးနိုင်သည်ဟု သိရ

အောင်ထက် / ဧပြီလ(၇) ရက်၊ ၂၀၀၉ မကြာခင်က ကျင်းပပြီးစီးသွားသည့် ဆယ်တန်းစာမေးပွဲ အဖြေလွှာများကို ဧပြီ (၁) ရက်နေ့ကတည်းက တက္ကသိုလ် အသီးသီးတွင် စတင်အမှတ်ဖျက်နေပြီဖြစ်ပြီး အမှတ်ဖျက် ဆရာ ဆရာမများကို လာစောင့်သော အမှတ်စာရင်းပွဲစားများ ကျောင်းဝန်းကျင်၌ တရုန်းရုန်းရှိနေကြောင်း သိရသည်။ ပင်စင်ယူခါနီး ဆရာကြီး ဆရာမကြီးများ၊…..အပြည့်အစုံသို့

တပ်ဆင်၏ နောက်ဆုံးတိုက်ပွဲ
ထိုင်းနိုင်ငံရေးကို ပြောင်းလဲနိုင်ပါ့မလား

သတင်းထောက် ဟန်တင်အောင် / ဧပြီ်လ(၇) ရက်၊ ၂၀၀၉ အာဘီဆစ်အစိုးရ ဖြုတ်ချရေး အတွက် နက်ဖြန် ဧပြီလ (၈) ရက် နေ့တွင် တပြည်လုံး လူထုတော် လှန်ရေးပုံစံဖြင့် ဘန်ကောက် ၀န်ကြီးချုပ်ရုံးအား ၀ိုင်းဝန်းဆန္ဒပြဖို့ တပ်ဆင်က နှိုးဆော်ထား ပြီး အနီဝတ်ဆန္ဒပြသူ (၃၀၀,၀၀၀) မှ ..အပြည့်အစုံသို့

ယခုနှစ်သင်္ကြန်စာ အဓိပ္ပာယ်နှစ်ခွ ဖော်ပြ

ယခုနှစ်သင်္ကြန်စာ အဓိပ္ပာယ်နှစ်ခွ ဖော်ပြ

မကြာမီက ထုတ်ဝေလိုက်သော သင်္ကြန်စာတွင် မြန်မာပြည်သည် လာမည့် နှစ်အတွင်း ကြမ္မာဆိုးများကို ကြုံတွေ့ရမည်ဟု ဖော်ပြထား သကဲ့သို့ အေးချမ်း သာယာပြီး ဖွံဖြိုးမည် ဟုလည်း

“ကိုယ့် Speed နဲ့ကိုယ်”

E-mail Print

လူ့အခွင့်အရေး လေးစားရန် ၈၈ အဖွဲ့ တောင်းဆို

နအဖ စစ်အစိုးရ အနေဖြင့် လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်မှသာလျှင် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုများသည် ရုတ်သိမ်းသွား စေနိုင်ပြီး တိုင်းပြည်

အန္တရာယ်ရှိသော သူငယ်နာဆေးများကို နယ်ဘက်တွင် ဆက်လက်သုံးစွဲနေ

ကလေးငယ်များ အတွက် ဖော်စပ်ထားသော မြန်မာတိုင်းရင်းဆေး ၂ မျိုးတွင် အဆိပ်ဓာတ်များ ပါဝင်သည်ဟု ဆိုသော်လည်း နယ်မြို့များ၊ နယ်စပ်ဒေသ ဈေးကွက်များတွင် အရောင်းသွက်

လူကြမ်းတွေ နားရင် ကြိုက်လား

ဇာတ်ကား လုံးဝမရိုက်ရဘဲ နားနေရသည်မှာ ၂ လ ပြည့်တော့မည် ဖြစ်၍ သူ့မိသားစုဝင်များ ကောင်းကောင်းကြီး ငတ်နေကြပြီဟု နေ့စားလူကြမ်း နောက်လိုက် သရုပ်ဆောင် မောင်မောင်ကြီး


more

more

more

more
၈၈ ကျောင်းသားခေါင်းဆောင် လေးလွင် (ခ) ကိုလေး
ကျန်းမာရေးအခြေအနေ စိုးရိမ်ရ
မိုးမခအထောက်တော် ဝဝ၈
ဧပြီ ၇၊ ၂၀၀၉

