You are currently browsing the daily archive for April 5, 2009.

E-mail Print
အဆိုတော် လေးဖြူသည် ဂီတလောကသို့ ၁၉၉၄ ခုနှစ်မှစ၍ “ကန္တာရလမင်း” စီးရီးဖြင့် စတင် ဝင်ရောက်ခဲ့ပြီး ၎င်းစီးရီးမှ စတင်၍ Iron Cross တေးဂီတဝိုင်း၏ ပင်တိုင် အဆိုတော် အဖြစ် ပြည်တွင်း ပြည်ပ စင်တင်ပွဲ များစွာတွင် သီဆိုဖျော်ဖြေခဲ့သည်။ တကိုယ်တော်စီးရီး ၁၃ ခွေထွက်ခဲ့ပြီး မျိုးကြီး၊ အငဲတို့နှင့်အတူ “ရာစုသစ်” “LMN” စီးရီးများ ထွက်ခဲ့သည်။ လေးဖြူသည် IC ၁၅ နှစ်ပြည့် အထိမ်းအမှတ် စင်တင်ပွဲတွင် ပါဝင်သီဆိုခဲ့ပြီး နောက်ပိုင်း ၄ နှစ်ကျော်ခန့် စတိတ်ရှိုးများတွင် လုံးဝသီဆိုခြင်း မပြုတော့ဘဲ ယခု ၂၀၀၉ နှစ်ဆန်းတွင်မှ ပြန်လည် သီဆို ခြင်းဖြစ်သည်။ ၂၀၀၈ နှစ်ကုန်ပိုင်းတွင် ၎င်း၏ ကိုယ်ပိုင်သံစဉ် “ဘင်္ဂလားပင်လယ်အော်” စီးရီးထွက်ခဲ့သည်။ မတ်လ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် IC အဖွဲ့သားများ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ ဆုန်သင်းပါရ်၊ ကြိုးကြာတို့နှင့်အတူ စင်တင်ပွဲ ဖျော်ဖြေတင်ဆက်ရန် ရောက်ရှိနေစဉ် ဧရာဝတီ မဂ္ဂဇင်းက အဆိုတော် လေးဖြူနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ဘန်ကောက်မြို့ IC ရှိုးတွင် သူ့အလှည့်ရောက်ရန် စောင့်နေသည့် လေးဖြူ (ဓာတ်ပုံ – ဧရာဝတီ)
မေး။ ။ ကိုလေးဖြူ နောက်ဆုံးထွက်ခဲ့တဲ့ ကိုယ်ပိုင်သံစဉ် စီးရီး ဘင်္ဂလားပင်လယ်အော် (BOB) ကို ကိုလေးဖြူရဲ့ ရော့ခ်ပရိသတ်တွေက ပျော့တယ်ပြောကြတယ်။ ဘာကြောင့် ဒီလို သီချင်းအပျော့လေးတွေကို ရွေးလုပ်တာပါလဲ။

ဖြေ။ ။ တကယ်တမ်းကျတော့ ကျနော်သီချင်းဆိုလာတဲ့ ဒီ ၁၅ နှစ်တာသက်တမ်းမှာ တနိုင်ငံလုံးက ကျနော့်ပရိသတ် တွေနဲ့ ကျနော်တို့ရဲ့ ဆက်ဆံရေးကို ကြည့်မိတယ်။ ကျနော့်ပရိသတ်တွေက IC အဖွဲ့ကို အများကြီး ထောက်ပံ့ခဲ့တယ်။ ကျနော်တို့ကို သူတို့က အားပေးလာတယ်။ ဒီနောက်ပိုင်းမှာ ကျနော်တို့ လိုက်ဖ်စတိုင်တွေပြောင်းလဲ .. ဘဝ အသက်ရှင်တဲ့ ပုံစံတွေ ပြောင်းလဲခဲ့တယ်။ အရင်တုန်းက မရဘူးတဲ့ အတွေးအမြင်တွေလည်း ရခဲ့တယ်။ ပိုပြီး ကျယ်ပြန့်တဲ့ အသိအမြင်တွေလည်းရခဲ့တယ် .. ။ ကျနော်တို့ကို သူတို့က အားပေးကြတာကိုး။ ကျနော်တို့ ထွက်လာတဲ့ စီးရီးတွေပေါ်မှာ သူတို့ရဲ့ တုန့်ပြန်မှုတွေကို မြင်ရတယ်။

ဒီအချိန်မှာ ကျနော်တို့ အစစ အရာရာ ခက်ခဲတယ်လေ။ ဒဏ်ရာတွေနဲ့ ကမ္ဘာကြီးပေါ့ .. အရှေ့ကော အနောက်ကော တကမ္ဘာလုံးကို ပြောတာပါ။ တောမီးလောင်တဲ့သူရှိတယ်၊ ရေကြီးတဲ့သူရှိတယ်၊ တံတားကျိုးတဲ့သူရှိတယ်။ ငတ်မွတ်ခေါင်းပါးတဲ့၊ အစာရေစာ ပြတ်လပ်တဲ့သူတွေရှိတယ်။ ကုမရတဲ့ ရောဂါတွေ ဖြစ်နေတယ်။ ဒီကမ္ဘာကြီးက ဒုက္ခရောက် နေတယ်ပေါ့ဗျာ။ ဒီအချိန်မှာ ကျနော်ထွက်မယ့် အခွေထဲမှာပါတဲ့ သီချင်းလေးတွေက သူတို့ကို တထောင့် တနေရာကနေ အေးချမ်းသွားစေချင်တယ်။ ဒါကြောင့် သီချင်းအမျိုးအစားတွေကို သေချာရွေးချယ် ခဲ့တာပါ။