၈၈ ကျောင်းသားခေါင်းဆောင် နှင့် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ကိုလေးလွင် (ခ) ကိုလေး သည် ကျန်းမာရေး အခြေအနေ ဆိုးရွားသဖြင့် ဆေးကုသမှု ခံယူနေရသည်။ အဆုတ်နှင့် ပတ်သက်သော ဝေဒနာနှင့် အခြားသော ဝေဒနာများကြောင့် ယခုနှစ်ဆန်းမှ စတင်ကာ ထိုင်းနိုင်ငံ ချင်းမိုင်(ဇင်းမယ်)မြို့တွင် ဆေးရုံသို့ အကြိမ်ကြိမ် တက်ရောက် ကုသမှု ခံယူနေရပြီး ၄င်း၏ ကျောင်းနေဖက် သူငယ်ချင်းများ၊ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များက ၀ိုင်းဝန်း စောင့်ရှောက်လျက်ရှိသည်။

အျပည့္အစုံသိုႛ …

အာဆီယံ ဆက်စပ် အစည်းအဝေး မြန်မာဝန်ကြီးချုပ် တက်ရောက်မည်

ထိုင်းနိုင်ငံ ပတ္တရာမြို့တွင် ကျင်းပမည့် အာဆီယံ ဆက်စပ်ထိပ်သီးများ အစည်းအဝေးသို့ မြန်မာစစ်အစိုးရ ဝန်ကြီ်းချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် တက်ရောက်မည်ဟု သိရ …

ဖြစ်လာမည့် အကျိုးဆက် နအဖ တာဝန်ဟု ၈၈ ကျောင်းသားများ ပြောဆို

လူ့အခွင့်အရေး လေးစားလိုက်နာပြီး အပြောင်းအလဲ မလုပ်သဖြင့် ဖြစ်လာမည့် အကျိုးဆက်သည် မြန်မာစစ်အစိုးရတွင် တာဝန်ရှိကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က…

Photobucket
Photobucket
Pres. Obama, Turkish PM Erdrogan walk after the president's address to Turkish parliament's General Assembly, 06 Apr 2009 in Ankara

Mon. 06 Apr 2009 1504 UTC

Obama Addresses Turkish Parliament, Reaches Out to Muslim World

US president says trip to Turkey meant to send message that US is not and will never be at war with Islam

Full Story » | Listen Audio clip available

Firefighters and rescuers carry out a body from the rubble of a collapsed university dorm building in L'Aquila, central Italy, 07 Apr 2009

Rescuers Search for Italy Quake Survivors

Civil protection officials in Italy now say 179 people were killed in Monday’s earthquake, 1,500 injured and tens of thousands left homeless

US Secretary of State Hillary Clinton, 6 April 2009

Clinton Says North Korea Risks Gains from Nuclear Talks with its Missile Test Audio Clip Available

US Secretary of State says US is seeking strong condemnation of Pyongyang in UN Security Council

A shop worker looks at the wreckage of a car bomb attack in Baghdad, Iraq, 06 Apr 2009

Car Bombings Kill 32 in Baghdad

Deadliest attack occurred in the capital’s Sadr City neighborhood where officials say an explosion killed at least 10 people and wounded 28 others

Israeli soldiers prepare after receiving orders to move into Gaza Strip from army base outside Kibbutz Kerem Shalom, near southern border (file photo)

Israeli Soldiers’ Testimony on Gaza Continues to Cause Uproar Audio Clip Available

Some soldiers denounce permissive attitude that allowed them to treat everyone as Hamas operatives

Italy rescuers comb quake rubble

Rescuers in Italy dig with bare hands as they search for signs of life after the devastating earthquake left at least 179 people dead.Grim task for search teams

Pakistan’s President Asif Ali Zardari tells visiting envoy Richard Holbrooke the US must give it “unconditional support”.

German police say at least two people have been killed in a shooting at a courthouse in Bavaria.

Thai PM Vows to Prevent ‘Civil War’

By JOCELYN GECKER
Thailand’s prime minister has vowed to prevent a “civil war” in Thailand as the nation braces for a massive anti-government protest on Wednesday amid fears of bloodshed.

<!– –>

US ‘Not Averse’ to Direct Talks with Burmese Regime

By LALIT K JHA
The new US administration is not averse to the idea of entering into direct negotiations with the Burmese military junta, according to insiders at the State Department in Washington.

Malaysians Vote in Benchmark Polls

By JULIA ZAPPEI
Malaysians voted on Tuesday in special elections seen as a benchmark of support for the new prime minister, who has pledged far-reaching administrative and social reforms to revive the government’s support.
NEWS ANALYSIS

Another Armed KNU Group Defects to the Junta

By WAI MOE
A small but influential armed group breaks away from the KNU army to join the Burmese military government.