ဒါကို အမျိုးအစား ခွဲခြားပြီး ပျော့တယ်လို့ ပြောကြ၊ သုံးသပ်ကြတာတွေနဲ့ ပတ်သက်လို့တော့ နည်းနည်း ပြောချင်တယ်။ ကျနော့် ရည်ရွယ်ချက်ကိုတော့ ခုနက ပြောပြီးပြီ။ ကျနော်တို့ ခု နောက်ပိုင်း Recording System တွေ ကျနော်တို့သုံးတဲ့ ကြားခံ ပစ္စည်း Equipment တွေက မြန်မာပြည်မှာ ထိပ်ဆုံးဆိုတဲ့ ထဲမှာ ပါပါတယ်။ အဲဒီမှာ ကျနော်တို့က တခွေနဲ့တခွေ Splendid ဖြစ်ဖို့၊ ကွဲပြားဖို့၊ Perfect ဖြစ်ဖို့ မတူဖို့ ပုံစံတွေ ကွဲပြားဖို့ ကြိုးစားရတယ်။ အဲဒီမှာ ခု တိုးတက်နေတဲ့ ခေတ်ရဲ့အသီးအပွင့်ရှိတယ်၊ နောက် ညီလေး (ချစ်စမ်းမောင်) ရဲ့ ကြိုးစားမှုပေါ့လေ .. ။ အဲဒီမှာ ၁၀၀ ရာခိုင်နှုန်း ဒီဂျစ်တယ် ဖြစ်လာတဲ့ အနေအထားမှာ အသံတွေက ရော့ခ်ရဲ့ ပင်မဇစ်မြစ်ဖြစ်တဲ့ Analogue ထဲကနေ နည်းနည်းတော့ သွေသွားတဲ့ သဘော ရှိတယ်။ ဒါပညာရှင်စကားပြောတာပါ .. ။

ရိုးရိုးသားသား ပြောရမယ် ဆိုရင်တော့ နည်းနည်းညက်ညောတဲ့ ဘက်ကို ပါသွားတယ်။ ဒါပေမယ့် ကျနော်စိန်ခေါ်တာတော့ မဟုတ်ဘူး .. နည်းနည်း တီးပြီး ဆိုကြည့်လိုက်ပါ .. ။ အသက်သာကြီးထဲကတော့ မဟုတ်ပါဘူး။ ကျနော်တို့ ဖွဲ့စည်းပုံ ပုံစံ .. ဖွဲ့စည်းပုံ ပုံစံဆိုတာဂီတစတိုင်နဲ့ မဆိုင်ဘူးနော်။ Composition, Trend တွေကို ကြည့်မယ်ဆိုရင် ကျနော်တို့က ရပ်နေလို့မရဘူး တကမ္ဘာလုံးက သွားနေတဲ့ လမ်းကြောင်း ရှိတယ်။ ဥပမာ – ရသေ့တောင်နားရောက်ရင် ငါးခြောက်ဝယ်ရသလို၊ ခွေးရုပ်ဘူတာနားရောက်ရင် ထမင်းစားရမယ် .. အဲလိုပေါ့လေ။

ဒါတွေက Tools တွေလေ။ ဒါတွေကို သုံးကို သုံးရပါတယ်။ အဲလို အဆင့်မြင့်ပစ္စည်းတွေကို သုံးတဲ့ အခါကျတော့ ကျနော်တို့ အဆိုတွေ အတီး color တွေ .. ရှိတယ်။ လူတွေပြောချင်တာ color ကို ပြောတာ ဖြစ်ပါလိမ့်မယ်။ ကျနော်တောင် ပြောဖူးသေးတယ် ခုခေတ်လူတွေက ဂစ်တာ မကိုင်မကြတော့ဘူး ..။ ပါဝါ အွန်ပြီး တာနဲ့ မိုက်ကရိုဖုန်းကို တန်းကိုင်ကြတဲ့အခါကျတော့ နောက်ပိုင်း လူငယ်တွေမှာ Music ခံစားချက် တွေက အရင်လောက်သိပ် မပြင်းထန်ဘူး။ နည်းနည်း ကျတဲ့ ဘက်ကိုရောက်နေတယ်လို့ ပြောရမယ်။ အရင်ကလောက် မထွက်ပေါ်လာဘူး .. ။ အဲလိုကျလာတဲ့ အချိန်မှာ ကျနော်ကတော့ သေသေချာချာကို ပြောရဲတယ် ဒီ ပျော့တယ်ဆိုတာက ဘာကို ပြောတာလဲ အသေးစိတ် သေချာကြည့်ရင် ကျနော်တို့ ခဲရာခဲဆစ် လုပ်ထားရ တာတွေ အများကြီးပါ။

ပရိသတ်နှင့် အပေးအယူမျှမျှ သီဆိုနေစဉ် (ဓာတ်ပုံ – ဧရာဝတီ)
ခုနောက်ပိုင်း ကျနော်နည်းနည်း လက်ခံလာတဲ့ ဒဿနက တမျိုးပေါ့လေ။ ကျနော့် အသက်အရွယ်နဲ့လည်း ဆိုင်ပါလိမ့်မယ်။ ကျနော် စဆိုတုန်းက ၂၈ နှစ်ပဲ ရှိသေးတယ်ဗျ။ ခု ၄၄ နှစ်လေ။ ကျနော့် ခံစားမှုလည်း ပြောင်းသွားတယ်။ ဒီအချိန်မှာ ကျနော်ခံစားရသလို ရိုးရိုးသားသား လုပ်ပြချင်တာပဲ ရှိတော့တယ်။ ဒီ အသက်အရွယ်မှာ Target တခုထားပြီး ချဉ်းကပ်တာမျိုး၊ အတင်းလုပ်ယူပြီးမှ ရတဲ့ဟာမျိုးတခုကို မလုပ်ချင် တော့ဘူး။ သဘာဝကျကျ ဖွံ့ဖြိုးတိုးတက်မှုကိုပဲ လိုချင် တော့တယ်။ နှေးချင်တော့ နှေးလိမ့်မယ် .. ဒါပေမယ့် ဘယ်သူ့မှ မနာမကျင်၊ ဘယ်သူ့မှကို မထိခိုက် စေဘဲနဲ့ ကိုယ်လိုချင်တဲ့ဟာဆီ သွားတဲ့နည်းကို ပိုပြီးတော့မှ ရဲရင့်တယ်လို့ ယူဆတယ်။ ဘယ်လောက်ပဲ နိုင်ငံရေး စစ်ပွဲတွေ ဖြစ်နေပါစေ အာဂျင်တီးနားဘက်က သီချင်းတွေ ကောင်းတာပဲ။ ဘယ်လောက်ပဲ စီးပွားရေး ခက်ခဲ နေပါစေ အာဖရိက Music က ကမ္ဘာမှာ ၁ ကနေ ၅ ထဲမှာ ဝင်တာပဲ။

ပတ်ဝန်းကျင်က ဖိအားတွေရှိလိမ့်မယ် ဒါပေမယ့် အဲဒီဒဏ်တွေ ခံပြီးတော့ထွက်ပေါ်လာတာက ပိုပြီး ရဲရင့်တယ်လို့ ကျနော်ယူဆတယ်။ ခက်ခဲတဲ့ ပတ်ဝန်းကျင်မှာ နေပြီးဖြေရှင်းကြတဲ့ နည်းကို ကျနော်တို့ ပိုပြီး နှစ်သက်ပါတယ်။

မေး။ ။ မြန်မာပြည်ရဲ့ ဂီတဈေးကွက်ပျက်ရတဲ့ အကြောင်းရင်းက ခိုးကူးခွေ တခုတည်းကြောင့်လို့ ပြောလို့ ရပါသလား။

ဖြေ။ ။ ဒီကိစ္စတွေ ပြောရရင် စာမျက်နှာ ၂၀ လောက်ဖြစ်သွားလိမ့်မယ်။ ပြောရရင်တော့ ကျနော်တို့ တိုင်းပြည်က Privacy အလေ့အထ နည်းသေးတဲ့ သဘောရှိတယ်။ Intellectual Property ကို ဘယ်နေရာမှာထားရမယ်ဆိုတဲ့ အသိအမြင် ဗဟုသုတ ကျနော်တို့ နိုင်ငံမှာနည်းပါသေးတယ်။ အဲဒါကပဲ ပိုပြီး ဒုက္ခရောက်စေတယ်လို့ ထင်ပါတယ်။ ပညာပေးပြီးတော့ အချိန် ကာလလေး တခုကို စောင့်ရမယ့် သဘော ရှိတယ်။ အနုပညာဈေးကွက်မှာ ပျက်စီးကြတယ်ဆိုတာက အမျိုးမျိုးပေါ့လေ။ ဖန်တီးတဲ့သူဘက် ကလည်း အပြစ်ရှိတာမျိုးရှိတယ်၊ ဝယ်ယူစားသုံးကြသူတွေဘက်က စည်းကမ်းမရှိတာတွေ အများကြီးပဲ။ ခု ကာလက ရှားပါးတဲ့၊ ခက်ခဲတဲ့ကာလမို့လို့ ခိုးလုပ်ကြတာတွေ၊ မသမာတဲ့သူတွေ လက်ချက်လည်း ပါပါတယ်။ ပြောရမယ် ဆိုရင်တော့ အများကြီးပဲ။ ခေါင်းစဉ်ကတခုတည်း တပ်လို့မရပါဘူး။

မေး။ ။ ခု BOB ကကော စီးပွားရေးအရ အောင်မြင်ရဲ့လား။

ဖြေ။ ။ အဆင်ပြေပါတယ်။ ကျနော့်ပရိသတ်တွေက ကျနော်တို့ ဘယ်လိုသဘောထားရှိတယ် ဆိုတာ သိကြတာများပါတယ်။ ကျနော်တို့အဖွဲ့ အားသာတာ အဲဒါလေးပေါ့နော်။ ကျနော်တို့အဖွဲ့ ဘယ်လိုဖီလင် ရှိတယ် ဆိုတာ သိတာများတယ်။ ကျနော်တို့ ရင်ခုန်သံနဲ့ သူတို့ ရင်ခုန်သံ သိပ်မဝေးဘူး။ သူတို့ ဝယ်ကြ ပါတယ်။ တချို့ဆို ပါကင်တောင်မဖွင့်ဘူး ဝယ်သိမ်းကြတယ်။ တချပ်ကို နားထောင်တယ် တချပ်ကို သိမ်းထားကြတယ်လို့ ပြောတယ်။ ဒီလိုဝယ်သိမ်းရတာကိုလည်း ဂုဏ်ယူကြတယ်။ တချို့နေရာမှာလည်း ရှိတော့ ရှိမှာပေါ့။ ဒါပေမယ့် နည်းပါတယ်။ တကယ်ပြောရရင် ဘယ်လိုနည်းနဲ့တွက်တွက် ကျနော်တို့နိုင်ငံမှာ အနုပညာ ပစ္စည်းရပိုင်ခွင့်က အရမ်းနည်းတယ်။ ဘယ်လိုတွက်တွက် အနုပညာသမားတွေက ဒီထက် အများကြီး ရသင့်ပါတယ်။ ဒါ လောဘကြီးလို့ ပြောတာ မဟုတ်ပါဘူး။ ကျနော်က နေနိုင်ပါတယ်။ ဖြစ်သင့်တာ ပြောတာပါ။

မေး။ ။ ကိုလေးဖြူရဲ့ ဂီတသမား သက်တမ်းမှာ ကိုလေးဖြူနဲ့ ပတ်သက်လို့ အသံ အမျိုးမျိုး ကြားရတာတွေရှိတယ်။ ကိုလေးဖြူ ဘာလုပ်လုပ် ကောင်းတယ်ပြောတဲ့သူတွေ ရှိသလို ကိုလေးဖြူ ရဲ့ ဆက်ဆံရေးကို ဝေဖန်တာမျိုးတွေလည်း ကြားရတယ်။ အဲဒီအသံတွေနဲ့ ပတ်သက်လို့ ဘာပြောချင်ပါ သလဲ။