US Congressmen Cautious Over Lifting Sanctions

By LALIT K JHA
A group of US lawmakers urge the Obama administration to uphold US priorities in any direct talks involving the Burmese junta.

Insurgents to Blame for Landmine Casualties: Junta

By LAWI WENG
A senior Burmese diplomat said at an anti-landmine conference in Bangkok that ethnic insurgent groups were responsible for the country’s high casualty rate from the banned weapons.
Fence will hit those dependent on Bangladeshi servicesApr 7, 2009 (DVB)–A villager in Bangladesh has said that the construction of a border fence will disrupt the livelihoods of Burmese villagers dependent on Bangladeshi trade and services. – more
Government troops attack rebel outpostApr 7, 2009 (DVB)–Government military troops and fighters from a pro-junta ceasefire army attacked and captured an outpost close to a strategically important base of a prominent rebel group last week. – more
The ‘victim’ treatment: a self-fulfilling prophecyYe ThuApr 7, 2009 (DVB)–There’s a tendency in the global media to portray Burma as a primitive country, held back from modernisation by the psychotic generals who would rather line their own pockets than promote the advancement of society. – more
Burma claims a strengthening economyApr 7, 2009 (DVB)–Whilst world leaders gathered in London last week to discuss ways to combat the global economic crisis, the Burmese prime minister surprised listeners at home with news of an apparent 10 per cent rise in the country’s GDP. – more
Government must reform to lift sanctionsApr 7, 2009 (DVB)–A letter sent to the Burmese government has blamed the country’s leaders for the sanctions imposed on Burma, and spoke of the need for governmental reform as a precursor to them being lifted. – more
image

Two Villages Face Relocation for Oil Exploration

4/7/2009

Sittwe: Two villages in Sittwe Township are facing relocation to another village because they are currently located near the oil drilling site operated by a foreign company, said a village elder.full story

BDR Objects to Burmese Border Fence

4/7/2009

Cox’sbazar: Bangladesh Rifles officials from a border camp have sent their objections to Nasaka officials regarding the construction of a fence near the Bangladesh border, said a local resident on the border. full story


မင်းနိုင်သူ / ဧပြီလ(၃) ရက်၊ ၂၀၀၉
(ပြီးခဲ့သည့် လွတ်လပ်ရေးနေ့တွင် အန်အယ်လ်ဒီမှ ကြေညာချက်အမှတ် (၁/၀၁/၀၉) ကို ထုတ်ပြန်ကာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် ဖော်သည့် အနေဖြင့် ပြည်သူ့လွှတ်တော် အမြန်ဆုံးခေါ်ယူ ဖွဲ့စည်းပေးရန်၊ အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့အား ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် ၈၈ မျိုးဆက် ကျောင်းသားများ ပြန်လွှတ်ပေးရန် စသည့်တောင်းဆိုချက်များပါသည့် တောင်းဆိုချက် (၇) ရပ်ကို ထုတ်ပြန် ခဲ့ပြီး လူထုကိုလည်း ပူးပေါင်းပါဝင်ကြရန် ပန်ကြားခဲ့သည်။

ယင်းသို့ထုတ်ပြန်ပြီး နှစ်လတာအတွင်း မည်သည့်အတိုင်းအတာအထိ သက်ရောက်မှု ရှိနေပြီဆိုသည်ကို ခေတ်ပြိုင်သတင်းထောက် မင်းနိုင်သူက အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်သူ ဦးဝင်းတင်နှင့် ဆက်သွယ်မေးမြန်းခဲ့သည်။)

မေး။ ။ ဇန်န၀ါရီ (၄) ရက်က အန်အယ်လ်ဒီပါတီဘက်ကနေ ကြေညာချက်အမှတ် ၁/၂၀၀၉ ကို ထုတ်ပြန်ပြီး အချက် (၇) ချက် တောင်းဆိုခဲ့ပါတယ်ခင်ဗျ။ ဒီတောင်းဆိုမှုတွေ ကိုလည်း လူထုကို ထောက်ခံဖို့ မေတ္တာရပ်ခံထားတာလည်း ရှိပါတယ်။ လက်မှတ်ရေးထိုး လှုပ်ရှားမှုတွေလည်း စခဲ့ပါတယ်။ အခု ဒီတောင်းဆိုမှုဟာ နှစ်လရှိခဲ့ပြီဆိုတော့ လူထုရဲ့ ထောက်ခံမှုက ဘယ်လိုရှိပါသလဲခင်ဗျ။