ဖြေ။ ။ ဒါကတော့ ကျနော်ညံ့ဖျင်းလို့ပဲလို့ ပြောမှာပါပဲ။ အမှန်အတိုင်းပြောရရင် ကျနော်တို့ အားလုံး Social Dealing သိပ်မကောင်းဘူး။ ကျနော်တို့က လာသမျှလူကို စော်ကားလွှတ်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့ စိတ်ခံစားချက်ကိုက သိပ် Stable မဖြစ်ဘူး။ ကျနော်တို့ အဖွဲ့ တဖွဲ့လုံးက အင်တာဗျူးတွေ ဘာတွေကို သိပ်မကြိုက်ဘူးဗျ။ စကားဆိုတာကတော့ အမျိုးမျိုးပြောလို့ရတာပေါ့ဗျာ။ ရှင်းရှင်းပြောရရင် မယုံကြည်ဘူးဗျ။ မျက်နှာပေးရှိတယ်ဗျာ .. ၊ လေသံရဲ့ အဖော့အဖိ ရှိတယ်ဗျာ၊ စကားလုံးရွေးချယ်မှု လိုအပ်တယ်ဗျာ … ဒါတွေ ကျနော်တို့ မကျွမ်းကျင်ဘူး .. ကျနော်တို့က လိုရင်းကို တည့်တည့် ပြောတဲ့ အခါကျတော့ အဲဒါရိုင်းတယ်ဖြစ်တယ်ဗျ။ ဒါကတော့ ကြိုက် သလိုမြင်လို့ရပါတယ်။ ကျနော်ကတော့ ဒီတိုင်းပါပဲ။

“ရူးချင်ယောင် ဆောင်မနေနဲ့” ဆိုတဲ့ လေးဖြူ (ဓာတ်ပုံ – ဧရာဝတီ)
မေး။ ။ ကိုလေးဖြူရဲ့ အသက် ၄၀ ကျော်လာတဲ့ နောက်ပိုင်းမှာ လိုက်ဖ်စတိုင်ဘယ်လို ပြောင်းသွားတာလဲ။ အသက်ကြီးလာရင် ဘာတွေ ဆက်လုပ်ဖို့ ရည်ရွယ်ထားလဲ။ ကိုယ်ပိုင်သံစဉ်တွေပဲ ဆိုသွားတော့မယ်ဆိုတာမျိုး ရှိလား။

ဖြေ။ ။ အဲလိုတော့ မရှိဘူးဗျ၊ အဲလိုတော့ ကျနော်ဘယ်တော့မှ မပြောဘူး။ အရပ်စကားနဲ့ ပြောရမယ် ဆိုရင် ငရဲ ကြီးပါတယ်။ ကော်ပီကိုဘာဖြစ်တယ် ညာဖြစ်တယ် ပြောလို့မဖြစ်ဘူးဗျ၊ ကျေးဇူးက အများကြီး ရှိတယ်။ ဒါပေမယ့် ကျနော်ပြောတာကို သဘောမတူဘူး ဆိုရင်လည်း သဘောမတူလို့ ရပါတယ်။ ဒါကတော့ လွတ်လပ်ခွင့်ပဲလေ။ ကျနော့်ကိုယ်ပိုင်အယူအဆနဲ့ ပြောမယ် ဆိုရင်တော့ ဒါက ကော်ပီကို ဒီလိုတွေ ပြောနေရတာကိုက ငရဲကြီးပါတယ်။ ဒီလောက်ပဲပြောချင်တယ်။ တခြားဟာတော့ သိပ်မပြောချင်ဘူး။ ဒီကိစ္စကလည်း ပြောရမယ်ဆိုရင် စာနယ်ဇင်းသမားတွေ၊ မီဒီယာသမားတွေ လုပ်စားလို့ကောင်းအောင် ထွင်ထားတဲ့ ထွင်လုံးကြီးပါ .. ။ ဒါက ကော်ပီတွေ၊ ကိုယ်ပိုင်သံစဉ်တွေသာ လျှောက်ပြောနေတာပါ ..။ တချို့ဆို ကော်ပီဘာလဲ ကိုယ်ပိုင်သံစဉ် ဘာလဲတောင် သိပုံမရပါဘူး။ ဒါ စာနယ်ဇင်း သမားတွေရဲ့ လုပ်ကွက်ကြီးလို့ပဲ ပြောချင်တယ်။

ရန်ကုန်တိုင်း မြို့နယ်သုံးခုတွင် ကာလ၀မ်းရောဂါပိုးတစ်မျိုး ပျံ့နှံ့

ဝင်းမြတ်

ဧပြီ ၅၊ ၂၀၀၉

ရန်ကုန်တိုင်း ဒေါပုံ၊သာကေတနှင့် ပုဇွန်တောင်မြို့နယ်များတွင် ကာလ ၀မ်းရောဂါပိုးတစ်မျိုး ပျံ့ပွားနေပြီး ကူးစက်ခံရသူအချို့ ဆေးရုံတင်ထားရသည်။

၎င်းမြို့နယ်များတွင် ကာလ၀မ်းရောဂါဖြစ်ပွားစေသည့် ဘက်တီးရီးယား တစ်မျိုး ပျံ့နှံ့နေသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊ အစားသောက်နှင့် ဆေးဝါး ကွပ်ကဲမှုဌာနမှ ဓါတ်ခွဲမှူးများက စစ်ဆေး တွေ့ရှိထားကြောင်း အမည်မဖော်လိုသူ ဓါတ်ခွဲမှူး တစ်ဦးကပြောပါသည်။