ဖြေ။ ။ ကျနော်တို့ အဲဒါလုပ်တုန်းပဲဗျ။ မမှန်သေးဘူးဗျ။ တချို့ဟာတွေက မပို့နိုင်သေးဘူး။ ကျနော်တို့် CEC ကို တက်မလာသေးဘူး။ လူငယ်တွေက လုပ်နေတာဗျ။ နယ်တွေမှာတော့ တော်တော်များများတော့လုပ်ကြတယ်။ တချို့နယ်တွေမှာဆိုရင် ငါးထောင်လောက် စုမယ်ဆိုပြီး လုပ်တဲ့ဟာတွေရှိတယ်။ ဆိုတော့ အဲဒါတော့ အသေးစိတ်တော့ ပြောလို့ မရသေးဘူး။ ကျနော်တို့ကောင်းကောင်းတော့မသိဘူးဗျ။ ဒါကို လူငယ်ကို လုံးဝ လွှဲထားလိုက်တာကိုး။ လူငယ်ရဲ့ movement လိုဖြစ်နေတာပေါ့။ သူတို့ဆီမှာပဲ စာရင်းအင်းတွေရှိတယ်။

မေး။ ။ ကျနော်တို့ကြားသိရသလောက်ပေါ့လေ။ တချို့နယ်တွေမှာတော့လည်း ဒီလက်မှတ် ရေးထိုးလှုပ်ရှားမှုတွေကို မသိကြဘူး။ မြို့နယ်ထဲမှာလည်း မကြားမိပါဘူး ဆိုပြီး ပြောနေကြတာတွေရှိပါတယ်။ ဆိုတော့ လုပ်နိုင်မှုအတိုင်း အတာ ဘယ်လောက်ထိ ရှိပါသလဲခင်ဗျ။

ဖြေ။ ။ အဲဒါ လုပ်တော့လုပ်နေကြပါတယ်။ အဖွဲ့အစည်းထဲမှာ တချို့လူတွေက သိပ်ပြီး မလုပ်ချင်တဲ့ဟာတွေလည်း ရှိတယ်ဗျ။ ကျနော်တို့ထပ်ပြီးတော့ မေးတော့ မေးပါဦးမယ် ဗျာ။ အခုဟာက လူငယ် movement အနေနဲ့ လူငယ်တွေကို လွှဲပေးထားတာကိုး။ CEC ကို သူတို့က မတင်သေးဘူးလေ။ ကျနော်တော်ထင်တယ်ဗျာ။ အခုကိစ္စကတော့ တချို့ နယ်တွေမှာလည်း စိုးရိမ်စိတ်တွေ ရှိနေကြတယ်ဗျ။ ဒါကြောင့် ခင်များတို့မေးလိုက်တဲ့ လူတချို့က လှီးလွဲပြီး ပြောလိုက်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လူငယ် ကတော့ လုပ်တော့လုပ်နေတယ် ဗျ။ တချို့နေရာတွေမှာတော့ တော်တော် ထက်ထက်သန်သန် လုပ်တယ်ပေါ့ဗျာ။ တချို့နေရာတွေမှာတော့ လျော့တယ်ပေါ့။ ဒီလိုလည်း ရှိမှာပေါ့။

မေး။ ။ ဟုတ်ကဲ့ ။ ဒီလိုလက်မှတ်ကောက်ယူမှုတွေ လုပ်ပြီးတဲ့အခါမှာ ဒီဟာတွေကို အန်အယ်လ်ဒီဘက်က ဘယ်လိုစီမံသွားမှာပါလဲ ခင်ဗျ။

ဖြေ။ ။ နောက်ဆုံးမှာ ကုလသမဂ္ဂကို ပို့မယ်လို့ ရည်ရွယ်ထားတယ်ခင်ဗျ။ ဒီနိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး ဆိုတာ ခဏခဏတောင်းဆိုခဲ့တဲ့ဟာ။ နိုင်ငံ အတော်များများ ကလည်း တောင်းဆိုနေတဲ့ဟာ။ ဆိုတော့ ဒီကိစ္စကတော့ရှိနေမှာပဲဗျ။ ဒီကိစ္စဟာ အခုမှစတဲ့ လုပ်ငန်းစဉ်တော့ မဟုတ်ဘူး။ လူငယ်တွေလည်း လုပ်ငန်းရှိအောင်၊ လူငယ်လှုပ်ရှားမှုတွေလည်း လုပ်ပါစေဆိုပြီး ကျနော်တို့က တိုက်တွန်းလိုက်တာ။ တကယ်တော့ ကျနော်ထင်တယ်။ ပြည်တွင်းမှာလည်း ဒီကိစ္စလုပ်ရတာ အခက်အခဲ ရှိတယ်။ နယ်တွေမှာလည်းဗျာ လူထုကို ခြိမ်းခြောက်မှုတွေ၊ ကန့်သတ်မှုတွေ၊ အကျပ်ကိုင် မှုတွေက တော်တော်များတယ်ဗျာ။ တော်တော်ကို ပြင်းထန်တယ်ဗျာ။ အခုလို ရွေးကောက်ပွဲ နီးလာချိန်မှာ သူတို့ဟာသူတို့လုပ်ပါစေ။ အစိုးရက ကြားနေမယ်ဆိုတာမျိုး ဆိုရင်တော့ တမျိုးဗျ။ အခုဟာ သူတို့ကိုယ်တိုင်ကနေပြီးတော့ (၂၅) ရာခိုင်နှုန်း ယူထားရုံတင် မကသေးဘူး ပြိုင်ဘက်ပုံစံမျိုးလုပ်နေတော့။ ပြည်တွင်းမှာ အကျပ်အတည်း တွေက ပိုများလာတယ်ဗျ။ ဗိုလ်သန်းရွှေကနေပြီးတော့ နိုင်ငံရေးပါတီတွေကို ခြိမ်းခြောက် တာ။ နိုင်ငံရေးသမားတွေကို ခြိမ်းခြောက်တာ။ အပြတ်ပြောတဲ့ပုံစံမျိုးတွေ ပြောလာတဲ့ အခါကျတော့ လူထုကြားထဲမှာ တော်တော်ကို ခက်တဲ့ အနေထားမျိုးတွေ ဖြစ်တယ်။ ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတဲ့ နောက်ပိုင်း သူတို့ကပါဝင်ပတ်သက်ရတော့မယ့် လူတွေမဟုတ်ဘူးဗျ။ မပါဝင်မပတ်သက်ရင် တမျိုးပေါ့။ အခုဟာ သူတို့က (၂၅) ရာခိုင်နှုန်းယူထားတဲ့အပြင် ပါဝင်ပတ်သက်တဲ့လူ။ အခု သူတို့ပါတီတွေ ထောင်ကြမယ်ဗျာ။ နောက်တခါသူတို့ရဲ့ တသီးပုဂ္ဂလအင်အားတွေကို စုနေတယ်ဗျာ။ ဆိုတဲ့အခါကျတော့ နိုင်ငံရေးကို ဘက်ပေါင်းစုံကနေ ထိုးနေတာဗျ။ အဲဒါတွေအတွက်လည်း လှုပ်ရှားမှုတွေ အတော်များများ သူတို့က လုပ်တယ်ဗျ။ ကျနော့်အထင်တော့ တပြည်လုံးအတိုင်းအတာနဲ့ အကြီးအကျယ်လုပ်ဖို့ဆိုတာထက် တိုင်းနဲ့ ပြည်နယ်တွေမှာ group လိုက် group လိုက် ပါတီတွေထောင်ဖို့ လုပ်မယ်။ အဲဒီပါတီလေးတွေက တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေမှာ စည်းရုံးနိုင်အောင် လုပ်မယ်။ နောက်တခုကတော့ တသီးပုဂ္ဂလတွေကို စည်းရုံးပြီးတော့ တသီးပုဂ္ဂလတွေကို ပါတီဝင်ခိုင်းတာတွေလုပ်မယ်။ ဟိုတနေ့ကကြားလိုက်ပါတယ် UMFCCI က လုပ်ငန်းရှင်တွေကို နိုင်ငံရေးနဲ့ ပါဝင်ပတ်သက်ခြင်းမပြုရဆိုတဲ့ စည်းမျဉ်း တွေ၊ constitution တွေကိုလည်း သူတို့ ပြင်လိုက်ပြီဗျ။ အဲဒီလို တသီးပုဂ္ဂလတွေကို လုပ်ခြင်းအားဖြင့်ပေါ့ဗျာ။ စီးပွားရေးသမားတွေ၊ ရပ်မိရပ်ဖတွေကို အတိုက်အခံ အင်အားစုဘက် ယိုင်မသွားအောင် သူတို့က သိမ်းကျုံးသွင်းနေတာဗျ။ ဆိုတော့ ကျနော်ပြောချင်တာက ပြည်တွင်းမှာ တော်တော်ကို ကျပ်တည်းတယ်ဗျ။ စောစောက လက်မှတ်ထိုးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင် နယ်တွေမှာလည်း ခြိမ်းခြောက်မှု တွေရှိတယ်။ ဒါတွေကိုသူတို့မကြိုက်ဘူး။ ဒီလက်မှတ်ထိုးတဲ့ campaign မျိုးကို သူတို့က တော်တော်ကို မကြိုက်တာပါ။ နယ်တွေမှာလည်း အကျပ်အတည်းကြားက လုပ်နေကြ ပါတယ် ဆိုတာကိုတော့ ပြောချင်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ခင်ဗျ။ အာဏာပိုင်တွေဘက်က ဒီလိုဖိနှိပ်မှုတွေကလည်း ရှိနေတယ် ပေါ့လေ။ တဘက်မှာကလည်း ကျနော်တို့ ကြားသိရသလောက်က လူထုစီးပွား ကျဆင်း လာနေပါတယ်။ လူထုကြားထဲမှာ အစိုးရအပေါ် မကျေနပ်ချက်တွေကလည်း များနေ ပါတယ်။ ဒီလိုအချိန်မှာ အန်အယ်လ်ဒီဘက်က လူထုအတွက် ဘယ်လိုအခန်းကဏ္ဍကနေ ဦးဆောင်မှုတွေ ပေးနိုင်မလဲခင်ဗျ။