အျပည့္အစုံသိုႛ …

U.S. Ambassador to the United Nations Susan Rice, left, and Japanese Ambassador Yukio Takasu speak to reporters regarding North Korea's launch of a test missile
မြောက်ကိုရီးယား နိုင်ငံ ဒုံးပျံ စမ်းသပ် ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအတွင်းမှာ မနေ့က အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ကြပေမယ့် ဆုံးဖြတ်ချက် တစုံတရာ ချမှတ်နိုင်ခဲ့ခြင်း မရှိပါဘူး။
U.S. Treasury Secretary Timothy Geithner at the Council on Foreign Relations, 25 Mar 2009, in New York

US Pres. Obama gestures during a media conference at the NATO summit in Strasbourg,  04 Apr 2009

Dr Sein Win

north korea missle
မြောက်‌ကိုးရီးယား ဒုံးပျံလွှတ်တဲ့ ကိစ္စ
တုန့်ပြန်ကြဖို့ အ‌မေရိကန်‌နဲ့EU တိုက်‌တွန်း

နေတိုး ညီလာခံ ဆုံးဖြတ်ချက်

nato leaders


more


more

more

AASYC မှ ရခိုင်အမျိုးသမီး အမတ် ဒေါ်အေးသိန်းထံ ၀မ်းမြှောက်ကြောင်း သ၀ဏ်လွှာပို့

၎၊၆၊၂၀၀၉

ထိုင်းနိုင်ငံတွင် အခြေစိုက်သော ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC) မှ များမကြာမှီက ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွှေးချယ် တင်မြှောက်ခံရသူ ရခိုင် အမတ် ဒေါ်အေးသိန်းထံ ၀မ်းမြှောက်ကြောင်း သ၀ဏ်လွှာ ပေးပို့ခဲ့သည်။
အပြည့်အစုံသို့

မြောက်ဦးမီး အိမ်ခြေ ၂၀ ခန့် ၀ါးမျိုခံရ

၎၊၅၊၂၀၀၉မင်းအောင် (နိရဉ္စရာ) မြောက်ဦးမြို့တွင် ဧပြီလ ၂ ရက်နေ့က မီးလောင်မူ ဖြစ်ပွားခဲ့ရာ အနည်းဆုံး အိမ်ခြေ ၂၀ ခန့် မီးထဲ ပါသွားကြောင်း သတင်းရရှိသည်။ အပြည့်အစုံသို့

အကြမ်းဖက်မှု (Terrorism) ဆိုတဲ့ စကားလုံးလေးဟာ နှစ်ဆယ်ရာစုနှောင်းပိုင်းနဲ့ နှစ်ဆယ့်တစ်ရာစု ကာလတ လျှောက်မှာ ရေပန်းအတော်စားလာတဲ့ စကားလုံးလေးဖြစ်ပါတယ်။ ဒီစကားလုံးနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကြသလို၊ အကြမ်းဖက်မှုပုံစံ အမျိုး မျိုးကိုလဲ လေ့လာသူတွေက လေ့လာသုံးသပ်ခဲ့ကြတယ်။

အပြည့်အစုံသို့

ပိတောက် …. မှတ်တမ်း

(ကမာပုလဲ)

အဲဒီပိတောက်တွေမှာ
မေမေ့ ရနံ့ကိုရတယ်
(ကျနော့်ရဲ့ အမဖြစ်သူ)
မမလေး ရနံ့ကိုရတယ်
ဘ၀ရဲ့ ပထမဆုံး
ငယ်ချစ်ဦးရဲ့ ရနံ့ကိုရတယ်…။

အပြည့်အစုံသို့

သခင်တင်မြနှင့် အမေး အဖြေ

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အခြေခံဥပဒေကို မထိပါးရန် တော်လှန်ရေးနေ့က ပြောကြားခဲ့ပြီးနောက် ရွေးကောက်ပွဲဝင်ရန် တိုက်တွန်းထားသူ သခင်စိုး ခေါင်းဆောင်သော…

နာဂစ်အကူအညီ လိုအပ်တာထက် လျှော့နည်းနေ

2009-04-05

ဒေၞအောင်ဆန်းစုကြည်ထံ မိသားစုဆရာဝန် ဒေၝက်တာတင်မျိုးဝင်း သွားရောက်

2009-04-05

ရေပက်ကစားမည့် သင်္ကြန်မဏ္ဍပ်သို့ အခပေး၍ ရေလာပက်ကြရန် ကြော်ငြာထားသည့် ဆိုင်းဘုတ်တခု ...နာဂစ်အလွန်ပန်းပု ပြပွဲ ပြိုင်ပွဲတခုကို ရန်ကုန်မြို့ ဆရာစံလမ်း၊ ဆရာစံတာဝါတွင် ဧပြီ ၃ ရက်တွင် ကျင်းပ ...

သင်္ကြန်စီးပွားရေး

ရေပက်ကစားမည့် သင်္ကြန်မဏ္ဍပ်သို့ အခပေး၍ ရေလာပက်ကြရန် ကြော်ငြာထားသည့် ဆိုင်းဘုတ်တခု …

‘သင်္ကြန်စီးပွားရေး’ ရေပက်ကစားမည့် သင်္ကြန်မဏ္ဍပ်သို့ အခပေး၍ ရေလာပက်ကြရန် ကြော်ငြာထားသည့် ဆိုင်းဘုတ်တခု

ဖိုးလပြည့် အင်းလျားလမ်းတွင် ရေပက်မည်

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး ဖိုးလပြည့်နှင့် သူငယ်ချင်းများသည် လာမည့် သင်္ကြန် တွင် အင်းလျားလမ်း၌ မဏ္ဍပ်ထိုင် ရေပက်မည်ဟု မဇ္ဈိမက စုံစမ်း…