ဖြေ။ ။ ဒီလိုရှိတယ်ဗျ။ ဒီကိစ္စနဲ့ပတ်သက်ပြီး သာမန်အားဖြင့် ပြောမယ်ဆိုရင် ဒီလိုအချိန်မျိုး လူထုအတွင်းမှာ မကျေနပ်မှုတွေ များနေချိန်မျိုးမှာ နိုင်ငံရေးအဖွဲ့အစည်းတခုဟာ လှုံ့ဆော်၊ လှုပ်ရှားတဲ့ ပုံစံမျိုးနဲ့ သွားဖို့ ကောင်းတယ် ပေါ့ဗျာ။ သို့သော် ဖြစ်နေတာက အန်အယ်လ်ဒီ အနေနဲ့က အဲလိုလုပ်လို့က ရနိုင်တဲ့ အနေအထားမှာ မရှိဘူးဗျ။ လူထုမှာ ပိုပြီးတော့ ဒုက္ခရောက်မယ်။ အဖွဲ့အနေနဲ့ တော်တော်လှုပ်ရှားရတာခက်ပါတယ်။ အန်အယ်လ်ဒီမှာ ရှိတဲ့ ခေါင်းဆောင်ပိုင်းကလည်း policy-making approach လို့ ခေါ်တာပေါ့ဗျာ။ ဒီပုံစံနဲ့ ကုလသမဂ္ဂကိုပြောမယ်။ အခါအားလျော်စွာပေါ်ပေါက်လာတဲ့ နေ့တွေမှာ တောင်းဆိုချက်တွေထုတ်တာ။ ဒီလိုဟာတွေပဲများနေတယ်။ တကယ့်ကို activity ဖြစ်တဲ့ လူထုကြားထဲ တိုးဝင်ပြီးတော့ လူထုကို လှုံ့ဆော်လှုပ်ရှားတဲ့ approach မျိုးက တော်တော်ကို အားနည်းတယ်ဗျာ။ ကျနော့်သဘောကတော့ အဲလိုလှုပ်ရှားရတာ ၀ါသနာပါလည်းပါတယ်။ လုပ်လည်းလုပ်ချင်တယ်ပေါ့ဗျာ။ ဘာလို့လဲဆိုတော့ ကျနော်တို့ မှာ နောက်ထပ်အချိန်သိပ်မရှိဘူး။ ကျနော်တို့မှာ policy-making ပုံစံနဲ့ ဆက်သွားဖို့ ဆိုတာလည်း ကုန်နေပြီဗျ။ လက်ကုန်နှိုက် ပြီးပြီ။ ဘာမှ သိပ်မထူးခြားဘူး။ ဥပမာ ဆိုပါတော့ အခါအားလျော်စွာပေါ်လာတဲ့ အမေရိကန်ရဲ့ change လိုဟာမျိုး အဲလိုဟာမျိုး လောက်ပဲကြည့်ပြီး တော့ ကျနော်တို့က တိုက်တွန်းဖို့ လှုံ့ဆော်ဖို့ ဒီလောက်ပဲရှိတယ်။ ဒီလို တိုက်တွန်းနေရုံနဲ့ အခါအားလျော်စွာ တောင်းဆိုချက်တွေထုတ်နေရုံနဲ့တော့ သိပ်မထူးဘူး လို့ ကျနော့်သဘောအရတော့ မြင်တယ်ပေါ့ဗျာ။ သို့သော် ခက်တာက အဖွဲ့အစည်းရဲ့ ပုံသဏ္ဌာန်ဆိုတာက အဖွဲ့အစည်းမှာ အများရဲ့ဆန္ဒကို လွန်ဆန်လို့မရဘူးလေ။ အများနဲ့ ညှိနှိုင်းပြီးလုပ်ကြရတာလေ။ ကျနော်တို့ကတော့ တိုက်တွန်းနေတယ်။ နည်းနည်းတော့ ကျနော်တို့ရဲ့ လုပ်ငန်းတွေ က dynamic ဖြစ်ဖို့ကောင်းတယ်။ dynamic ဖြစ်ဖို့ တိုက်တွန်း နေပေမယ့်လို့ ကျနော်ကိုယ်တိုင်ကလည်း အသက် (၈၀) ဖြစ်နေတဲ့ အခါကျတော့ ကျနော်ကိုယ်တိုင်ကလည်းပဲ သိပ်ထက်ထက်သန်သန်ကြီး ဦးဆောင်နိုင်တဲ့ အနေအထားမှာ မရှိတာတော့ အမှန်ပဲဗျ။ သို့သော် ကျနော်လူကြီးတွေကိုလည်း တိုက်တွန်း နေတဲ့အခါမှာ သူတို့ကလည်း သူတို့ဘက်ကနေ ကျနော်တို့မသိတဲ့ နှစ်ပေါင်းနှစ်ဆယ်လောက် ကာလ အတွေ့အကြုံတွေ ဘာတွေပြောပြတယ်ပေါ့ ဗျာ။ ဆိုတော့ကာ သူတို့ကလည်း ဒီသူတို့တွေ့ကြုံထားရတဲ့ အတွေ့အကြုံခွင်ထဲက မထွက် ချင်ဘူး။ ကျနော်တို့က လည်း ဘယ်လိုဖြစ်လဲဆိုတော့ တိုက်ပွဲခွင်ထဲ ၀င်ချင်တယ်ပေါ့ဗျာ။ အဲလို အနေအထားမှာရှိတယ်ဗျ။ အဲဒါကို အစိုးရကနေ အမှန်အတိုင်းပြောရရင် ကျနော်တို့ ကို လွှတ်လိုက်တာဟာ ကျနော်ထင်တယ် အန်အယ်လ်ဒီဘက်မှာ အကွဲအပြဲဖြစ်အောင် လုပ်ချင်တဲ့ သဘောရှိပုံပေါ်တယ်ဗျ။ စေတနာလေးရှိပုံပေါ်တယ်။ ဒါမို့ ကျနော်တို့က စိတ်ထိန်းရတယ်။ တတ်နိုင်သမျှ စိတ်ထိန်းပြီးတော့ ဒီလူကြီးတွေပေါ့ဗျာ။ သူတို့မှာလည်း အတွေ့အကြုံရှိပါတယ်။ သူတို့အတွေ့အကြုံတွေကလည်း အဖိုးတန်တယ်လို့လည်း ပြောနိုင်ပါတယ်။ နှစ်ပေါင်းနှစ်ဆယ်လောက် အခက်အခဲ တွေကြားက ရပ်ခဲ့ကြရတာကိုး။ သူတို့တွေ စဉ်းစားနိုင်သလို ကျနော်တို့လည်း စဉ်းစားနိုင်ပါတယ်။ ကျနော်တို့လည်း စစ်ဗိုလ်မှ မဟုတ်ဘဲကိုး။ ကျနော်တို့လည်း သတင်းစာမှာလုပ်လာခဲ့တဲ့အတွက် နိုင်ငံရေး အနုစိတ်ကိစ္စများမှာ စဉ်းစားနိုင်တဲ့ ပါဝင်ဆောင်ရွက်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ သို့သော် တဘက်မှာလည်း တိုင်းပြည်မှာ ဒီလိုငြိမ်ခံနေလို့တော့ မဖြစ်ဘူး ဆိုပြီးတော့လည်း ကျနော်တို့က ယူဆတယ်ပေါ့ဗျာ။ အခုလက်ရှိ အန်အယ်လ်ဒီရဲ့ အနေအထားက လုပ်ဖို့ကောင်းတာက အခုခင်များတို့ မေးသလိုပေါ့ဗျာ။ လူထုကို ဦးဆောင်နိုင်ဖို့လိုတယ်။ လှုံ့ဆော်နိုင်ဖို့လိုတယ် ဆိုတာမျိုးတွေ လုပ်ဖို့ကောင်းတယ်။ အန်အယ်လ်ဒီဟာ တစုံတရာဦးဆောင်မှုပေးနိုင်ရမယ်။ ဒါကတပိုင်း။ တပိုင်းကလည်း နိုင်ငံရေး အနုစိတ်ကလေးတွေပေါ့ဗျာ။ အမေရိကန်ရဲ့ ပုံသဏ္ဌာန်။ အမေရိကန်နဲ့ တရုတ်တို့ရဲ့ အရွေ့အလျား၊ အီးယူရဲ့ အယူအဆ ဒီလိုဟာတွေနဲ့ ဆက်စပ်ပြီး သံခင်းတမန်ခင်း ပုံသဏ္ဌာန်မျိုးနဲ့ ဦးဆောင်ဖို့ ဆိုတဲ့ဟာလည်းရှိတယ်။ အဲဒီနှစ်ခု ကြားထဲမှာ ကျနော်တို့ ဘာလုပ်မလဲဆိုတဲ့အနေအထား ဖြစ်နေတာ ပေါ့ဗျာ။ ကောင်းပြီ ကျနော်တို့ ဦးဆောင်ပြီဟေ့ တခုခုလုပ်ကြပြီဟေ့ဆိုလည်း ကျနော်တို့ အောက်ခြေ အဖွဲ့အစည်းက အားနည်းနေတယ်ဗျ။ တပြည်လုံးအခြေအနေ ခြုံကြည့်တဲ့အခါကျတော့ ကျနော်တို့က အောက်ခြေတွေမရှိဘူးဗျ။ အခုဟာ ခေါင်းပိုင်းတင် ရှိပြီးတော့ ခေါင်းပိုင်းမှ တကယ့်ခေါင်းပိုင်း၊ တနေ့မှ ရုံးထဲမှာ လူငါးဆယ်လောက် ၀င်ထွက်သွားလာ နေကြတာပေါ့ဗျာ။ ဆိုတဲ့အခါကျတော့ လူထုကို ဦးဆောင်မှုပေးတယ်ဆိုတာ ရှင်းရှင်းပြောရရင် အောက်ခြေအဖွဲ့တွေရှိမှသာ စည်းရုံးပြီးသားဖြစ်မှသာ လုပ်နိုင်တဲ့ အနေအထားကိုးဗျ။ ရန်ကုန်မြို့ တခုတည်းတင် CEC တချို့လေးတင် ထအော်နေလို့ မရဘူးလေ။ ကျနော်တို့မှာလည်း အဲလိုမျိုး ချိန်ရတာမျိုးလေးတွေ ရှိတယ်ဗျ။ သို့သော် တခုရှိတာက ကျနော်တို့ကလည်း တိုက်တွန်းထားတာပဲဗျာ။ လူထုကိုယ်တိုင်က အလုပ်လုပ်ကြပါ။ ကျနော်တို့ကလည်း လူထုကို အားကိုးတယ်ဆိုပြီး ထုတ်ပြောတဲ့ ဟာတွေ ရှိပါတယ်။ ဆိုတော့ ဒီအခြေအနေဟာ တကယ့်ကို ဆိုးတာလည်း အမှန်ပဲဗျာ။ စီးပွားရေးဟာ တကယ့်ကို ဆိုးတဲ့ အခြေအနေမှာ ရောက်နေတာလည်း အမှန်ပဲဗျ။ အခုဟာက center point ကိုရောက်နေတယ်။ အခြားဘက်များကူးလာရင်တော့ အုံကြွဖို့ ဆိုတာ ဖြစ်နိုင်တယ်။ သို့သော် အုံကြွဖို့ဆိုတာ ဦးဆောင်မှုကဏ္ဍပါရမယ်ဗျ။

Photobucket

OUR LOGO

Photobucket

"တပ်မတော် အပေါ်မှာ စိတ်ကောင်း စေတနာကောင်း ကလွဲပြီး ဘယ်လိုမှ သဘော မထားပါဘူး။ အဲဒီ အစွဲဟာ ဒီတပ်မတော်ဟာ ကျမ ဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော် ဖြစ်နေတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်"

လာလည်ကြသူများ

ဘယ်နိုင်ငံက လာကြသလဲ

Enter your email address to subscribe to this blog and receive notifications of new posts by email.

Join 4 other subscribers

ရေးပေးခဲ့ချင်တာရှိရင်

ဒီမှာနှိပ်ပြီးရေးပေးခဲ့ပါ View shoutbox
ShoutMix chat widget