အလဲဗင်းမီဒီယာ၊ ၀ီစကီနှင့် စာပေစိစစ်ရေး

သန်းစိုးလှိုင်

ဧပြီ ၅၊ ၂၀၀၉

စာပေစိစစ်ရေး ခုံရုံး

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်ကို စစ်အာဏာရှင်စနစ် အောက်မှာ မည်သို့မျှ လွတ်လပ်စွာ ရှင်သန်ဖွံ့ဖြိုးခွင့်မရခဲ့ သည့်ပြင် စစ်အာဏာရှင် တည်မြဲရေးအတွက် လိုအပ်သည့်အခါတိုင်း တရားစီရင်ရေး စနစ်ကို ပုံဖျက်ကာ နိုင်ငံရေးအတွက် အသုံးချခဲ့သည့် သာဓကပေါင်းများစွာ ရှိခဲ့သည်။
အျပည့္အစုံသိုႛ …

မြန်မာပြည်တွင်းသတင်းထောက်

သည်ဖေမောင်

ဧပြီ ၄၊ ၂၀၀၉

စတုတ္ထမြောက် ဒေါက်တိုင်တဲ့လား

နေပူထဲက အော်နေကြ

ငါတို့ဟာ တိုင်းပြည်ရဲ့စတုတ္ထတဲ့။

အျပည့္အစုံသိုႛ …
US President Barack Obama walks with his wife first lady Michelle Obama, right, before delivering a public speech to thousands of people on the Hradcany Square in Prague, Czech Republic, 05 Apr 2009
President says N. Korean launch proves the need for nations to come together to stop the spread of nuclear weapons and to eliminate those that already exist
More Stories from VOA

ASIA-PACIFIC

Model of a North Korean missile on fire outside the US embassy in Seoul
A North Korean rocket fails to put a satellite into orbit, US and South Korean officials say, hours after the North claims success.
US President Barack Obama outlines his vision of a world free of nuclear weapons during a major speech in Europe.

An ice bridge that holds in place an ice shelf the size of Jamaica snaps, heightening concern over the impact of global warming.

image

17 Killed, Several Wounded in Bus Accident

4/4/2009

Ann: 17 travelers were killed and 37 were injured in a vehicle accident on the Rangoon – Sittwe highway on Friday near Ann Town in Arakan State, said a source close to the Ann Town hospital.full story

Six Burmese Citizens Pushed Back from Bangladesh

4/4/2009

Teknaf: Bangladesh Rifles, the Bangladesh border security force, pushed six Burmese citizens back across the border to Burma at the Teknaf border point soon after arresting them with smuggled goods aboard two engine boats, said one official.full story

North Korea Defies World Pressure

2009-04-03

North Korea defied international warnings and launched a rocket into space Sunday, describing it as a satellite test.

အမှန်တရားဂျာနယ် အယ်ဒီတာ့ အာဘော်

“မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရဖီဆန်ကြ”

၂၀၀၉ ခုနှစ် အစပိုင်းကတည်းက ဒေါ်အောင်ဆန်းစုကြည်၏ ခြံရှေ့တွင် “တိုင်းပြည်နှင့် လူမျိုးအတွက် ပြတ်ပြတ် သားသား ဆောင်ရွက်ကြ” ဟူသော ဗိုလ်ချုပ်အောင်ဆန်း၏ အဆိုအမိန့်တခုကို ဆိုင်းဘုတ်တင် ချိတ်ဆွဲထားခဲ့သည်။

လွန်ခဲ့သော ရက်အနည်းငယ်က မူလချိတ်ဆွဲထားသည့် ဆိုင်းဘုတ်၏ အပေါ်ဘက်တွင် “တိုင်းပြည်နှင့် လူမျိုးကို တစ်ခါမျှတစ်ပါတ် မရိုက်ခဲ့” ဟူသော စာတန်းတခုကို ဗိုလ်ချုပ်၏ ဓါတ်ပှုံနှင့် အတူ ချိတ်ဆွဲထားခဲ့ ပြန်သည်။

တရားမျှတမှုကင်းမဲ့စွာ နေအိမ်အကျယ်ချုပ်ကျခံနေရသော ကျွန်တော်တို့၏ လူထုခေါင်းဆောင်သည် သူမပေး လိုသော Message နှစ်ခုကို ဖေါ်ထုတ်ပြခဲ့သည်ဟု ဆိုရပါမည်။

ပထမ Messageသည် အတိုက်အခံများ အားလုံး၊ ပြည်သူလူထုတရပ်လုံးနှင့် မျိုးချစ်တပ်မတော်သား အားလုံးကို တိုင်းပြည် အကျိုးအတွက် နှောင့်နှေးတွေဝေခြင်း မရှိပဲ ပြတ်သားစွာ အကောင်အထည်ဖေါ် ဆောင်ရွက်ကြရန် သုမ တတ်နိုင်သောနည်းဖြင့် ဦးဆောင်မှု ပေးခဲ့ခြင်းဖြစ်ပြီး၊ နှောင့်နှေးတွေဝေနေရန် မည်သည့် အကြောင်းမျှ မရှိတော့ကြောင်း မီးစိမ်းပြခဲ့ခြင်းဖြစ်သည်။

ဒုတိယ Message သည် နအဖတို့၏ လုပ်ကိုင်ဆောင်ရွက်နေမှု အပေါ် သူမ အယုံအကြည် မရှိတော့ကြောင်း ဖေါ်ပြလိုက်ခြင်း ဖြစ်သည်။ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်နှင့်လူမျိုး အပေါ် မည့်သည့် အခါမှ တပါတ်ရိုက် လှည့်စား လိမ်လည်ခဲ့ခြင်း မရှိခဲ့သည့် အချက်ကို အထွေအထူးလုပ်၍ ပြောနေစရာမရှိ၊ ဘာကြောင့် ထိုအချက် ကို ဖေါ်ထုတ်နေရသနည်း ဆိုလျှင် ထိုသို့ လုပ်နေသူများ ရှိနေသည်ကို ထုတ်ပြောလို၍သာ ဖြစ်သည်။

နအဖတို့သည် အလိမ်အညာ အခြေခံဥပဒေနှင့် အတုအယောင် ရွေးကောက်ပွဲတို့ဖြင့် တိုင်းပြည်ကို တပါတ် ရိုက်ကာ ထပ်မံ၍ ကျွန်ဇာတ်သွင်းတော့မည် ဖြစ်ကြောင်း မီးမောင်းထိုးပြ လိုက်ခြင်းသာ ဖြစ်ပေသည်။

သတင်းစာဆရာကြီး ဦးဝင်းတင်ကလည်း သူ၏မွေးနေ့ပွဲ တွေ့ဆုံမေးမြန်းခန်းတခုတွင် “ကြောက်ရင်လဲ ကြောက်ကြောက်နဲ့ပဲ လုပ်ပါ”ဟု ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သော စကားတခွန်းကို ကိုးကား၍ မကြောက် တရားကို ဟောခဲ့သည်။

အကြံအစည် ရှိရှိဖြင့် ရက်စက်မှုကမ်းကုန်စွာ နအဖတို့၏ ဖိနှိပ် ဆောင်ရွက်ခဲ့မှုများကြောင့် အကြောက်တရား သည် လူထုတို့၏ နှလုံးသားကို စူးနင့်နေစေခဲ့ပြီဟု သူမြင်သိခဲ့သည့် အချက်ကို ထုတ်ဖေါ်ပြောပြခဲ့ခြင်းသာ ဖြစ်သည်။

ထိုအကြောက်တရား အတားအဆီး တို့ကို ရိုက်ချိုးဖျက်ဆီးနိုင်မည်မှာ လက်တွေ့လူထုတိုက်ပွဲသာ ဖြစ်သည်ဟု ကျွန်ုပ်တို့ ၂၀၀၉ စုစည်းလှုပ်ရှားမှု ကော်မတီမှ အလေးအနက် ယုံကြည်ပါသည်။ လမ်းပေါ်တက်၍ ဆန္ဒ ဖေါ်ထုတ်မှသာ လူထုတိုက်ပွဲဟု ခေါ်ဆိုနိုင်သည် မဟုတ်ပါ။

ထို့ကြောင့် နအဖတို့ ဖိန့်ဖိန့်တုန် ကြောက်ရွံ့ခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင် တိုက်ပွဲဝင်ခဲ့ဘူးသည့် “မတရားတဲ့ အမိန်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုသည့် တိုက်ပွဲဝင် ဆောင်ပုဒ်လို လူတိုင်း လူတိုင်း မိမိတို့ တတ်နိုင်သည့် အတိုင်းအတာဖြင့် ဖီဆန် တိုက်ပွဲဝင်ကြရမည်ဖြစ်သလို အတိုက်အခံ အင်အားစုများကလည်း လူထုတိုက်ပွဲ မဟာဗျူဟာ နည်းဗျူဟာများကို လက်တွေ့ဖေါ်ထုတ် အကောင်အထည် ဖေါ်ကြရန် အချိန်တန်ပြီ ဖြစ်ပါ ကြောင်း တင်ပြအပ်ပါသည်။

အွန်လိုင်းမှဖတ်ရှုရန်
အမှန်တရားဂျာနယ် အတွဲ(၁) အမှတ်(၂)


nato

‌နေတိုး ညီလာခံ ဆုံးဖြတ်ချက်

US President Barack Obama during news conference at NATO Summit in Strasbourg, France, Saturday, April 4, 2009
အမေရိကန်အစိုးရရဲ့ အာဖဂန်နစ္စတန်ဆိုင်ရာ မဟာဗျူဟာသစ်ကို နေတိုးအဖွဲ့ကြီးက တညီတညွတ်တည်း ထောက်ခံခဲ့ကြတယ် လို့ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မနေ့က ပြင်သစ်နိုင်ငံ စထရက်စ်ဘို့ မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောလိုက်ပါတယ်။

မြန်မာပြည်တွင်းသတင်းထောက်

သည်ဖေမောင်

ဧပြီ ၄၊ ၂၀၀၉

စတုတ္ထမြောက် ဒေါက်တိုင်တဲ့လား

နေပူထဲက အော်နေကြ

ငါတို့ဟာ တိုင်းပြည်ရဲ့စတုတ္ထတဲ့။

အျပည့္အစုံသိုႛ …

မတ်လ ပြောစရာများ –

အသဲကွဲတဲ့ မဲတမဲနှင့် စကားပြောခြင်း

မောင်ရစ်

ဧပြီ ၄၊ ၂၀၀၉

တမ္ဘာလုံး စီးပွားပျက်လို့ဆိုလား လူတွေ အိုးအိမ်တွေပစ်၊ အလုပ်တွေပစ် ဖြစ်နေကြချိန်မှာ သွေးပျက်ပြီး သေနတ်နဲ့ သူများတွေကို ပစ်၊ ကိုယ့်ကိုယ်လည်း ပစ်နေကြချိန်မှာ – ကြက်ဆူပင်က မီးတကျီကျီလုပ်တယ်လို့ ပြောကြမယ် ထင်တယ်။
အျပည့္အစုံသိုႛ …

သတင်းထောက်တဦး၏ နာဂစ်ဒိုင်ယာရီ (၄)
သန်းစိုးလှိုင်

ဧပြီ ၄၊ ၂၀၀၉

မုန်တိုင်းဒဏ်ခံရပြီးခါစ ကွမ်းခြံကုန်းမြို့ စံပြရပ်ကွက်

ဧရာဝတီတိုင်းမှ ရင်နင့်ဖွယ်ရာများ

ရန်ကုန်မြို့နေလူထုမှာ ကိုယ့်ဒုက္ခနှင့်ကိုယ် နပမ်းလုံးနေခိုက် လူပေါင်း ၂ သန်းမျှ နေထိုင်သည့် ဧရာဝတီတိုင်း ရှိ မြစ်ဝကျွန်းပေါ်ဒေသနေ လူထုမှာ မီးရဖို့ ရေရဖို့ ဆိုသည့်ကိစ္စများထက် အဆများစွာ ဆိုးဝါးသည့် သေရေးရှင်ရေး တမျှအခြေအနေများကို ရင်ဆိုင်နေကြရသည်။ တသက်တွင် တကြိမ်မျှ မကြုံဘူးသည့် သဘာဝ ကပ်ဘေးကြီးကို မြန်မာနိုင်ငံ၏ စပါးကျီဟု ခေါ်ဆိုသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသက ခါးစည်း ခံစားခဲ့ရသည်။ ထိုကပ်ဘေးကြီးက သိန်းဂဏန်း၊ သန်းဂဏန်းနှင့် ချီသည့်လူများကို မိသားစု ဆုံးရှုံးစေခြင်း၊ အိပ်မက်ဆိုးကြီးတခုကို ရင်ဆိုင်ကြုံတွေ့စေခြင်းတို့ သယ်ဆောင်လာခဲ့သည်။
အျပည့္အစုံသိုႛ …
altဆောင်းပါး သရုပ်ဖေါ်© မင်းကျော်

၂၀၁၀ သို့ အချိန်ရထားကြီး တရွေ့ရွေ့ ခုတ်မောင်းနေသည်၊ န.အ.ဖ သည် အောင်ခြင်း များစွာရရှိရန် နှင့် အတွင်းအပြင်ကို အပြီးအသတ် ရှင်းလင်းရန် မနက် အရုဏ်ဦး၏ တုံးမောင်းခေါက်သံလို ကြားနေရပါပြီ…

၂၀၁၀ ရွေးကောက်ပွဲဒါဏ်ကို အဆိုးဆုံးခံစားရသည့် သူများကတော့ လက်နက်ကိုင်တဲ့ တိုင်းရင်းသား သူပုန်အဖွဲ့များ ဖြစ်နေသည်ကို တွေ့ရသည်။ ပြည်ပ မြန်မာ့အတိုက်အခံအဖွဲ့ အတော်များများကတော့ မြို့ပေါ်မှာ အများအားဖြင့် လှုပ်ရှားနေရသဖြင့် တော်ယုံနှင့် ဆိုးဆိုးဝါးဝါး ဒါဏ်မခံစား နိုင်လောက်ပါဟု ထင်မိပါတယ်။ အပြည့်အစုံသို့

စစ်တွေမှ နာမည်ကြီး နေရာ ၄ ခုတွင် လုံခြုံ အထူးတင်းကျပ်

၎၊၄၊၂၀၀၉

မောင်အေး (နိရဉ္စရာ) ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့မှ အထင်ကရ နေရာ ၄ ခုတွင် လုံခြုံရေးကို ယနေ့တွင် အထူးတင်းကျပ်ထားလိုက်သည်ဟု သတင်းရရှိသည်။ အပြည့်အစုံသို့

ကားတိမ်းမှောက်၍ သေဆုံးသွားသူများစာရင်း

၎၊၄၊၂၀၀၉

သောကြာနေ့က အမ်းမြို့မှ စစ်တွေသို့ အထွက် ရန်ကုန် ဘုရားဖူး ကားတိမ်းမှောက်၍ သေဆုံးသွားသူများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။ အပြည့်အစုံသို့

ဘုရားဖူးကား တိမ်းမှောက်၍ လူ ၁၇ ဦးသေဆုံး ၃၇ ဦးဒဏ်ရာရ

၎၊၄၊၂၀၀၉ ရန်ကုန်မှ ရခိုင်ပြည်နယ်သို့ လာရောက်သော ဘုရားဖူး ကားတစီး အမ်းမြို့အလွန်တွင် တိမ်းမှောက်သွားသဖြင့် လူ ၁၇ ဦးသေဆုံးပြီး ၃၇ ဦးဒဏ်ရာ ရရှိသွားသည်။ အပြည့်အစုံသို့


more

more

ရွေးကောက်ပွဲအတွက် ဝန်ကြီး ဦးဉာဏ်ဝင်း ငွေပေး္ဘပီး မဲဆွယ်

ထိုင်းစက်ရုံပိတ်ပစ်၍ မြန်မာ ၂၀၀ကေဵာ် အလုပ်လက်မဲ့ဖြစ်

2009-04-03

ထောက်လှမ်းရေးအရာရှိဟောင်း သမီး အသတ်ခံရ

ဗိုလ်တထောင်မြို့နယ်တွင်း ဖြစ်ပွားသော နှစ်လောင်းပြိုင် လူသတ်မှုတွင် အသတ်ခံရသူမှာ ယခင် ထောက်လှမ်းရေး အရာရှိတဦး၏ သမီးဖြစ်သည်ဟု ရဲသတင်းရပ်ကွက်နှင့် ပတ်ဝန်းကျင်နေသူများ အပြောအရ သိရ …

နေရပ်ပြန်ခွင့်ရရေး မလေးရှားရောက် မြန်မာများ ဆန္ဒပြ

မလေးရှား လူဝင်မှုကြီးကြပ်ရေးက စမှုံညင်း ထိန်းသိမ်းရေးစခန်း၌ ဖမ်းထားသည့် မြန်မာလုပ်သား ၁၈ဝ ကျော်သည် နေရပ်နိုင်ငံ ပြန်ပို့ရေးအတွက် ယမန်နေ့…

Photobucket

OUR LOGO

Photobucket

"တပ်မတော် အပေါ်မှာ စိတ်ကောင်း စေတနာကောင်း ကလွဲပြီး ဘယ်လိုမှ သဘော မထားပါဘူး။ အဲဒီ အစွဲဟာ ဒီတပ်မတော်ဟာ ကျမ ဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော် ဖြစ်နေတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်"

လာလည်ကြသူများ

ဘယ်နိုင်ငံက လာကြသလဲ

Enter your email address to subscribe to this blog and receive notifications of new posts by email.

Join 4 other subscribers

ရေးပေးခဲ့ချင်တာရှိရင်

ဒီမှာနှိပ်ပြီးရေးပေးခဲ့ပါ View shoutbox
ShoutMix chat widget